အပိုင္း ၂၀/အပိုင်း ၂၀

Start from the beginning
                                    

"အားးးး ဘာလို့ညှစ်တာလည်း"

"ဟီးဟီး နာသွားလား အသဲယားလို့ ဖွတေး ဖွတေး"

ဘုရားရေ သူ့လက်ရှည်ရှည်တွေကို နှုတ်ခမ်းနဲ့ ဖိပြီး
အာငွေ့ပေးကာ သူ့ဗိုက်ကို လာထိနေသည်။ ဒီအချိန်ခဏမှာ လောကတစ်ခုလုံးရဲ့ လည်ပတ်မှုတွေအကုန် ရပ်တန့်သွားသလိုပင်။
ဒါဘယ်လို ရင်ခုန်တိမ်းညွှတ်မှုမျိုးလို့ ပြောရမှန်းမသိပေ။

"ကဲ ထပ်ဆော့မယ်နော် ခေါင်းလားပန်းလား"

"ခေါင်း"

စိတ်မကောင်းစွာနဲ့ပဲ ဒီရေကို ရှုံးရပြန်သည်။
အကျီလက်ကို သေချာခေါက်တင်ပြီး သူ့နဖူးကို စိုက်ကြည့်နေသည်။နဖူးသီးသွားအောင်လောက်တော့
မတောက်လောက်ပါဘူးနော်။

"ဒါနောက်ဆုံးပဲ ပြီးရင် ထမင်းစားမယ် ခေါင်းလား ပန်းလား"

"ခေါင်းပဲကွာ"

ဒီတစ်ခါတော့ သူ့အနှိုင်ရပြီ။လာထား ကောင်လေး။
ကလိကို ထိုးပစ်အုးမယ်။

"ဟင့်အင်း ကလိမထိုးနဲ့ယားတတ်တယ်"

"မရပါဘူး ကတိအတိုင်းပဲ"

ကိုယ်လုံးသေးသေးလေးက ဒီနေရာမှာ အတော်အသုံး၀င်သား။ဒီရေ ကိုယ်ပေါ် အလျင်အမြန်တက်ခွပြီး ကလိထိုးတော့ လူးလိမ့်နေရှာသည်။

"တော်ပြီ တော်ပြီလို့ယားတယ် ဟားးးး...ဟားးးး
ယားတယ် တော်...တော့ ဟားးး"

"‌ကိုကိုလို့ ခေါ်ရင်ရပ်ပေးမယ်"

"မခေါ်ဘူး....ရပ် ...တော့ ဟားးးး...ဟားးး"

"မရပ်ပါဘူး မခေါ်သရွေ့"

"ဟားးး...ဟားးးး...ခေါ်....ခေါ်မယ် ကိုကို...ကို..ကို
ဟားးး..ဟားး ယားတယ်"

သူရပ်ပေးလိုက်တော့ ပါးစပ်လေးဟပြီး အသက်ကို မနည်းရှုနေသည်။ အခုချိန်ထိ ဒီရေပေါ်က ခွထားရာကနေ မထမိသေး။ကုတင်ပေါ်မှာ ပက်လက်
လှဲနေတဲ့ ကောင်‌ငယ်လေးကို အပေါ်စီးက ကြည့်ရတာ
ငြီးငွေ့မသွားချင်စရာကောင်းတဲ့ ပန်းချီကား တစ်ချပ်လိုပင်။

Ring Ring Ring

နစ်မျောနေတဲ့ အတွေးတွေကို လှုပ်ခတ်နိုးလိုက်သည်က ဖုန်းသံပင်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now