"အကို... နှင်းဆီကိုမမှတ်မိတော့ဘူးလား"
"ညီမက...နှင်းဆီ... ရင်းရင်းနှီးနှီး ကြားဖူးနေသလိုပဲ၊ မြင်လည်းမြင်ဖူးနေတယ်၊ ဘယ်မှာမြင်ဖူးမှန်းတော့ မသိဘူး "
မိုးတမာန်မျက်မှောင်ကျုံ့လျက်လက်တစ်ဖက်ဖြင့်
ခေါင်းကိုဖိကိုင်ကာစဉ်းစားမရဖြစ်နေ၏။သူ၏ရှေ့မှမိန်းကလေးမှာလည်းမျှော်လင့်ချက်တို့ပြည့် နှက်နေသောမျက်ဝန်းလေးဖြင့်သူ့အား မော့ကြည့်နေရှာသည် ။"သေချာစဉ်းစားပါဦးလား အကိုရယ်...ကျွန်မတို့..."
" ကိုမိုး... "
အကိုဖြစ်သူထံ အပြေးလာသောစေတမာန့်အသံကြောင့်နှင်းဆီ၏စကားစတို့ ပြတ်သွားရလေ၏။မိုးတမာန်သည်လည်းသူ့ထံသို့ပြေးလာသောညီဖြစ်သူဘက်သို့လှည့်ကာ အနီးသို့ရောက်သည်နှင့်...
" မာန်...တစ်ယောက်တည်းလား၊ ခွန်းတို့ရော.. "
"အိမ်မှာဇွဲထက်နဲ့ထားခဲ့တယ်၊ဒီရက်ပိုင်း...ကားတစ်စီးနောက်ကလိုက်နေလို့ ခွန်းနဲ့သားလေးကို အပြင်ထုတ်ရမှာစိတ်မချလို့၊ ဒါနဲ့...သတိုးရော... အခြေအနေဘယ်လိုရှိလဲ၊ ကောင်းတယ်မလား "
"အခုထိတော့သတိမရသေးဘူး၊ခွဲစိတ်တာတော့အောင်မြင်ပါတယ်၊ ကျည်ဆံက ကျောရိုးအတွင်းပိုင်းထိဝင်သွားတာ တဲ့..."
"စိတ်မကောင်းလိုက်တာ၊ ဘယ်လိုလူကများဒီလိုလုပ်ရတာလဲ၊ လုပ်ငန်းကိစ္စနဲ့များပတ်သက်နေမလား"
"ငါတော့မထင်ဘူး၊ဦးထွဋ်ခေါင်မရိုးသားဘူး၊သတိုးကထက်မြတ်ကိုကာ ပေးရင်းဖြစ်သွားတာကိုသူသိနေတယ်၊ဘယ်သူမှမပြောရသေးဘဲနဲ့လေ..."
မိုးတမာန်သည် ညီဖြစ်သူကိုအားပါးတရပြောပြီးနောက်မှအနားတွင်ရပ်
နေသော နှင်းဆီ အား သတိရသွားဟန်ဖြင့်အားတုံ့အားနာဖြစ်သွားရလေ၏။"Sorryနှင်းဆီ...ကျွန်တော်စိတ်လောသွားလို့...ဒါနဲ့...ကျွန်တော့်ကိုသိနေတယ်ဆိုတာ... "
"ကိုမိုးတမာန် နဲ့ ကျွန်မ ပြင်ဦးလွင်ကခြံမှာ၈နှစ်ကြာနေခဲ့ဖူးတယ်"
YOU ARE READING
Hate fire ( Zawgyi and Unicode)
General Fictionလေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရိမ်မိသည်။ လေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရ...