🍀ချာတိတ်🍀Part 21(Z/U)

1.3K 56 0
                                    

နိဒါန် မနေ့က မြို့ထဲသွားရင်း စာအုပ်ဆိုင်ဝင်ဖြစ်တယ်  အသစ်ထွက်တဲ့စာအုပ်တစ်ချို့ဝယ်လာဖြစ်တာကြောင့် ဒီနေ့တော့ ဝယ်လာတဲ့စာအုပ်လေးတွေဖတ်နေဖြစ်သည်။ ကျောင်းကလဲ နောက်၂ရက်နေမှဖွင့်မှာဆိုတော့ ဒီရက်တွေ အားနေတာနဲ့ စာထဲစိတ်နှစ်ပြီးဖတ်နေမိလိုက်တာ  အိမ်ရှေ့က ကားသံကိုပင်သတိမထားမိလိုက်ပေ။ မီးဖိုခန်းထဲကနေမေမေလှမ်းအော်သံ​ကြားမှသတိဝင်လာတော့သည်။

"သားရေ  နိဒါန်း ဟဲ့ သား"
"ဗျာ မေမေ ခေါ်တာလား"
"အေး အိမ်ရှေ့မှာကားသံကြားတယ် သွားကြည့်လိုက်ဉီး တစ်ကတည်း အိမ်ရှေ့ခန်းထိုင်နေပြီး ဘာဖြစ်နေတာလဲ သားရယ်"
"စာထဲစိတ်ရောက်နေလို့ပါ မေမေရဲ့ သားထွက်ကြည့်လိုက်ပါ့မယ်"

အိမ်ရှေ့ကို ခပ်သုတ်သုတ်လေးထွက်ကြည့်လိုက်တော့ ပိုးဥကားလဲမဟုတ် ဘယ်သူလဲဆိုပြီးရပ်ကြည့်နေတုန်း ကားပေါ်ကဆင်းလာတဲ့ကောင်လေးနှစ်ယောက်ကြောင့် နည်းနည်းတော့အံ့သြသွားရသည်။

လရောင်နှင့်ရောင်လေး ကားပေါ်ကဆင်းပြီ လရောင် အိမ်ရှေ့မှာရပ်နေတဲ့ အစ်ကို့ကိုအရင်ဆုံးနှုတ်ဆက်လိုက်သည်။ ရောင်လေးကတော့ ကားပေါ်ကဆင်းထဲက အစ်ကိုစိုက်ထားတဲ့ပန်းတွေဆီပြေးသွားလေပြီ။

"အစ်ကို နေကောင်းလားဗျ ဟို ကျွန်တော်တို့လာလို့ အနှောက်အယှက်တော့မဖြစ်ပါဘူးနော်"

ဂုတ်ကိုလက်တစ်ဖက်ကပွတ်ရင်း အားနာနေဟန်နဲ့စကားဆိုနေတဲ့ လရောင်ကိုကြည့်ပြီး နိဒါန်းပြုံးလိုက်မိသည်။ဒီကောင်လေး အားနာနေတာထင်ပါရဲ့။

"မဖြစ်ပါဘူးကွာ လာ အိမ်ထဲဝင် ဒါနဲ့ ကိစ္စရှိလို့လား လရောင်တို့က"
"ဗျာ မရှိပါဘူး ရောင်လေးက အန်တီဆီလာလည်ချင်လို့ အတင်းပူဆာနေတာနဲ့ လိုက်ပို့ရတာပါဗျာ"
"ဒါဆို လရောင်ကမလာချင်ဘူးပေါ့ ကိုယ့်အိမ်ကို"
"အဲ့လိုလဲမဟုတ်ပါဘူး အားနာလို့ပါ"
"လာ ထိုင်ဉီး မေမေက မီးဖိုခန်းထဲမှာ ကိုယ်ခေါ်ပေးမယ်"
"ဟုတ်ကဲ့ဗျ "
"မေမေရေ မေမေ အပြင်ခဏထွက်လာခဲ့ပါဉီး ဒီမှာ ဘယ်သူတွေရောက်နေလဲလာကြည့်ပါဉီး"
"ဟေ ဘယ်သူတွေလဲ "

မီးဖိုခန်းထဲက ထွက်လာတဲ့အန်တီက လရောင်ကိုမြင်တော့ အနားသို့လာကာ...

Default Title - ချာတိတ်  (Complete)Tempat cerita menjadi hidup. Temukan sekarang