part 41

23K 2K 224
                                    

ကူကယ်ရာမဲ့သောဘ၀အား,အရက်အိုး၌သာ မြှုပ်နှံထားသူစေတမာန်၊ ထိုကယ်မည့်သူမရှိသောဘ၀ကိုကယ်တင်လိုက်သူမှာအကောင်အထည်မြင်တွေ့ခွင့်မရှိသောရင်သွေးလေး
ကြောင့်ပေလား။ခွန်း၏သစ္စာတရားတို့ကိုလာရောက်ဖြေရှင်းကာချီးမွမ်းခန်းထုတ်သွားလေသောထက်ဝီရသည် သူ၏ကျေးဇူးရှင်ပေလား။သူတွေ့မြင်ခဲ့သည်မှာလည်းသတိုးတို့သားအဖ၏ လုပ်ကြံဇာတ်သာဖြစ်ကြောင်းထက်မြတ်ထံမှသိရှိပြီးသည့်အချိန်မှစ၍သူ့ဘ၀ကိုသူကိုယ်တိုင်ပင်ပြုပြင်ပြောင်းလဲခဲ့သည်။သို့သော်ဒုစရိုက်လောကမှ demonဆိုသောနတ်ဆိုးတပါးမှာတော့ပျောက်ကွယ်သွားခြင်းမရှိပေ။ယခင်ကကဲ့သို့တရားဝင်လုပ်ငန်းတွင်CEOစေတမာန်၊ဒုစရိုက်လောကတွင်Demonစသည့်အလုပ်များဖြင့်ပုံမှန်လည်ပတ်ရင်းဖြင့်တဖက်တွင်လည်းလက်အောက်ငယ်သားများစေလွှတ်ကာတစ်မျိုး၊သတင်းစာများတွင်လူပျောက်ကြော်ငြာဖြင့်တစ်ဖုံ၊ချစ်ရသူနှစ်ဦးကိုရှာဖွေခဲ့လေသည်။သူ၏အိမ်ကြီး၌လည်းအခန်းလေးနှစ်ခန်းကိုသူကိုယ်တိုင်ပြင်ဆင်ထားခဲ့သည်မှာလွန်ခဲ့သည့် ငါးနှစ်ကတည်းကပင်။အခန်းတစ်ခန်း၏အတွင်း၌စက်ရုပ်အရုပ်များ၊ ကားရုပ်များ၊လေယာဉ်ပျံများစသည့်ကစားစရာများအပြည့်။ထိုအခန်းလေး၏ဘေးအခန်း၌ကာတွန်းမင်းသမီးဇာတ်ကောင်ပုံလေးများကပ်ထားသည့်အခန်းတွင်အမွှေးပွအရုပ်များနှင့်မှန်တင်ခုံလေးတစ်ခုပါပြင်ဆင်ထားလေ၏။သမီးလေးမိန်းကလေးဆိုလျှင်အလှအပက ကြိုက်ဦးမည်မလား...။

ခွန်းဘယ်လောက်ပုန်းပုန်းကိုယ်ရအောင်ရှာမှာပါ...ကိုယ့်ရင်သွေးလေးအတွက် ကိုယ်အခန်း၂ခန်း ပြင်ထားတယ် ခွန်း...ကိုယ်တို့သားလေးဖြစ်စေ၊ သမီးလေးဖြစ်စေ၊ကိုယ်ငုံထားမတတ်ချစ်မယ်။အခုလောက်ဆိုကိုယ့်ရင်သွေးလေးငါးနှစ်သားအရွယ်ရှိလောက်ရောပေါ့။ကိုယ့်ကလေးလေးကကိုယ်နဲ့တူပြီး ခန့်ချောကြီးဖြစ်နေမလား၊ ခွန်းနဲ့တူပြီး ချစ်ဖို့ကောင်းနေမလား၊ ခွန်းကရောကလေးနဲ့အပြိုင်ချစ်စရာကောင်းတဲ့အမူအရာတွေလုပ်ပြနေမလား။ခွန်းရဲ့ချစ်စရာအမူအရာလေးတွေကိုတခြားလူကများ အရသာခံ ကြည့်နေမလား၊ရင်တွေပူလိုက်တာခွန်းရယ်...ကိုယ်တို့ပြန်တွေ့မယ့်တနေ့မှာခွန်းကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်၊ကိုယ့်ရင်သွေးလေးအတွက်တာဝန်အကျေပွန်ဆုံးဖခင်ကောင်း၊ခွန်းအတွက်အကောင်းဆုံးခင်ပွန်းကောင်း ဖြစ်ခွင့်ပေးမယ်မလား။ခွန်းဗိုက်ထဲက,ကလေးလေးကကိုယ့်ရင်သွေးမှန်း သိခဲ့တဲ့နေ့ကကိုယ့်ကမ္ဘာပျက်ခဲ့တဲ့နေ့ပါခွန်းရယ်။ကိုယ်ဟာကိုယ့်ရင်သွေးကိုယ်သတ်ပစ်ဖို့အထိကြံစည်ခဲ့မိတဲ့ယုတ်မာရိုင်းစိုင်းလွန်းတဲ့ဖခင်တစ်ယောက်ဖြစ်ခဲ့တာကိုတော့ကလေးကိုအသိမပေးပါနဲ့နော်။ဒီတစ်ခုတော့တောင်းဆိုပါရစေ...ကိုယ့်ကလေးလေးမုန်းသွားမှာကို ကိုယ်သိပ်ကြောက်တယ်။ အရင်ကဖြစ်ခဲ့ဖူးတဲ့ကိစ္စမှန်သမျှ ခွန်းဘာတွေပဲလုပ်ခဲ့ပါစေ။ အဖေ့ကိုသတ်ခဲ့တဲ့သူ၊ကိုကြီးကိုလုပ်ကြံတဲ့သူကခွန်းဖြစ်နေရင်တောင်
ကိုယ်ခွင့်လွှတ်ပေးမှာပါ...။ကိုယ့်ဆီပြန်လာပေးပါနော်၊ကိုယ့်အသက်လေး... ကိုယ် ခွန်း ကို အရမ်း ချစ်တယ်...။

Hate fire ( Zawgyi and Unicode) Where stories live. Discover now