☘️ချာတိတ်☘️ Part 1(Z/U)

36.6K 867 18
                                    

ချာတိတ်   (အပိုင်း ၁)

‌မိုးလင်းလို့ မျက်စိနှလုံးပွင့်တာနဲ့ အိမ်ထဲမှာ ဆူညံနေအောင် သောင်းကျန်းနေသူက တစ်အိမ်သားလုံးရဲ့အချစ်တော်လေး ''ရောင်စဉ်လင်း''ပါ  ခုလည်း ညနက်မှအိပ်ရတဲ့ အစ်ကိုကြီးဖြစ်သူကို အောက်ထပ်ကနေ အော်ဟစ်နှိုးနေတာမို့ အမေဖြစ်သူဒေါ်ခင်နှင်း ကဆူနေခြင်းပါ

''အရောင် သားငယ် သားကိုကိုက ညကနောက်ကျမှအိပ်ရတာလေ ဘာလို့အော်နေတာလဲ''

''ဟာ မေမေကလည်း ခုပဲ ၈နာရီထိုးနေပြီ သားတောင်လမ်းထိပ်ကပြန်လာပြီလေ''

''အိပ်ပါစေ''

''ဟာ မရဘူး မရဘူးး  ကိုကိုရေ ကိုကိုလရောင် ကိုကိုရေ ကိုကို ကိုကို ကိုကို''

ဒေါ်ခင်နှင်းကို ဆင်ခြေပေါင်းစုံပေးပြီး အောက်ထပ်ကနေ အိမ်ပေါ်ထပ်ကိုလှေကားအတိုင်းပြေးတက်သွားကာ ပါးစပ်ကလည်း အစ်ကိုဖြစ်သူကိုအော်ဟစ်ခေါ်ရင်းပြေးတက်သွားသော သားငယ်ကိုကြည့်ကာ သူမခေါင်းသာခါနေမိပါတော့တယ်  ''ရောင်စဉ်လင်း''ဆိုတာ လုပ်ချင်တာ လျောက်လုပ်နေရရင် ကျေနပ်နေတာကိုး ဘယ်သူမှလည်းဂရုမစိုက်တတ်တဲ့ကောင်လေးပါ ဒီနှစ်ကျောင်းပြန်ဖွင့်တယ်ဆိုရင်ပဲ University တက်ရတော့မယ် ခုထိကလေးစိတ်ကမကုန်သေးဘူးလေ

''ကိုကို ကိုကိုလရောင်''

လရောင် ဘယ်လိုပင်ပေကပ်အိပ်နေပါစေ ရောင်စဉ်လင်းရဲ့ဒဏ်ကိုကြာကြာမခံနိုင်ပါဘူးး ခုလည်း လရောင် ကိုယ်ပေါ်တက်ခွပြီး မျက်လုံးတွေနားတွေကို အတင်းလိုက်နှိုက်နေတာကြောင့် လရောင်လည်းဆက်မအိပ်နိုင်တော့ပါ

''အရောင် ငါသေတော့မယ်ကွာ အိပ်ကောင်းခြင်းမအိပ်ရပါ့လားကွာ ဟူးး''

''နေဖင်ထိုးနေပြီ ထသင့်ပြီလေဗျ မဟုတ်ရင် ကိုယ်စောင့်နတ်က ကျိမ်တယ်တဲ့ ကိုကိုသိလားး အရောင်လေးတောင် လမ်းထိပ်ကနေပြန်ရောက်တာကြာပေါ့''

''အင်းးးး ကိုကို့အပေါ်ကဆင်းတော့လေ မထနိုင်ဘူးး''

''ဟုတ် ''

''ကိုကိုရေချိုးဦးမယ် အဝတ်လေးထုပ်ထားပေးနော် ချစ်ညီလေး ''

Default Title - ချာတိတ်  (Complete)Where stories live. Discover now