Part-11

19.5K 1.7K 42
                                    

ယူနီ

အနမ်းခြွေမယ် ကလေး..............

အပိုင်း၁၁

မင်းမြတ်သွန်း

ဒူးဖုံးဂျင်းပြာလေးရယ် အပေါ်က အင်္ကျီအပြာနှနှလေးကို တွဲဝတ်လိုက်ကာ မှန်ရှေ့မှာ ဟိုလှည့်ဒီလည့်ကြည့်နေမိသည်။ ထိုစဥ်ကျော်လွင်က


"အော်အော် သွန်းတို့များနော် အလှအပတွေ သိပ်ကြိုက်နေပါလား......

"အေးနော် ကျော်လွင် မှန်ကိုသူကြည့်နေတာ နာရီဝက်ရှိနေပြီ........

ကျောင်းကကောင်မလေးတစ်ယောက်နဲ့ နေတဲ့မိဆွေ က သူ့အခန်းသူမနေပဲ ခုကတည်းက ကျွန်တော့်အခန်းထဲရောက်လာသည်။ ကျော်လွင်ဟာလည်း ကိုမင်းနဲ့ တစ်ခန်းနေတာ သူ့အခန်းသူမနေကျပဲ မိမိအခန်းထဲနေကာ မိမိကိုပဲ လိုက်ကြည့်ကာ ပြောနေကျသည်။

မင်းမြတ်သွန်း ဆွေဇင်နဲ့ကျော်လွင်ကို နဂါးမျက်စောင်းနဲ့ ဒိုင်းကနဲ ကြည့်လိုက်သည်။

"ဘာလဲ ငါဘာသာ ဘယ်လောက်ကြာကြာကြည့်ပေါ့ မင်းတို့အလုပ်ပါလို့လား.....

"အမလေး အလုပ်တော့်မပါဘူး ငါ့သူငယ်ချင်းလေး မှန်ထဲဝင်သွားမှာစိုးလို့ပါ........

မိဆွေ ပြောလိုက်တဲ့စကား ကျော်လွင်ကထောက်ခံသည့်အနေနဲ့ လက်ဖဝါးရိုက်လိုက်ကျသည်။
မင်းမြတ်သွန်း ကုတင်မှာထိုင်လိုက်ကာ

"ဟဲ့ ညနေရောက်နေပြီရေကူးကျရအောင်......

"အေးဟဲ့ ကူးကျရအောင်ကျော်လွင်.......

"အေးသွားကျမယ်  .....

သူငယ်ချင်းသုံးယောက် ဟော်တယ်ကနေ ကမ်းခြေဘက် ထွက်လာခဲ့ကျသည်။ ဆွေဇင်ဟာလည်း ကောက်ရိုးဦးထုတ်ကြီးဆောင်းကာ ဂျင်းပြာပေါင်လည်လောက်နဲ့ပန်းရောင်အင်္ကျီလေးကိုဝတ်ထားသည်။
မိမိဆွေ ပေပေတေတေနေတတ်ပေမယ့် အရမ်းလှတဲ့မိန်းမငယ်လေးတစ်ယောက်ပါ။အသားဖွေးဖွေးရှိသည်။

ကျော်လွင်ကတော့ ကိုကိုပဲ ဆိုသလိုပေါ့ နေကာမျက်မှန်ကြီးတပ်ကာ အပေါ်အောက်အဝါရောင်ဆင်တူဝတ်ကာ စတိုင်ထုတ်နေသည်။အသားညိုညို အရပ်ကကျွန်တော့်ထက်ရှည်သည်။ရုပ်ဖြောင့်တယ် ဆိုရမည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now