Poohကတော့ပြန်လာရင် သူပြောတာနားမထောင်လို့ နားပူနားဆာလုပ်ဦးမလားပဲ။

သူPoohနဲ့အဆက်သွယ်ပြတ်နေတာ၂ပတ်လောက်ရှိပြီ ဇာတ်လိုက်ကိုစောင့်ကြည့်ခိုင်းထားတော့လည်းအနားမှာဘယ်နေနိုင်ပါ့မလဲ။

Poohကတော့ အရေးပေါ်အခြေအနေအတွက်သူ့ကိုခေါ်ဖို့ spaceထဲမှာ ခလုတ်တစ်ခု လုပ်ပေးခဲ့တယ်။

အခုထိတော့သုံးဖို့မလိုသေးဘူး။

ဒီနှစ်ပတ်အတွင်းတခြားအရာတွေလည်းတော်တော်သိလိုက်ရသေးသည်။

သူ့နန်းဆောင်အတွင်းလည်းတော်တော်လေးပြောင်းလဲလိုက်သည်။

ရှဲ့စစ်ရန် သူ့အဆောင်ရှိ အထိန်းတော်နဲ့အပျိုတော်တွေအားလုံး အစောင့်တွေကိုပါ လူလဲပစ်သည်။

အရင်လိုသေရည်လည်းမသောက် အပျိုတော်တွေနဲ့လည်းမပျော်ပါးတော့သည့် အိမ်ရှေ့စံက တစ်ချိန်လုံး မင်းသားငယ်နှင့်အဖော်ပြုပေးနေသောကြောင့် နန်းတွင်းတစ်ခုလုံး အိမ်ရှေ့စံသတင်းတွေက နေရာတိုင်းပြန့်လျက်။

ဒီကြားထဲ ဘဏ္ဍာရေးနဲ့အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်သည့် စာရင်းစာအုပ်တွေကိုပါ ဖတ်လာသောအိမ်ရှေ့စံကြောင့် နန်းတော်တစ်ခုလုံး ကြွပ်ကြွပ်ညံလျက်။

ရှဲ့စစ်ရန်ကတော့ နန်းတော်တွင်း အခြေအနေတွေကို ယခုထိမသိသေးဘဲ ကလေးငယ်နှင့် အချိန်ဖြုန်းလျက်ရှိသည်။

ဒီနန်းတွင်းထင်ထားတာထက် ရှဲ့စစ်ရန်ကိုခေါင်းပိုစားစေသည်။

မူလ ရှဲ့စစ်ရန်က အိမ်ရှေ့စံတာဝန် နဲ့ဆိုင်တာတွေကို တစ်ခါမှမလုပ်ခဲ့ဖူး။

အရင်ရှဲ့စစ်ရန် စိတ်ထဲတွင်ရှိသည်က မုဖေးယွဲ့တစ်ယောက်ထဲ။

သူ့ကြောင့်စိတ်ဒဏ်ရာရတော့ အရင်လို သုံးစားမရတဲ့သူအဖြစ်သာပြန်နေလေတော့ တာဝန်တွေလစ်ဟင်းတာမဆန်းပါဘူးလေ။

ယခုသူရောက်လာတဲ့အချိန်ကစပြီး ထျန်းရှကို တိုင်းပြည်အခြေအနေ ဘဏ္ဍာရေးအခြေအနေ အုပ်ချုပ်ရေးအစ အကုန်မေးသည်။

လိုအပ်သည့်စာရင်းစာအုပ်တွေကိုလည်း ရှာခိုင်းရသေးသည်။

Rebounding System(OC)Where stories live. Discover now