"ချန်ယန်...!" တစ်ယောက်က ခေါ်လိုက်တယ်။
"လီး...!" ချန်ယန် အသံခပ်အက်အက်နဲ့ ဆဲလိုက်မိတော့တယ်။ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်ပြီး နှေးတုံ့တုံ့လုပ်နေသေးတဲ့ မင်ရှုကို သူ အမြန်ဆွဲခေါ်လိုက်တယ်။
မင်ရှု နားမလည်နိုင်စွာနဲ့ သူ့ကို မော့ကြည့်လာတယ်။ နောက်တော့ သူတို့ဆီကို ပြေးလာနေတဲ့ လူတစ်စုကို ပြန်လှည့်ကြည့်တယ်။
'ဟယ်...
လူတွေ အများကြီး ငါ့ကို ဖြဲခြောက်ပြီး ငါ့မုန့်မုန့်တွေ လုမလို့လား...'
မင်ရှု ချန်ယန် လက်ထဲက ရုန်းလိုက်ပြီး အမြန်ဘေးထွက်နေလိုက်တယ်။ လက်ထဲက မုန့်တွေကိုလည်း မြဲမြဲမြံမြံ ပိုက်ထားရင်းပေါ့။ "ငါ သူနဲ့ ဘာမှ မပတ်သက်ဘူးနော်... သူ့ကို သိလည်း မသိဘူး"
". . ." 'နင် အဲ့သလို မလုပ်ရဘူးလေ...' ချန်ယန်ကတော့ စိတ်ထဲကနေ အော်နေရှာတယ်။
မင်ရှုကတော့ အပြုံးမပျက်၊ ဟိုလူတွေကို ပြန်ပြောတယ်။ "နင်တို့နဲ့ သူနဲ့ကြားမှာ ဖြေရှင်းစရာ စာရင်းလေးတွေ ရှိတယ်ဆိုရင်လည်း သူနဲ့ပဲ ရှင်းကြပေါ့... ငါကတော့ ဒီအတိုင်း ဘေးက ဖြတ်သွားရုံလေး..."
"ဟဟဟ ချန်ယန်... ဒါ မင်းလိုက်နေတဲ့ စော်လေးလား..." တစ်ဖက်အုပ်စုထဲက တစ်ယောက်က ရယ်တယ်။ သူ့စကားတွေထဲမှာ လှောင်ရယ်ခနဲ့သံတွေမှ အပြည့်ပဲ။
သူ အနီးကို လျှောက်လာတော့မှ မင်ရှု သူ့ကို ပြတ်ပြတ်ထင်ထင် တွေ့ရတော့တယ်။ သူက ချန်ယန်လောက်တော့ စွဲဆောင်မှု မရှိဘူး။ ဒါပေမဲ့ ချောတော့ ချောသား။ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း၊ အပေါ်အောက် အနက်ရောင် ဝတ်ဆင်ထားတော့ လူရှိန်လောက်စရာ ဖြစ်နေတယ်။
"နင် သွားနှင့်တော့" ချန်ယန် မင်ရှုကို ပြောလိုက်တယ်။
"အေး" မင်ရှုလည်းပဲ မုန့်ထုပ်ကလေးတွေ ပိုက်ပြီး သွားနှင့်တော့ မလို့ပဲ။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...
အမှန်တရားရဲ့ ဘက်တော်သား (၁၅)
Start from the beginning