part 3

30K 2.4K 59
                                    

ဒေါသစိတ်တို့ဖြင့်စေတမာန်ဟူသောနတ်ဆိုးတစ်ကောင်၏အိမ်သို့ပြန်ရာလမ်းတစ်လျှောက်သည်လည်းပြင်းထန်လှသောတောက်ခေါက်သံများကသာ ကားလေးအတွင်းပျံ့နှံ့လျက်ရှိလေသည်။ သန်မာသောလက်များက ကားစီယာတိုင်ကိုသာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။ပုံမှန်အားဖြင့် ဇွဲထက်မောင်းနေကျဖြစ်သော်လည်းယခုတွင်တော့အိမ်သို့ရောက်ချင်ဇောကြောင့် ကိုယ်တိုင်မောင်းနှင်နေသည့်အဖြစ်ပေ။ အနားတွင်ရှိနေသော ဇွဲထက်ကိုလည်းမျက်လုံးထဲမမြင်တော့...။ယခုချိန်တွင်သူ့အတွေးသူ့အာရုံထဲ၌ခွန်း ကို မည်သည့်နည်းဖြင့် နှိပ်စက်ရလေမလဲ ၊ သူ မည်သို့ပြုမူမှ ခွန်း နာကျင်လေမလဲ ဟူ၍သာ ဆိုးရွားစွာတွေးနေမိသည်။
နတ်ဆိုးတစ်ကောင်၏ရက်စက်လှသောအတွေးတို့ကိုစံအိမ်ကြီး၏မြေအောက်ခန်းထဲမှကောင်လေးကတော့သိနိုင်လိမ့်မည်မဟုတ်ပေ။တိမ်စိုင်ကလေးများကနူးညံ့မှုနှင့်အတူနေရောင်ပြောက်လေးများကပင်မျက်နှာနုလေးပေါ်သို့ရစ်ခွေသွယ်ယှက်နေလေရဲ့..။ခွန်း၏ကမ္ဘာလေးသည်အလွန်လှသွေးကြွယ်နေသည့်ရောင်စုံပန်းများ ပွင့်ဖူးနေသည့် ဥယျာဉ်ငယ်လေးဖြစ်နေ၏ ။ မြက်ခင်းစိမ်းလေးပေါ်၌အိပ်ပျော်လျက်ရှိနေသောခွန်း၏နှုတ်ခမ်းလေးမှာ တစစဖြင့်ပူနွေးကာချိုမြိန်မှုတို့ဖြစ်ပေါ်လာသည်။မျက်လုံးဝိုင်းလေးများဖွင့်ကြည့်လေတော့ခွန်း၏နှုတ်ခမ်းချွန်ချွန်လေးများအားကြင်နာမှုအနွေးဓာတ်တို့ လွှမ်းခြုံပေးနေလေသော ချစ်ရသူ....

"ကိုကို "

"ကိုကို့ ခွန်းလေး ကိုကို့ကြောင့် နိုးသွားပြီလား "

"ကိုကို ခွန်းကို နမ်းနေတာလား "

"နမ်းနေတာမဟုတ်ပါဘူး၊ ခွန်းမှာပိုင်ရှင်ရှိမှန်းသိအောင် ကိုကိုက တံဆိပ်နှိပ်နေတာ "

"ဒါဆို ကိုကို ခွန်း ကို ခွင့်လွှတ်ပြီပေါ့နော် "

နူးညံ့ခြင်းအကြည့်တို့ တစစဖြင့်ပျောက်ကွယ်သွားလျက် စူးရဲလှသော ဒေါသမျက်ဝန်းများအဖြစ်သို့ပြောင်းလဲသွားသောချစ်ရသူ၏မျက်ဝန်းများဖြင့် ရုတ်တရက်ဆန်လှစွာ ရင်ဆိုင်နေရသည် ။ သူ၏လက်သေးသေးအား ကြင်နာခြင်းကင်းမဲ့စွာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသောချစ်ရသူ၏သန်မာလှသောလက်တစ်ဖက်ကြား၌ သူ လွတ်မြောက်နိုင်စွမ်းမရှိတော့ချေ။ လမ်းမလျှောက်နိုင်သောခွန်းကိုတရွတ်တိုက်ဆွဲခေါ်သွားလေသောကိုကို...

Hate fire ( Zawgyi and Unicode) Where stories live. Discover now