မင်းတောင်းဆိုတာကို
ကိုယ်လိုက်လျောပေးတယ် သိလားမောင်။ငါ မင်းနေတဲ့
မြို့ကို ငါဘယ်တော့မှ မလာတော့ဘူး။မင်းတို့မြို့ရဲ့မြေကို နင်းတာနဲ့
မင်းရဲ့ဝိဉာဉ်က ကျိန်းသေပေါက် နာကျင်နေမှာလေ။ငါ့ကိုမစောင့်ဘူး မိန်းမယူပြီး ကလေးတွေ ဘောလုံးတစ်သင်းစာ မွေးပစ်မယ်လို့ ချိန်းခြောက်ခဲ့
တဲ့ကောင်လေးက ငါ့ကို အပြီးထားသွားပြီတဲ့လား။
ငါဘယ်လို အင်အားနဲ့ လက်ခံရမှာလဲမောင် ငါတို့
သေကွဲကွဲလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။မင်းဆန္ဒတွေကို မလိုက်လျောပေးနိုင်တဲ့ ဒီကောင်က
ဒီတစ်ခုတော့ လိုက်လျောပေးပါ့မယ်မောင်။ငါမင်းကို
ချစ်တယ်ဆိုတာ မင်းယုံတယ်မလား။ဒါပေမဲ့ မင်းပေးတဲ့ အပြစ်ကို ငါခံယူမှာပါမောင် ။ ငါ တစ်သက်လုံး
နောင်တတွေပိုက်ပြီး အသက်ရှင်နေထိုင်သွားမှာပါ။ဒါပေမဲ့ ငါမသေခင်တော့ မင်းအိပ်စက်ရာ မင်းကိုယ်ပိုင်
နေရာလေးမှာ ပန်းကြိုက်တတ်တဲ့ မင်းအတွက်
နေ့တိုင်း ပန်းဆက်သချင်တယ်။လွမ်းလိုက်တာ
မောင်ရာ ငါတို့က အချိန်မတန်သေးပဲ သေကွဲကွဲရပြီ ။မမကလည်း အိမ်ထောင်ကျလို့ သားလေးတစ်ယောက်ရနေပြီမောင်ရဲ့။မမအကြောင်း
ပြောလို့စိတ်များဆိုးသွားလားမောင်။မင်းစိတ်ဆိုးချင်
လည်း ဆိုးပါမောင်ရာ ရပါတယ်။ဖေဖေကလည်း
မရှိတော့ဘူး တကယ်လို့ဖေဖေ့ကိုများ တွေ့ရင်
ကိုယ့်အကြောင်းတွေကို မင်းမေးကြည့်ပါလား။
အာာာ မေ့တတ်လိုက်တာ မောင်ရာ မင်းမှ ကိုယ့်ဖေဖေကို မတွေ့ဘူးတာ။မေမေကတော့
ရာသက်ပန် သီလရှင် ၀တ်သွားပြီ။မမကတော့ ကိုယ့်ကို အားနာနေတယ် မင်းနဲ့
သေကွဲကွဲရလို့တဲ့။ဟားဟား ရယ်ရတယ်မောင်ရဲ့
ငါမမကို ခုထိစကားမပြောဘူး။ သူ့ကိုပြောချင်တဲ့စကားရှိရင် ငါ့တူလေးနဲ့ ဒါမှမဟုတ်
ငါ့ယောက်ဖနဲ့ပဲ တစ်ဆင့်ခံပြောတယ်။သူ့စေတနာအမှားတွေကို ငါနားလည်ပေမဲ့ လက်မခံနိုင်ဘူးမောင်။သူမောင့်ဆီကနေ ငါ့ကို ဆွဲထုတ်သွားပေမဲ့
မောင်ရှိတဲ့နေရာကို ငါ့ကိုပြန်မပို့ပေးနိုင်ဘူး။ငါစိတ်ဆိုးတာ လွန်လားမောင်
ငါမင်းကို ချစ်တယ်မောင် မင်းဆဲသံလေးလည်း ကြားချင်တယ် ဒါပေမဲ့ ဒါတွေကို ငါပြန်မရနိုင်တော့ဘူး။မေမေက ဖေဖေမရှိတော့တဲ့နောက်မှ ငါ့ကို ကိုယ်ချင်းစာတယ်။
YOU ARE READING
မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)
အပိုင်း ၃၅/အပိုင်း ၃၅
Start from the beginning