အပိုင္း၁၅/အပိုင်း ၁၅

Start from the beginning
                                    

"ဒေါ်လေး ကားထွက်တော့မယ် တက်ရအောင်"

ကားပေါ်အထုပ်တွေ ဝိုင်းတင်ပေးပြီး ကားထွက်မှပဲ
ပြန်လာခဲ့သည်။အိမ်မှာ အမေမရှိတာကို သတိရမိတော့
အိမ်တောင်မပြန်ချင်ဘူး။ ကလေးဘ၀ထဲက အမေနဲ့ မတည့်အတူနေ နေခဲ့ရတော့ အမေမရှိတော့ ရင်ထဲဟာတာတာကြီး။အမေသာ တစ်သက်လုံးသူ့ကို ထားသွားရင် တွေးတောင်မတွေးရဲပါ။

အိမ်မပြန်ချင်တာနဲ့ တစ်နေကုန် ဆိုင်ကယ်ပတ်စီးနေမိသည်။ငါး‌နာရီကျော် ခြောက်နာရီလောက်မှ အိမ်ပြန်လာခဲ့သည်။

"ဒီရေ ဘာလို့ အိမ်ပြန်နောက်ကျရတာလည်း ဒီမှာ စိတ်ပူနေရတယ် "

အိမ်ပေါက်၀ရောက်ရောက်ချင်း အပြောခံလိုက်ရသောကြောင့် ၀မ်းနည်းမှုတွေကနေ
ဒေါသအဖြစ်ကူးပြောင်ူသွားသည်။

"ခင်များစောက်ပူပါလား။ ဘယ်သွားတယ် ဘာလုပ်တယ်နေရာတကာ သံတော်ဦးလိုက်တင်နေရအောင် ခင်များက ကျုပ်အဖေလား"

ကွက်ခနဲ ပျက်သွားတဲ့ မျက်နှာနုနုက ကိုယ့်စကားရိုင်းသွားကြောင်းကို သိသာစေသည်။ကိုယ့်ဘက်က လွန်သွားတယ်ဆိုပေမဲ့
မတောင်းပန်ချင်ဘူး။ဒီအသက်အရွယ်ထိ ဘယ်သူ့ကိုမှ
မတောင်းပန်ဖူးသလို အားလည်းမနာဖူးဘူး။

"‌ဆောရီး ရေချိုးတော့လေ ကိုယ်ထမင်းပွဲပြင်ထားလိုက်မယ်"

ကိုယ်က အစိုးရိမ်လွန်ပြီးပြောတယ်ဆိုပေမဲ့ တစ်ဖက်ကကျတော့ အရွယ်ရောက်ပြီးသား ယောကျာ်းပျို။ဘာပဲလုပ်လုပ် သူ့စိတ် သူ့သဘောအတိုင်း လုပ်ပိုင်ခွင့်ရှိတယ်။ကိုယ့်နဲ့
သွေးသားတော်စပ်တာလည်းမဟုတ်ပဲနဲ့ တားဆီးပိတ်ပင်ပိုင်ခွင့်မရှိဘူးဆိုတာ မေ့သွား‌ေလာက်သည့်အထိ မင်းအပေါ် စိုးရိမ်လွန်သွားခဲ့တာ။

ရေကမန်းကတန်းချိုးပြီး ၀တ်နေကျ စပို့ရှပ်အစိမ်းရောင်နဲ့ ဘောင်းဘီတိုကို ၀တ်လိုက်ရင်
ရေချိုးခြင်းမှု ပြီးစီးပြီ။နက်မှောင်နေတဲ့ ဆံပင်တွေကို
နဖူးပေါ်ပြေမကျအောင် ခေါင်းစီသရေကြိုးလေးနဲ့
စီးလိုက်ရင် အားလုံး perfectဖြစ်ပြီ။

တစ်နေကုန်‌ေလျှာက်သွားနေတုန်းက မဆာတဲ့ဗိုက်က
အိမ်ရောက်မှာ အတိုးနဲ့အရင်းပေါင်းပြီး ဆာနေပြီမို့
မီးဖိုခန်းထဲကို အပြေးသွားရသည်။ထမင်းခူးပေးနေတဲ့
အသေးလေးကို တွေ့မှ ဟန်ကိုယ့်ဖို့ မာန်ကိုယ့်ဖို့ အရှိန်သတ်လိုက်သည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now