Part-10

21.4K 1.7K 46
                                    

အနမ်းခြွေမယ် ကလေး..............

အပိုင်း ၁၀

မင်းမြတ်သွန်း

ကိုကို့ကို စာမေးပွဲမှာ အဆင့်ဝမ်းတူတမ်းဝင်ရင် ဆုပေးမည်ဆိုသောကြောင့် ကိုကိုပြန်အလာကိုစောင့်နေမိသည်။
ကိုကိုပြန်လာရင်တော့ ကျောင်းက လုပ်တဲ့ လေ့လာရေးခရီးကို ထွက်ဖြစ်အောင်ထွက်ဖို့ပြောရမယ်။

မင်းမြတ်သွန်း အားတင်းကာ စောင့်နေမိသည်။ ထိုစဥ်ကိုကိုကားသံ ကြားလိုက်ရတာကြောင့် ဧည့်ခန်းကနေ အိမ်တံခါးဝဘက်ကို အမြန်ပြေးလာခဲ့သည်။

ကားပေါ်ကဆင်းလာတဲ့ ကိုကို့ကို ပြုံးပြုံးကြီးစောင့်နေမိသည်။ကိုကိုက မိမိကို အူလည်လည်ကြည့်နေကာ

"အွန်..... ဝလုံးလေး ရုပ်ကြီးက ဘာဖြစ်နေတာလဲ ဖြီးးးလို့........

"ဟီ့..... ကိုကိုရေ သားကိုဆုချ........

မင်းမြတ်သွန်း မင်းမြတ်ခွန်းလက်က အိတ်ကိုဆွဲယူလိုက်သည်။ ဒရိုက်ဘာနေရာက ကိုမင်းကလည်းထွက်လာကာ နောက်က လိုက်လာသည်။

"ပေးပေးသားကို ကိုကိုလေးနေမယ်......

"အမ် အထူးအဆန်းပါလား......

ကိုကိုကထိုသို့ပြောနေတုံး နောက်က ကိုမင်းက

"အင်းသွန်းလေးကတော့ အကိုလေးခွန်းကို ပူဆာစရာ ရှိလို့နဲ့ တူတယ်..........

ကိုမင်းကြီးကို လှည့်ကြည့်ကာ သွား၃၂ ချောင်းလုံး ပေါ်အောင် ရယ်လိုက်မိသည်။ထိုနောက်က ကိုကိုနဲ့ အတူဆိုဖာမှာထိုင်လိုက်သည်။

ကိုကို ကိုမကြိုခင် Tvနောက်မှာ ဖွယ်ထားတဲ့ ကဒ်ကို ယူကာ ကိုကိုအနားကို ရောက်သွားကာ လက်ထဲက ကဒ်ကိုထိုးပြလိုက်သည်။

ဆိုဖာမှာ အနားယူနေတဲ့ ကိုကိုက လက်ထဲ ကကဒ်ကိုယူလိုက်ပြီးနော် အပြုံးတို့ကို ဝလုံးမြင်လိုက်ရသည်။ ထိုနောက်ကိုကို ထိုင်နေရာမှထကာ ဝလုံးကိုယ်လေးကို သိမ်းကာဖတ်လိုက်ကာ ခေါင်းက ဆံပင်လေးတွေကို ပွတ်ပေးနေသည်။

ကိုမင်းလည်းလုပ်စရာရှိတာ သွားလုပ်နေသည်။

"တော်လိုက်တာကွာ အရမ်းတော်
တယ် ချစ်ကလေး........

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniDonde viven las historias. Descúbrelo ahora