အမှန်​တရားရဲ့ ဘက်​တော်​သား (၁၅)

Start from the beginning
                                    

ဒါပေမဲ့ ဟိုလူတွေက မင်​ရှု လမ်းကို ပိတ်​ထားလိုက်​ကြတယ်​။ "ချန်​ယန်​၊ မင်းက သူလေးကို တစ်​ယောက်​တည်း ပြန်​နှင့်​ခိုင်းရက်​တယ်​လား... ဒါမျိုးက မင်းရဲ့ သူရဲကောင်းဆန်​မှုတွေကို သူ့မြင်​အောင်​ ပြလို့ရမယ့်​ အခွင့်​အရေးကောင်းလေ..."

"ငါ မကြည့်​ချင်​ပါဘူးနော်​..." 'ငါ မအားသေးဘူး... ငါ့မုန့်​မုန့်​လေးတွေ ငါ့ကို စောင့်​နေတာ...'

ဟိုလူက ရယ်​တယ်​။ မင်​ရှုကို မျက်​လုံးတွေ မှေးစင်းကာ ကြည့်​ရင်း ဆိုတယ်​။ "ချန်​ယန်​ ဒီလို သူရဲဘောကြောင်​တဲ့ ကောင်​မမျိုး ဘယ်​နားက ရှာကြိုက်​လာတာလဲ... သူ မင်းနဲ့ မတန်​လိုက်​တာ"

"ငါတို့ကြားက ပြဿနာက သူနဲ့ ဘာမှ မဆိုင်​ဘူး... သူ့ကို ပေးသွားလိုက်" ချန်​ယန်​ မျက်​မှောင်​တွေ ကျုတ်​လို့နေပြီ။

"သူနဲ့ ဘာမှ မဆိုင်​ဘူးတဲ့လား..." အဲ့ဒီလူက တခွီးခွီး ရယ်​ပြန်​တယ်​။ "အဲ့ဒါ မင်းစော်​ မဟုတ်​ဘူးလား..."

"ဟဲ့၊ ပေါက်​ကရတွေ လျှောက်​ မပြောနဲ့..." မင်​ရှု လက်​မြှောက်​လိုက်​တယ်​။ "ငါ သူ့စော်​ မဟုတ်​ဘူး..."

"မဟုတ်​ဘူးလား..." အဲ့ဒီ့လူက မင်​ရှုကို နားမလည်​နိုင်​တော့ပုံနဲ့ ခေါင်းစ ခြေဆုံး ပြန်​ပြန်​လှန်​လှန်​ ကြည့်​လိုက်​တယ်​။ ပြီးတော့ ဟက်​ဟက်​ပက်​ပက်​ ရယ်​တော့တာပဲ။ "ချန်​ယန်​၊ ဟားဟား ဟားဟား.... မင်း သူ့ကို ဘာကြည့်​ကြိုက်​တာလဲ၊ သူ ဘယ်​လိုတောင်​ အဲ့သလို ပြောထွက်​နိုင်​တာလဲ..."

အရင်​တုန်းက ချန်​ယန်​မှာ စော်​မရှိခဲ့ဘူး။ ချန်​ယန်​က ငယ်​သေးတယ်​ဆိုပေမဲ့ သူ ဒီလို လူမိုက်​လမ်းစဉ်​လိုက်​ကတည်းက နာမည်​ကြီးတာတွေ၊ လူသိများတာတွေ၊ လူကြည့်​ခံရတာတွေကို ရှောင်​လွှဲလို့ မရတော့ဘူး။ ဒါပေမဲ့ အရင်​တုန်းကတော့ သူ့ကိုတွေ့လိုက်​တိုင်း အမြဲတစ်​ယောက်​တည်းပဲ။ 

ဒါပေမဲ့ ဒီနေ့မှာတော့ ကောင်​မလေးတစ်​ယောက်​ သူနဲ့အတူရှိနေတယ်​။ သူကလည်း အဲ့ကောင်​မလေးနောက်​ကို စိတ်​ရှည်​ရှည်​နဲ့ လိုက်​ပေးတယ်​။ ဒါလေးကမှ သူ့ကောင်​မလေးမဟုတ်​ရင်​ ဘာဖြစ်​နိုင်​မှာမို့လဲ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now