အပိုင္း ၂၄/အပိုင်း ၂၄

Start from the beginning
                                    

မေမေက ပြန်မလွှတ်ချင်သေးဟန်နဲ့ မပြန်ဖို့ ပြောပေမဲ့ သူအတော်ကိုပြန်ချင်နေပြီ။သူ့မသိစိတ်က
အလိုလိုသိနေတယ် ဒီရေ သူ့ကို စိတ်ပူနေလောက်ပြီ။

"မေမေရယ် မေမေ့သားက ဟိုမှာ လွမ်းရမဲ့သူ ကျန်ခဲ့လားမှမသိတာ"

"ဟာ မဟုတ်ပါဘူးမမရာ.... သူများကို ဆေးလိုက်ထိုးမနေနဲ့နော် အပျိုကြီးမမ"

မမရဲ့စကားကြောင့်ရှက်သလိုလိုဖြစ်သွားပေမဲ့
မသိချင်ယောင်ဆောင်ပြီး ပြန်စတော့ ဖေဖေကရယ်သည်။ဒီအသိုက်အမြုံလေးက နွေးထွေး
မှုအပြည့်နဲ့ အေးချမ်းဖွယ်ရာ။ဒီမိသားစု ဒီအသိုက်အမြုံထဲကို နောက်ထပ် ကိုယ်နဲ့ မျိုးတူ
ယောကျာ်းတစ်ယောက်ကို ဆွဲသွင်းရင်ရော
အဆင်ပြေပါ့မလား။

"တွေ့လား အခုတောင် ပြောစကားတွေကို မကြားတော့ဘူး"

မမရဲ့စကားကြောင့် အတွေးထဲက ရုန်းထွက်ပြီး လက်ရှိ
ပစ္စုပ္ပန်ကို ပြန်ရောက်လာရသည်။

"ဟီးဟီး ဘာပြောလိုက်တာလည်း သားမကြားလို့"

"အမလေး ကိုယ်တော်ချောရေ ဟိုမှာ အစစအရာရာ
ဂရုစိုက်ဖို့ ဖေ‌ဖေကမှာနေတာ "

"ဟုတ်တယ်သား ဆိုင်ကယ်စီးလည်းဆက်မသင်နဲ့တော့
မေမေ စိတ်မချဘူး "

"မေကြီးကလည်းကွာ သားက ယောကျာ်းလေးပါကွ
အဲ့လောက်တော့ အကြမ်းပတမ်းခံနိုင်ပါတယ်"

မေမေရဲ့ စိတ်မချဘူးဆိုတဲ့ အဆိုတင်သွင်းချက်ကို
ဖေဖေရဲ့ ယောကျာ်းဆိုတဲ့ စကားနဲ့ ပယ်ချသည်။
ဒီရေတို့မြို့မှာလို ကျားကျား မမ အကုန်ဆိုင်ကယ်
စီးနေကြသူတွေအတွက် ကိစ္စမရှိပေမဲ့ မေမေကတော့
မိခင်ပီပီ စိတ်ပူရှာသည်။

မမထည့်ပေးတဲ့ အ၀တ်အစားထုတ်ကို ယူပြီး ဖေဖေ မေမေနဲ့ မမတို့ကို ကန်တော့ တော့ မေမေက ထုံးစံအတိုင်း မျက်ရည်လေး တစ်ဝဲဝဲနဲ့ ဆုပေးရှာသည်။ တက္ကစီနဲ့ ကားဂိတ်ကို ကိုယ့်ဘာသာပဲ
ထွက်လာလိုက်သည်။မမက ကားဂိတ်ထိလိုက်ပို့မယ်ဆိုတာတောင် မစောင့်နိုင်တော့သည့်အထိ။

ဒီမြို့လေးကို ပြန်ရောက်တော့ မနက်လေးနာရီခွဲပြီ။
အထုတ်ကိုပစ်ချကာ ကုတင်ပေါ် ပက်လက်လှန်ပြီး
အနားယူဖို့ကြံလိုက်ပေမဲ့ မသိစိတ်က အလိုလို
ပြတင်းပေါက်နားကနေ ဒီရေတို့အိမ်ကို လှမ်းကြည့်မိသည်။မီးတွေဖွင့်ပြီး အိပ်နေတာလား
ဒီကောင်လေး အေးလေ တစ်ယောက်ထဲဆိုတော့ ကြောက်နေမှာပဲ။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now