🍀ချာတိတ်🍀Part 13(Z/U)

1.2K 65 0
                                    

ချာတိတ်  (အပိုင်း ၁၃)

မနက်ဖန်ဆို Wellcome ပွဲရောက်ပြီ ဒီနေ့ ပွဲမှာပါတဲ့ ကျောင်းသူ ကျောင်းသားတိုင်း မနားတမ်းကြိုးစားနေကြရသည်။  ရောင်စဉ်လင်းနဲ့ မင်းဆက်ပိုင် အပါအဝင်ပေါ့ ။

အစကတော့ ဒီပြိုင်ပွဲမှာအရောင်မပါချင်ပေ။ ချစ်ရတဲ့သူရဲ့ဖြစ်စေချင်တဲ့ဆန္ဒအတွက် အရောင်ဒီပွဲမှာပြိုင်ရမယ်  ဦးနဲ့နီးစပ်ဖို့ ဦးနဲ့ပတ်သက်ခွင့်ရဖို့က ရောင်လေးကြိုးစားရမည်။

''ချာတိတ်''

အရောင်အတွေးလွန်နေတုန်း အနားကိုရောက်နေတဲ့ဦးရဲ့ခေါ်သံကြောင့် အတွေးတို့ကလွှင့်စင်သွားလေတော့သည်။

''ဗျာ ဆရာ''
''ဘာတွေဒီလောက်တောင်တွေးနေတာတုန်း ခေါ်မကြားအော်မကြား''
''ဟို မနက်ဖန်အတွက် စင်ပေါ်တက်ရမှာကြောက်လို့ ''
''ဘာကြောက်စရာရှိလို့လဲ ကိုယ်တစ်ယောက်ထဲမှမဟုတ်တာ ''
''ဒါတော့ ဒါပေါ့ ဦးရ''
''အဟားး  တွေးမနေနဲ့ အဆင်ပြေသွားလိမ့်မယ်ချာတိတ်  ရော့ အအေးသောက်လိုက် မင်းအတွက်ဝယ်လာတာ''
''ကျေးဇူးတင်ပါတယ် ဆရာ''
''ဒီမှာချာတိတ် မင်းငါ့ကို ဦးခေါ်လိုက် ဆရာခေါ်လိုက်နဲ့ကွာ ရှုပ်နေတာပဲ''
''အမှန်တော့လေ ဦးလို့ပဲခေါ်ချင်တာ သူများတွေရှေ့မှာဆို ဟို မသင့်တော်ဘူးလေ ဦးရဲ့''
''အေးပါကွာ မင်းခေါ်ချင်သလိုသာခေါ် ကဲ ငါသွားပြီး''

ထထွက်သွားတဲ့ ဦးလက်ကို ရောင်လေး လှမ်းဆွဲလိုက်ရင်း ဉီးမျက်နှာအား မော့ကြည့်ကာ...

''ဦး မနက်ဖန် ပွဲကို ဦးလာမယ်မလား''
''အင်း လာမှာပေါ့ ချာတိတ်ကိုလာအားပေးရမယ်လေ မဟုတ်ဘူးလား မင်းနံမည်စာရင်းကို ထည့်လိုက်တဲ့သူက ငါမို့''
''ဟုတ်ကဲ့''

'''''''''''''''''''''''
'ဟူးးးမောထှာ ဟိုကောင်အရောင်လေးက ငါ့ကိုမခေါ်သေးဘူး စရောက်တည်းက ငါ့ကိုလှည့်တောင်မကြည့်ဘူး နေနိုင်လိုက်တာ ထားလိုက်တော့ နေ့လည်ကျမှ သွားထပ်ချော့ရမယ်
ခုချိန် ကိုကိုလရောင် မျက်နှာလေးသာမြင်လိုက်ရရင် ပင်ပန်းတာတွေပျောက်ကုန်မှာအသေချာပဲ အားးလွမ်းလာပြီကွာ  အရင်ကဆို ညနေတိုင်း ကိုကိုလရောင်ကိုကျောင်းရှေ့မှာတွေရတယ် စကားလဲပြောရတယ် ခုတော့ ဟိုအရောင်စုတ်က ကျောင်းကို သူ့ဘာသာလာတယ်တဲ့လေ ယုတ်မာချက်ကလွန်ရော တွေ့ချင်လိုက်တာ ကိုကိုရာ.....
ဟာ ဟုတ်သားပဲ ဖုန်းဆက်လို့ရနေတာပဲ မျက်နှာလေးမတွေ့ရလဲ အသံလေးနဲ့အလွမ်းဖြေရမယ် '
ထို့နောက်တော့ ဖုန်းလေးအားယူကာ ကိုကိုဟူသော နံမည်လေးအား ထိကာ ဖုန်းခေါ်လိုက်လေသည်။

Default Title - ချာတိတ်  (Complete)حيث تعيش القصص. اكتشف الآن