🍀ချာတိတ်🍀Part 15 (Z/U)

1.2K 66 0
                                    

အိမ်ပြန်ရောက်တဲ့အချိန်ထိ ကားပေါ်မှာ အိပ်နေဆဲဖြစ်တဲ့ ညီလေးကို မနှိုးတော့ပဲ အိမ်ထဲလရောင် ပွေ့ချီပြီးခေါ်လာခဲ့လိုက်တော့သည်။လရောင် ညီလေးကို ချီ၍ ဝင်လာသည် ကိုမြင်တဲ့ မေမေနဲ့ဖေဖေက စိုးရိမ်နေသည့် ပုံစံများဖြင့် အနားကိုအပြေးရောက်လာကြသည်။

''ဟယ် သားငယ်လေး ''
''ဘာဖြစ်တာလဲသားတို့''
''ဘာမှမဖြစ်ပါဘူး ဖေဖေနဲ့မေမေရဲ့ ပင်ပန်းလို့ထင်တယ်အိပ်နေတာ သားသွားသိပ်လိုက်ဦးမယ်နော်''
''အေးသား သွားသွား ''

နှစ်ခြိုက်စွာ အိပ်နေသည့် ညီလေးကို နိုးမသွားစေရန် ကုတင်လေးပေါ်အသာယာတင်ပြီး စောင်လေးခြုံပေးလိုက်လိုက်သည်။ထို့နောက် ပါးလေးတစ်ဖက်ကို ငုံ့နမ်းလိုက်တော့ ကိုယ်လေးတစ်ချက်တွန့်သွားပြီးပြန်အိပ်ပျော်သွားလေသည်။ အပူအပင်ကင်းစွာ အိပ်နေသည့် ကလေးငယ်လေးကိုကြည့်ရင်း လရောင်တီးတိုးရေရွက်လိုက်မိသည်။
'' ဒီလိုအပူပင်ကင်းကင်းနဲ့ အမြဲတမ်းပျော်ပျော်နေပေးပါ ကလေးငယ်''

ကုတင်ထက်ကကောင်ငယ်လေးကတော့ ချစ်ရတဲ့လူတစ်ယောက်နဲ့အတူ အိမ်မက်ကမ္ဘာလေးထဲမှာသာယာနေလေရဲ့...

လရောင်ညီငယ်လေးအခန်းထဲကနေထွက်လာပြီး အောက်ထပ်ကိုဆင်းလာခဲ့ကာ ဖေဖေနဲ့မေမေတို့ ထိုင်နေသည့် အနားသို့ လှမ်းသွားလိုက်သည်။
''ဖေဖေ မေမေ''
''လာ သားလေး ထိုင်ပါဦး''
လရောင် မေမေနဲ့ဖေဖေ့အနားဝင်ထိုင်လိုက်ရင်း...

''ဘာပြောစရာရှိလို့လဲမေမေ''
''မရှိပါဘူးသားရယ် အမြဲတမ်းညီလေးကိုပဲဦးစားပေးနေရတာရယ် ဖေဖေ့အတွက် မျက်နှာလွှဲလို့ရလောက်အောင် အလုပ်တွေကြိုးစားရတာရယ်တွေကြောင့် မေမေတို့ကလေးက မေမေတို့အနားသိပ်မနေရဘူးလေ အရင်ကလို မေမေ့အနားမှာညီလေးနဲ့အပြိုင်ကပ်ချွဲပါဦးလားဟင်''
''မေမေ''

မေမေဟုခေါ်ကာ ရင်ခွင်ထဲတိုးဝင်လာသည့်ကလေးငယ်ဟာ သိပ်ကိုသိတတ်နားလည်လွန်းပြီး မိသားစုကိုမျက်နှာတစ်ချက်အပျက်မခံတဲ့သားလေးပါ။
ရင်ခွင်ထဲဝင်တိုးလာသည့် သားကို ဒေါ်ခင်နှင်းဖက်ထားပေးရင်း ခေါင်းလေးကိုသပ်ပေးလိုက်တော့ သားက မျက်ရည်တွေကျနေလေရဲ့...
''သား မငိုရဘူးလေ ကလေးရဲ့ ''

Default Title - ချာတိတ်  (Complete)Where stories live. Discover now