part 5

27.9K 2.3K 64
                                    

အိပ်ရာခင်းခရမ်းဖျော့ရောင်လေး၏အပေါ်၌ဖျော့တော့စွာလဲလျောင်းနေသောခွန်း။မို့အစ်နေသည့်မျက်လုံးလေးများပွင့်ဟလာချိန်မှာတော့မျက်နှာကျက်ဖြူဖြူကသာသူ့အားခရီးဦးကြိုပြုနေလေသည်။ယခင်အချိန်ကနိုးထလာချိန်တိုင်းခံစားရသောအေးစက်
နေသည့်သမံတလင်းပြင်အစားနူးညံ့လှသောမွေ့ရာခင်းပေါ်၌နာကျင်နေသောခန္ဓာကိုယ်လေးမှာနစ်မြုပ်နေသည်။လက်တွင်ချည်နှောင်ခံထားရလေ့ရှိသောလေးလွန်းလှသည့်သံကြိုးတို့အစားလက်ကောက်ဝတ်မှသွေးကြောစိမ်း
လေးများအားဖောက်ထုတ်ထားသော ဆေးထိုးအပ်နှင့်ဆေးပိုက်တန်းလန်းတို့ကသာ နေရာယူထားသည်။ ထိုနေရာမှထရန် ကြိုးစားသော်လည်း နာကျင်နေသောခန္ဓာကိုယ်မှာ စိတ်၏အလိုကိုမလိုက်နိုင်ခဲ့ပါချေ။

" နိုးနေပြီလား "

ထိုအသံမှာခွန်းဘ၀တစ်သက်စာ၌ဘယ်သောအခါမှမေ့
ပျောက်၍ရနိုင်မည်မဟုတ်ပေ။လေသံတို့မှာနူးညံ့သိမ်မွေ့ခြင်းတို့ကင်းမဲ့စွာမာကျော
အေးစက်နေပါသော်လည်း ခွန်းအတွက်တော့ ပြန်လည်ရှင်သန်နိုးထရန်အတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်မျှင်ပင်ဖြစ်ခဲ့လေ
သလား။ကြိုးစား၍ထခဲ့သော်လည်းမကြွနိုင်ခဲ့သောခန္ဓာငယ်မှာ
အသံပိုင်ရှင်၏အေးစက်လှသောမျက်နှာတော်အားမော်ဖူးချင်လွန်း၍လားမသိ..။ခုတင်ပေါ်၌ထိုင်ရက်ကလေးနှင့်ပင်ချစ်ရသူ၏အသံလာရာဆီသို့ငေးကြည့်နေမိသည်။ချစ်ရသူ၏ လက်မောင်းပေါ်သို့ သူစိမ်းတစ်ယောက်၏ ဖြူသွယ်သွယ်လက်များက နေရာယူနှင့်ပြီးသားဖြစ်နေ၏။ခွန်း၏အကြည့်တို့ကပင်နောက်ကျနေလေပြီ။ထိုသူသည်သူကိုင်တွယ်ထားသောစေတမာန်၏လက်
မောင်းမှသူ၏လက်အားခွာချကာခုတင်ဘေးမှလူတစ်
ယောက်စာထိုင်ခုံလေးတွင်ထိုင်လျက်ဆေးသွင်းထားရ
သောခွန်းလက်လေးများအားဆုပ်ကိုင်လာလေ၏။

" ခွန်း သက်သာရဲ့လားဟင်...ဘယ်နားနာသေးလဲ "

ဇွဲထက် စိုးရိမ်နေသောအသံများဖြင့်တိုးလျစွာပြောနေသော်လည်း သက်ဆိုင်သူမှာတော့ သူနှင့်မဆိုင်သလိုပင်။ "မသေသေးဘူးလား" ဟု တောင်မေးချင်နေသော အကြည့်စူးစူးတို့ဖြင့် စိုက်ကြည့်နေလေရဲ့...။

Hate fire ( Zawgyi and Unicode) Where stories live. Discover now