အမှန်တရားရဲ့ ဘက်တော်သား (၁၇)
~~~~~~~~~~~~~~~~~~~~~~~~~~~~"သူ လုပ်တာလို့ ငါ ပြောသားပဲ..."
"သူ ဘာဖြစ်ချင်တာမှန်း ငါ မသိတော့ဘူး၊ ရူးသွားတာလားပဲ... ငါတို့ ဒီလောက်အကြာကြီး ရီဟာဇယ်တွေ လုပ်ထားရတာ၊ သူ့ကြောင့် အကုန်ပျက်ခံရမှာလား"
"ဆရာကြီး သူ ပြန်ရှင်းပြပေးရမယ်လေ...!"
"တိတ်တိတ်နေကြစမ်း...!" ကျောင်းအုပ်ဆရာကြီး အော်ကြိမ်းလိုက်တော့တယ်။ 'အခုချိန်မှာ ငါ ဘာပြောပြော နားမဝင်ကြတော့ဘူးလား'
"ငါ လုပ်တာ မဟုတ်ဘူး..." မင်ရှု လက်မြှောက်လိုက်တော့တယ်။ "ယုံချင် ယုံ၊ မယုံချင်နေ"
"နင်တို့နဲ့ မုန်းမုန်းက ဘာရန်ငြိုးရှိနေလို့လဲ၊ သူ့ကို သူများ ချောက်တွန်းတာနေမှာပေါ့" မင်ရှု ပြောပြီးတာနဲ့ ယဲ့မြောင်းမြောင်းက လိုက်ပြောတယ်။ "ဆရာကြီး၊ သမီးတို့ အမှန်ကို သိရမှဖြစ်မယ်၊ အမှန်ကို သိရပြီး မုန်းမုန်းမှာ အပြစ်မရှိကြောင်း သက်သေပြရမယ်... မုန်းမုန်းက အားအားယားယား အဲ့လို လုပ်မယ့်သူ မဟုတ်ဘူး"
ကျောင်းအုပ်ဆရာကြီးလည်း မင်ရှုကို လှမ်းကြည့်လိုက်တယ်။ မင်ရှုကတော့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးပေါ်မှာ အပြုံးလေးဆောင်လျက် သကြားစုပ်လုံးလေးကို ထိုင်ကိုက်နေသတဲ့။ ခေါင်းကလေးကိုလည်း စောင်းငဲ့ထားလိုက်သေး။ ဒီလိုအခြေအနေမှာတောင် သူ ပြုံးနေနိုင်သေးသတဲ့လား။ သူ ရူးပဲ ရူးနေတာလား။ မတရား တည်ငြိမ်လွန်းတာပဲလား။
"ဆရာကြီး..." မင်ရှု စုပ်လုံးကိုက်တာ ရပ်လိုက်ပြီး ပြောလာတယ်။ သူ့အသံက စာသင်ခန်းကြီးတစ်ခုလုံးကို လွှမ်းမိုးပြီး ထွက်လာတယ်။ "ဒီအခန်းထဲမှာ သွေးနံ့မရဘူးလား..."
"သွေး...?" ကျောင်းအုပ်ဆရာကြီးလည်း အလိုအလျောက် အနံ့ခံလိုက်မိတယ်။ ဒါပေမဲ့ ဆီဆေးရဲ့ စူးရှရှ အနံ့သာ ရလေတယ်။
"လုမုန်း၊ စကားလမ်းကြောင်း မလွှဲနဲ့..." ကျောင်းသားတစ်ယောက်က မင်ရှုကို လက်ငြိုးငေါက်ငေါက်ထိုးတယ်။ "ဝတ်စုံတွေကို ဖျက်ဆီးတာ နင်ပဲ၊ အခုမှ လာပြီး အာရုံများအောင် လုပ်နေပြန်ပြီ... ဒါက ကျောင်းပြဇာတ်ရုံပဲ၊ ဘယ်နားက သွေးက လာရှိရမှာလဲ..."
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...