🍀ချာတိတ်🍀Part 22(Z/U)

4.1K 112 10
                                    

အခု ကျွန်တော့်အရှေ့မှာမြင်နေရတာက သူမ ကျွန်တော့် ရင်ထဲက သူမ နှစ်နဲ့ချီပြီးလွမ်းခဲ့ရတဲ့သူမတဲ့လား နောက်ဆုံးတော့ ကျွန်တော်တို့ပြန်ဆုံရပြီပေါ့ ...

မေ့လို့မရခဲ့ရပါသော ကျွန်မဘဝရဲ့အချစ်ဉီး ကျွန်မသိပ်ကိုလွမ်းခဲ့ရတဲ့ကောင်းလေးမှဟုတ်ပါလေစ ပြန်တွေ့ရပြီပေါ့ "လလေး" မမပိုး ရဲ့ လလေး ...

တစ်ယောက်ကိုတစ်ယောက် ကြောင်ငေးကြည့်နေကြတဲ့ မမနဲ့ကိုကို ဘာမှကိုနားမလည်သလို ရပ်ကြည့်နေတဲ့ဉီး တိတ်ဆိတ်နေတဲ့အခြေအနေကို စတင်ဖြိုခွင်းလိုက်သူက ရောင်လေး...

"ကိုကို နဲ့ မမက သိနေကြတာလား ဟင် ကိုကို ကိုကိုလရောင်ရေ"

အရောင်ခပ်ကျယ်ကျယ်လေး ခေါ်လိုက်တော့မှသတိဝင်လာကြတဲ့သူသုံးဉီး
ကိုကိုကလဲ စာအုပ်လေးတြွေပန်ကောက်လို့ အရှေ့ကနေထွက်သွားလေရဲ့ မမကလဲ ကားသော့လေးပြန်ယူရင်း ဉီးဘက်လှည့်ကြည်ပြီး မွေးနေ့လာဖိတ်ကြောင်းပြောပြနေတာမို့
အရောင်လေးကတော့ စိတ်နဲ့လူမကပ်သလိုဖြစ်နေတဲ့ ကိုကို့နောက် အပြေးလိုက်သွားရပါတော့သည်။

"မွေးနေ့ကိစ္စလာပြောတာ မောင်"
''အင်း လာလေပိုးရဲ့ အေးဆေးနေပြီးမြှပန်လေ လာ ထမင်းစားသွားဉီး"
"ဟို ရပါတယ်မောင်ရယ် ဧည့်သည်တွေရောက်နေတာ အားနာစရာကြီး ပိုးလဲ တစ်ခြားကို ဖိတ်စရာရှိသေးတယ် နောက်မှအေးဆေးလာတော့မယ် သိလားမောင် ခုတော့သွားပြီနော် အန်တီကိုလဲ ပိုးကနှုတ်ဆက်တယ်ပြောပေးဉီး''
''အင်းပါ ဂရုစိုက်ပြန်နော် မောင့် ချစ်သူလေး''
"ဟုတ်ကဲ့ အော် မောင် မွေးနေ့ပွဲကို ရောင်လေးကိုပါခေါ်လာခဲ့နော် "
"ဟမ် အင်းပါ"
''သွားပြီနော်မောင် See you''
"""""""""

စိတ်နာနေပြီလား လလေးရယ် မမမှာလဲ အခက်ခဲတွေရှိခဲ့လို့ပါကွယ် လလေးကိုရှင်းပြချင်တယ် လလေးကျေနပ်တဲ့အထိမမတောင်းပန်ချင်တယ် တမင်ရှောင်ပြေးခဲ့တာမဟုတ်ပါဘူးကွယ်...
ပိုးဥ ကားကိုသာမောင်းနေတာ ဘယ်သွားလို့သွားနေမှန်းမသိ ရင်ထဲဆို့နင့်လာတဲ့ခံစားချက်ကြောင့် ကားကိုလမ်းဘေးထိုးရပ်လိုက်ပြီး ပိုးဥ ငိုကြွေးနေမိပါတော့သည်။
နာကျင်လိုက်တာ ချစ်ရတဲ့သူဆီကရလိုက်တဲ့ စိမ်းကားတဲ့အပြုအမူတွေကလေ နာကျင်လိုက်တာ အင်းပေါ့လေ စိတ်နာသင့်ပါတယ် ဘာတစ်ခွန်းမှမပြောခဲ့ပါပဲ နှုတ်တောင်မဆက်ခဲ့ပါပဲ ထွက်သွားတဲ့လူတစ်ယောက်ကို သူနာကျည်းသင့်ပါတယ် မောင်သာ ကျွန်မရဲ့သက်ဆိုင်သူဆိုတာကို လလေးသိသွားရင် သူကျွန်မကို စိတ်နာသွားလေမလား မုန်းသွားမယ်ထင်တယ် ဟင့်အင်း ကျွန်မမောင့်ကိုချစ်ပါတယ် ဒါပေမယ့် လလေး လလေးကိုပိုတယ် ဘယ်တုန်းကမှမေ့မရခဲ့သလို အမြဲလွမ်းနေခဲ့ရသူက လလေးပါ ကျွန်မဘာလုပ်ရမလဲ ကျွန်မဘာဆက်လုပ်ရမလဲမသိတော့ပါ။
'''''''''''''''''''''''''''''''

Default Title - ချာတိတ်  (Complete)Where stories live. Discover now