အပိုင္း ၃၁/အပိုင်း ၃‌၁

Start from the beginning
                                    

"တစ်ပတ်ကြီးတောင် မနေနိုင်လိုက်တာ"

အကဲပိုလေးလို့ဆိုကာ ဒီရေ ခေါင်းလေးကို မိမိရင်ဘတ်ပေါ် ဆွဲတင်လိုက်သည်။ဒီကောင်လေးနဲ့
သူရဲ့ ရှေ့ရေးကို တွေးပြီး စိတ်ပူမိသည်။

***********************************

"မမ မဖြူဖြူလွင်က အစောကြီး ပြန်သွားတာလား
ငါးရက်ပဲရှိသေးတယ် တစ်ပတ်ပြည့်မှ ပြန်မှာဆို"

အိပ်ယာကနိုးနိုးချင်း မိမိခြံထဲကို ကားတစ်စီး၀င်လာပြီး
မဖြူဖြူလွင်တက်သွားတာကို မြင်လိုက်လို့ မမကို
မေးရသည်။

"သူ့အမေ အစာအိမ်ရောင်လို့ ဆေးရုံတက်ရတယ်ဆိုလို့
သူ့အိမ်က လာပြန်ကြိုသွားတာ မမတို့လည်းပြန်မယ်အာကာ မင်းလည်း အဝတ်အစားတွေထည့်"

"ဟင် သားပါပြန်လိုက်ရမှာလား မမပဲပြန်နှင့်လေ သားဒီမှာ အလုပ်တွေမပြီးသေးဘူး"

"မပြီးလည်း ရန်ကုန်ရောက်မှဆက်လုပ်တော့"

ပြောပြီး အခန်းထဲ ပြန်၀င်သွားတဲ့ မမကြောင့်
ဒွိဟဖြစ်သွားရသည်။ဘာကိစ္စ မမက သူ့ကို ရန်ကုန်
အတင်းပြန်ခေါ်ရတာလဲ။မဖြူဖြူလွင်နဲ့များ စေ့စပ်ကြောင်းလမ်းဖို့များလား။ဟင့်အင်း ဘယ်သူနဲ့မှ
လက်မထပ်နိုင်ပါ ဒီရေကိုပဲ ချစ်တယ် သေသည့်အထိ
ဒီရေ အနားမှာပဲ နေမည်။

"မမ မမ အပြင် ခဏထွက်လာပါအုံး "

ဝုန်းခနဲ တံခါးကို ဆွဲဖွင့်ပြီး ထွက်လာတဲ့ မမကြောင့်
ပြောမည့်စကားတွေတောင် ဘယ်ဆီနေမှန်း မသိတော့ချေ။မျက်နှာတွေပါနီရဲနေသည့်မမက
တစ်ခုခုကို အင်မတန်ထိန်းချုပ်နေပုံ။

"မမ ဟို ...ဟို ဘာဖြစ်လို့ ရန်ကုန်အတင်းခေါ်နေ
တာလဲ ကျွန်တော် ဒီက စာမူလေးလက်စသတ်ပြီးမှ
ပြန်လာမယ်လေ"

"ဘယ်စာမူကိုမှ လက်စမသတ်နဲ့ နင်ငါနဲ့ တစ်ခါတည်းပြန် လိုက်ခဲ့ အာကာ ရန်ကုန်ရောက်ရင်နင့်ကို အမြန်ဆုံး အိမ်ထောင်ချပေးမယ်"

"အိမ်ထောင်မပြုနိုင်ဘူး မမ ဘာလို့ကျွန်တော့်သဘော
ကျွန်တော့်ဆန္ဒကိုမမေးပဲ မမလုပ်ချင်လုပ်နေတာလဲ"

ဒေါသတွေနဲ့အတူ အသံက မမနဲ့ တန်းတူ ကျယ်လောင်စွာ ပြန်အော်မိသည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now