☘️ချာတိတ်☘️ Part 6 (Z/U)

4.6K 313 6
                                    

''ချာတိတ်'' (အပိုင်း ၆)

ကျောင်းသွားဖို့ အသင့်ပြင့်ကာ ထမင်းစားခန်းသို့ သွား၍ ဖေဖေနှင့် မေမေ့အား အရောင် နှုတ်ဆက်လိုက်လေသည်။

''မေမေ ဖေဖေ သားကျောင်းသွားတော့မယ်''
''သားငယ်လေး မနက်စာလေးတော့ စားသွားဦးလေ ''
''မစားတော့ဘူး ကျောင်းရောက်မှ တစ်ခုခုစားလိုက်တော့မယ်''
''အေးအေးသားလေးသွား''
''မေမေ ကိုကိုရော ''
''အပြင်မှာလေ သားကိုစောင့်နေတယ်''
''ဟုတ်ကဲ့''

'''''''''''''''''''''
ကျောင်းသွားသည့် လမ်းတစ်လျှောက် ကားပေါ်၌ ညီအစ်ကိုနှစ်ယောက် စကားတစ်ပြောပြောနှင့် ထွက်လာခဲ့ကြသည်။
မိမိချစ်ရသည့် ညီငယ်လေး၏ Crushကိုလဲ လရောင် မြင်ဖူးခြင်မိသည်။ ဆရာတစ်ယောက်ပေမို့ အနည်းငယ်တော့ စိတ်အေးရသည်။

''အရောင်လေး ''
''ဗျာ''
''မင်းရဲ့ ဦးဦးဆရာဆိုတဲ့လူကို ငါမြင်ဖူးချင်တယ် ငါတို့အရောင်လေးကြွေဆင်းသွားရလောက်အောင်ချောတဲ့သူဆိုတော့လေ''
''ဟိဟိ နောက်တော့တွေ့ရမှာပေါ့ကိုကိုရ''
''အင်း စာကောင်းကောင်းသင်နော် ကြားလား''
''ဟုတ်ကဲ့ ကိုကို တာတာ့''
''အင်း''

အရောင်ကျောင်းခန်းထဲဝင်လာပြီး ကိုယ့်နေရာမှာဝင်ထိုင်ရင်း မနေ့ကအဖြစ်အပျက်ကိုပြန်တွေးပြီးစိတ်ထဲရှုပ်လာတာမို့ အခန်းဝမှာတံခါးကိုကျောမှီကာရပ်နေရင်း အတွေးတို့ကဟိုတစ်စဒီတစ်စဘာတွေးလို့တွေးမှန်းမသိလျောက်တွေးနေမိသည်။ထိုအချိန် အနောက်ဘက်မှ ထွက်လာသည့် စကားသံကြောင့် လှည့်ကြည့်မိတော့ သဲစုဇော်ဆိုသည့် ကောင်မလေးဖြစ်နေလေသည်။ကျောင်းစတက်တဲ့ရက်မှာတင် ထိုစွာစိလန် အော်ပီကျယ်ကို မသိသူမရှိပေ"အခုလည်း မိမိအား ဘာတွေလာပွားဉီးမည်မသိပေ။မိသဲစုနဲ့တော့ လွတ်ကိုမလွတ်တာပါပဲ။

''အဟမ်း အချိန်တန်ရင်ကိုကိုကလာမှာပါ ကလေးရယ် အပေါက်ဝကြီးမှာတော့ရပ်ပြီးမျှော်မနေပါနဲ့ ခြေထောက်တွေညောင်းနေမှာပေါ့လို့''
''ဟမ် ဘာတွေလာပြောနေတာလဲ ငါကဘယ်သူ့မျှော်ရမှာလဲ''
''ကလေးကလည်း ဒီကမမကသိပါတယ်နော် ကလေးရဲ့ကိုကိုမင်းဆက်ကိုမျှော်နေတာမလား''
''ဟာ ငါကဘာလို့မင်းဆက်ကိုမျှော်ရမှာလည်း ပြီးတော့ဘာကိုကိုလည်း သဲစုမနော် ပေါက်ကရတွေ''
''ဟားးးရှက်မနေပါနဲ့သားရယ် သားက Ukeလေးဆိုတာ မားသိပါတယ် ဟင်းဟင်း Semeကြီးမင်းဆက်ရဲ့ကလေးလေး ''
''ဟာ နင်ဘာတွေပြောနေတာလဲဟာ ငါနဲ့မင်းဆက်ကသူငယ်ချင်းတွေ နင်ထင်သလိုမဟုတ်ဘူး''
''ဟုတ်လို့လား''
''ဟုတ်ပါတယ်ဆို ပြီးတော့ငါ့မှာချစ်ရမယ့်သူရှိတယ်''
''ဘာ တစ်ကယ်လား ဘယ်သူလဲ ဘယ်ကလဲ အခန်းထဲကလား ဒီကျောင်းကပဲလား Boyလား Girlလား ပြောစမ်းပါ''

Default Title - ချာတိတ်  (Complete)Where stories live. Discover now