🍀ချာတိတ်🍀Part 12

1.2K 75 0
                                    

ချာတိတ်  (အပိုင်း ၁၂)

ပြိုင်ပွဲ ကိစ္စတွေအားလုံးပြီးချိန် ရောင်လေးကို ရှာကြည့်တော့ အခန်းပြင်သို့ ထွက်သွားလေပြီ။ အခန်းထဲမှာလည်းစကားမပြောဘူး ခုလည်းမခေါ်မပြောပဲ ထွက်သွားပြန်တဲ့ ရောင်လေးအနောက်ကို မင်းဆက် အပြေးလိုက်ချော့ရပြန်လေသည်။မနက်က သူ့ကို့ကိာယ်က တစ်ယောက်ထဲ ထားပစ်ခဲ့တာကိုး စိတ်ဆိုးနေတာမဆန်းပေ။

''ရောင်လေး ''
''ဘာလဲ မင်းဆက် ငါ့ကိုစကားလာမပြောနဲ့လို့ပြောထားတယ်လေ''
''ရောင်လေးကလည်း ငါ ငါမင်းနဲ့မခေါ်ပဲမှမနေနိုင်တာ''
''ငါကတော့ နေနိုင်တယ် ဟေ့ကောင်ရ''
''ရောင်လေးး''
''လိုက်မလာနဲ့ ကျန်ခဲ့''
''အွန်း''

ကျန်ခဲ့ဆိုတာကြောင့် ရပ်ကျန်ခဲ့ရသည်။ဆက်လိုက်သွားရင် ပိုဆိုးပေလိမ့်မည်။
'ဒီကောင်တစ်ကယ်စိတ်ဆိုးနေတာပဲ ဘယ်လိုလုပ်ရမလဲ စိတ်ညစ်လိုက်တာ ကျွန်တော်မှမနေနိုင်တာ ရောင်လေးနဲ့စကားမပြောရရင်မနေနိုင်ပါဘူးဆို '
"""""""""""""

''အရောင်လေး မျက်နှာကြီးကဆူပုတ်နေတာပဲ ဘာဖြစ်လာတာလဲ ''

ကားထဲကို ဆောင့်အောင့်ဝင်လာထိုင်ပြီး ဆူပုတ်နေသည့် ညီလေးကိုကြည့်ရင်း လရောင်မေးလိုက်မိသည်။ဒါကို ကိုယ်ပါအအော်ခံလိုက်ရလေသည်။

''ဘာမှမဖြစ်ဘူး မောင်းမှာသာမောင်းစမ်းပါ စကားကိုများတယ်''
''အော် အေးပါကွာ''

ဒေါ်ခင်နှင့် ကြည့်နေတာကြာပြီ အိမ်ထဲကို ဝင်လာထဲက ဘယ်သူ့မှစကားမပြောပဲ ထိုင်နေတဲ့သားလေးကို ဒီညီကိုတွေ စကားများလာကြပြီထင်သည်။ သားကြီးကိုမေးလိုက်တော့ ဘာမှမဖြစ်ဘူး ကျောင်းထဲကထွက်လာထဲက ခုလိုဖြစ်နေတာဟု ပြောလာတာကြောင့် သားငယ်လေးအနားကို ဒေါ်ခင်နှင်းဝင်ထိုင်လိုက်ရင်း သားကိုယ်လေးအား ဖက်ထားပေးလိုက်ပြီး ဖြစ်ကြောင်းကုန်စင်မေးရသည်။

''သားငယ်လေး ရောင်လေး ဘာဖြစ်လို့လဲ မေမေ့ကိုပြော''
''အဟင့် မေမေ ''

ရင်ခွင်ထဲတိုးဝင်လာတဲ့သားကိုယ်လေးကိုပြန်ဖက်ထားရင်း ခေါင်းလေးကိုပါ လက်နှင့်သတ်ပေးကာ ချောရလေတော့သည်။မိမိသားငယ်လေး အတော်ဝမ်းနည်းနေရှာသည် မဟုတ်လား။

Default Title - ချာတိတ်  (Complete)Where stories live. Discover now