🍀ချာတိတ်🍀Part 20(Z/U)

1.1K 54 0
                                    

မင်းဆက်ပိုင်ဆိုတဲ့ကောင်လေး လူကိုတော်တော်ဒုက္ခပေးတယ် "ချစ်တယ်"တဲ့လား မဖြစ်နိုင်တာ ဘယ်လိုပဲစဉ်းစားပါစေ မဖြစ်နိုင်ဘူးမလား စိတ်ရှုပ်တာကလွဲလို့ ဘာအဖြေမှတိတိကျကျထွက်မလာပေ ကျွန်တော် သူ့ကိုမုန်းလားဆိုတော့လဲ မမုန်းဘူး  ဒါဆို ချစ်လားဆိုတော့လဲ မချစ်ဘူး   ဘာလုပ်ရမလဲဗျာ...

ခုတစ်လော ရောင်လေး ကိုကိုလရောင်ကိုကြည့်ရတာ စိတ်နဲ့လူနဲ့မကပ်သလိုပဲ အတွေးလွန်နေတဲ့သူလိုဖြစ်နေသည်။  ရောင်လေးသတိထားမိပေမယ့် မမေးပဲကြည့်နေခဲ့တာ ခုလည်း အိမ်ရှေ့က ခုံလေးပေါ်မှာထိုင်ပြီး အပြင်ကိုငေးနေတာမို့ ကိုကို့အနားသွားထိုင်ရင်း သိချင်တာတစ်ချို့မေးရတော့မည်။

"ကိုကို "
"ဟင်"
"ဘာတွေ တွေးနေတာလဲ "
"မတွေးပါဘူးကွာ ကိုကိုက ဒီတိုင်းပျင်းလို့ထိုင်နေတာ"
"မညာတတ်ပဲနဲ့ညာနေတယ် ရောင်လေးသိပါတယ် ကိုကိုတစ်ခုခုဖြစ်နေတယ်မဟုတ်လား  ရောင်လေးကိုပြောပြနော် ရောင်လေးကတိပေးတယ် ဖေဖေနဲ့မေမေ့ကိုပြန်မပြောဘူးလေ နော် ပြောပါကိုကိုရယ်နော် "

ရောင်းလေး ကိုကို့လက်လေးကိုကိုင်ပြီး ကိုကိုဘာဖြစ်နေတယ်ဆိုတာပြောပြဖို့တောင်းဆိုမိသည်။
ကိုကိုက ရောင်လေးဘက်ကိုမျက်နှာမူလိုက်ပြီး သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွလေးချရင်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြလာလေသည်။

"ရောင်လေး"
"ဟုတ်ကဲ့ကိုကို"
"ကိုကိုဘာလုပ်ရမလဲဟင် "
"ဟမ် ဘာဖြစ်နေတယ်ဆိုတာသိမှ ကိုကိုဘာလုပ်ရမယ်ဆိုတာကို ရောင်လေးကပြောပြလို့ရမှာပေါ့ကိုကိုရဲ့"
"ဟိုလေ ဟို  "
"ဟာ ပြောပါဆိုကွာ ဟိုတွေ ဒီတွေလုပ်မနေနဲ့ ကိုကိုနော် ရောင်လေးကိုမှမပြောရင် ကိုကိုဘယ်သူ့ကိုသွားပြောမှာလဲ"
"အင်း  ဟိုကောင်လေး မင်းဆက်ပိုင်ကလေ  သူက  ကိုကိုလရောင်ကို ချစ်တယ်တဲ့ အဲ့တာ"
"အော် အဲ့တာကြောင့် ငါ့ကိုကိုက ခုလိုကြီးဖြစ်နေတာကိုး ပြောပါဉီး ဘယ်တုန်းကအပြောခံလိုက်ရတာလဲ "
"ဟိုနေ့က မေမေ့ဆိုင်မှာတွေ့တဲ့နေ့က ပြောတာ  ကိုကိုမသိဘူး ကိုကိုက Gayမဟုတ်ဘူး သူ့ကိုလဲ ညီလေးတစ်ယောက်လိုပဲ သဘောထတာ ပြီးတော့ ယောကျာ်းတစ်ယောက်က အခြားယောကျာ်းတစ်ယောက်ကိုချစ်လာဖို့ဆိုတာမလွယ်ဘူးထင်တယ်"
"ကိုကိုကလည်း အချစ်မှာ လိင်တူ လိင်ကွဲသတ်မှတ်ချက်တွေမရှိပါဘူး ရောင်လေးဆိုလဲ ဉီးကိုချစ်တာပဲလေ မင်းဆက်ကလည်း ကိုကို့ကိုယ် တစ်ကယ်ချစ်တာပါ ရောင်လေးသိတယ် ဒါပေမယ့်  ကိုကို့ရင်ထဲကခံစားချက်အတိုင်းဆုံးဖြတ်ပါကိုကို    ပြီးတော့  မင်းဆက်ကို ကြိုးစားခွင့်ပေးလိုက်ပါကိုကို"
"အင်း "
"အဲ့လို ငိုင်တိုင်တိုင်ကြီးမနေပါနဲ့ကိုကိုရယ်နော် အချိန်က အဖြေပေးလိမ့်မယ် အဲ့လောက်ခံစားမနေနဲ့ လာ ထ  အိမ်ထဲဝင်ရအောင်နော်"
"အင်း ကိုကို့ကလေးလေးတောင်  လူကြီးဖြစ်လာပြီထင်တယ် "
"ဟုတ်ပါဘူး ရောင်လေးက ကိုကို့အတွက်ဆို အမြဲတမ်းကလေးလေးပါပဲနော် "
"ဟာ ပါးလေးကိုဖောင်းနေတာပဲ ချစ်လိုက်တာကွာ မွ"
"ရောင်လေးလဲ ကိုကို့ကိုယ် ချစ်တယ် မွမွ"

Default Title - ချာတိတ်  (Complete)Where stories live. Discover now