အပိုင္း ၂၇/အပိုင်း ၂၇

Start from the beginning
                                    

လှည့်ထွက်သွားတဲ့ကောင်မလေးလက်ကို ဆွဲတားပြီး...

"အကိုယူမယ် ညီမ"

"မယူရဘူး"

"ဒီရေ"

"တခြားသူကိုပဲ သွားရောင်းလိုက်ပါ ညီမ"

"မရောင်းနဲ့ အကိုယူမယ် ပြီးတော့ လျှော့မပေးနဲ့
မူရင်းဈေးအတိုင်းပဲပေး"

သူ့စကားကို လစ်လျူရှုပြီး အခုမှတွေ့ဖူးတဲ့သူကို
ယုံကြည်ပြီး ဘောင်မ၀င်တဲ့လူအနေနဲ့ သူ့ကို သဘောထားလိုက်တာပေါ့။ကောင်မလေးက ရောင်းရနိုးနိုး မရောင်းရနိုးနိုးနဲ့ သူ့မျက်နှာကိုတစ်လှည့်
အာကာမျက်နှာကိုတစ်လှည့်ကြည့်ပြီး ဝေခွဲရခက်နေရှာသည်။

ကောင်မလေးလက်ထဲက ပန်းစည်းကြီးကို ယူပြီး
ပိုက်ဆံတောင်ထုတ်ရှင်းနေပြီ။ဟက်...အခုလို
တိတိကျကျအဖြေပြန်မပေးရသေးချိန်မှာတောင်
သူ့စကားကို အလေးအနက်မထားနိုင်၊သူ့စိတ်အလို
ကိုမလိုက်နိုင်တဲ့ လူတစ်ယောက်ကို အားလုံးနဲ့ ရင်ဆိုင်ပြီး ချစ်ပေးဖို့က တန်ရောတန်ရဲ့လား။

ကန့်လန့်တွေပြောပြီး ပန်းမ၀ယ်ဖို့တားနေတဲ့
ဒီရေကို နားမလည်နိုင်။ပိုဆိုးတာက ပိုက်ဆံပဲပေး
ပြီး ပန်းမယူဘူးဆိုတာက တစ်ဖက်ရိုးရိုးသားသား
လုပ်ကိုင်စားသူကို သွယ်ဝိုက်ပြီး စော်ကားလိုက်တာ
ပဲ မဟုတ်လား။ကိုယ့်ကလေးက ရိုင်းတယ်ဆိုပေမဲ့
ဒီလို အထက်စီးမဆန်စေချင်ပါ။လူလူချင်း လေးစားမှုရှိစေချင်သည်။ဘုရားပေါ်မှာ ပန်းရောင်းတဲ့
ကလေးတွေကိုတောင် ပန်း၀ယ်ပြီး အကူအညီပေး
ခဲ့ဖူးသူမှ ဟုတ်ပါရဲ့လား။

ဈေးထဲ၀ယ်စရာရှိတာ ၀ယ်ခြမ်းပြီး အိမ်ပြန်ရောက်
သည့်အထိ တစ်ယောက်နဲ့တစ်ယောက် ဘာစကား
မှမပြောဖြစ်ပေ။အာကာလည်း ရေခဲသေတ္တာထဲ ထည့်စရာရှိတာထည့် ချက်စရာရှိတာ ချက်နေရင်း
ပြီးစိးမှ အခန်းထဲ၀င် ရေချိုးဖို့၀င်လာခဲ့သည်။

ကုတင်ပေါ် တက်အိပ်နေသူကြောင့် သက်ပြင်းဖွဖွချမိသည်။အမှန်ဆို ဒီရေက တောင်းပန်ရ
မှာဖြစ်ပေမဲ့ အကြီးဖြစ်တဲ့ကိုယ်ကပဲ သွင်သင်ဆုံးမ
လမ်းကြောင်းတည့်ပေးရမှာမို့ အိပ်နေတဲ့သူကို
နှိူးဖို့ ဆုံးဖြတ်လိုက်သည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now