part 20

22.7K 1.9K 100
                                    

" ဒိုင်း ! "

ပြင်းထန်နက်ရှိုင်းလှသည့်အသံလာရာသို့ခွန်းခြေထောက်သေးသေးလေးများကသွက်လက်စွာပင်အပြေးအလွှားဦးတည်နေခဲ့၏။ထိုအသံနက်ကြီးဖြစ်ပေါ်လာရသည့်အခြေအနေသည်ခွန်းအတွက်ခြောက်ခြားသွေးပျက်ဖွယ်မြင်ကွင်း
တစ်ရပ် ဖြစ်ပေ၏ ။ နဖူးတည့်တည့် မှ ဦးခေါင်းထိဖောက်ဝင်သွားသော ကျည်ဆံ နှင့်မြေပြင်ပေါ်၌လဲကျကာ အသက်ပျောက်နေသောလူသား...။ ထိုမြင်ကွင်းသည်ခွန်းကဲ့သို့ကလေးသာသာကောင်လေးတစ်ယောက်အတွက်   ထိတ်လန့်သွေးပျက်ဖွယ် ကောင်းလှပေ၏ ။

အဖေဖြစ်သူ၏လက်များသည် သွေးစွန်းနေပြီးသား ဖြစ်ကြောင်းသိသော်လည်း ယခုကဲ့သို့အိမ်အတွင်း၌ လူသတ်ခြင်းမျိုးအား ပထမဆုံး အကြိမ်တွေ့မြင်ဖူးခြင်းပင်ဖြစ်ပေသည်။ အလောင်းကောင်ထံ၌ မျက်လုံးများမခွာနိုင်ကာ နှုတ်ခမ်းသားလေးများ ဖြူဖွေးနေသော ခွန်းအား ဦးထွဋ်ခေါင် မချိပြုံး, ပြုံးလျက်ကြည့်သည်။

"အထူးအဆန်းဖြစ်နေလား၊ ခွန်းစစ်"

လူတစ်ယောက်လုံးကိုသတ်ပြီးသည့်တိုင် သွေးအေးစွာ စကားဆိုနေသော ဖခင်အားအံ့ဩတုန်လှုပ်စွာမော့ကြည့်မိသည်။မျက်ရည်လေးများဝေ့၀ဲနေသော မျက်လုံးဝိုင်းဝိုင်းများကထိတ်လန့်ကြောက်ရွံမှုတို့ပြည့်
လျှမ်းလျက် ရှိနေ၏။ကြောက်ရွံ့မှုကြောင့်စီးကျလာသောမျက်ရည်စီးကြောင်းလေးကိုတုန်ယင်နေသော လက်ကလေးများဖြင့် ပွတ်တိုက်ဖယ်ရှားပစ်လိုက်သည်။

"သူ ဘာလို့သေရတာလဲ သိလား၊ ခွန်းစစ်...သူ့မိဘတွေကိုသတ်လို့တဲ့... ငါ့ကိုပြဿနာ လာရှာတာလေ ၊ မြွေဟောက်ကိုထိပ်ပုတ်တဲ့အပြစ်ပဲ၊ သူချစ်တဲ့သူတွေကို ဒုက္ခပေးတဲ့ငါ့ကို သူက ရန်မူတယ်၊ အဲ့တော့ ငါသတ်တာခံရတယ်၊ ဒီလောက်ပဲ...စေတမာန် လွတ်လာတဲ့အခါ သူ့ကိုဒုက္ခပေးတဲ့ငါ့ကို ခုလိုပြဿနာလာရှာမလား မသိဘူးနော်"

"ကိုကို့ကိုတော့ ဘာမှမလုပ်ပါနဲ့...တောင်းပန်ပါတယ်၊ ဖေဖေရယ်... "

"မင်း ဒီလောက်ယောက်ျားတွေကြိုက်တတ်တာ ထက်ဝီရ ကိုလက်ခံလိုက်ပါလား၊ ခွန်းစစ်"

"ဖေဖေ!... ကျွန်တော့်ချစ်သူက ကိုကိုပါ"

"အရမ်း အ,တာပဲ ခွန်းစစ်...အဲ့ဒါတွေကြောင့်ငါ့သားအဖြစ်လက်မခံနိုင်တာ၊ စေတမာန့်ကိုမင်း နာမည်ဖျက်ထားတာ၊ ဟိုကောင်က အခုလောက်ဆို မင်းကိုအမဲဖျက်ချင်နေလောက်ပြီ"

Hate fire ( Zawgyi and Unicode) Место, где живут истории. Откройте их для себя