Part-7

21.3K 2K 39
                                    

အနမ်းခြွေမယ် ကလေး...........

အပိုင်း၇

ဒေါ်မေမြတ် သားဖြစ်သူ မင်းမြတ်ခွန်းနဲ့မင်းမြတ်သွန်း  တို့ အိပ်ခန်းထဲကို ဝင်လာခဲ့လိုက်သည်။ မြင်မြင်ချင်း သူမမျက်နာအပြုံးတစ်ပွင့် ထင်ဟပ်လာခဲ့သည်။

သားကြီးမင်းမြတ်ခွန်းက အိပ်ရာပေါ် ခြေကားယားလက်ကားယား အိပ်နေပြီး သားကြီးအပေါ်ကို သားငယ်လေးမင်းမြတ်သွန်းက မှောက်ကာ အကိုအတိုင်း ခြေကားယားလက်ကားယားလေး ထပ်အိပ်နေတော့သည်။

အသားလေးနှစ်ယောက်ရဲ့ ချစ်စဖွယ်မျက်နာလေးတွေကို သူမကုတင်ဘေးကနေ ငေးကြည့်နေမိသည်။ မိမိသားလေးမင်းမြတ်ခွန်းသည်။ သားငယ်လေးရောက်လာမှ ပျော်ပျော်ရွှင်ရွှင်ပြန်ဖြစ်လာသည်။မိမိမှာ အလုပ်မအားတာကြောင့် သားလေးတွေကို လျစ်လျူရှူမိနေရသည်။ဒီအတွက်တော့ စိတ်မကောင်းလှပါ။

ဒါပေမယ့် အကျင့်ဆိုးတစ်ခုက ရောက်ရှိလာသည်။ အဲဒါကတော့ ထိုကလေးငယ်နဲ့ ပတ်သတ်ရင် အထိမခံနိုင်တာပင်။ ထိုကလေးကိုစကားနဲ့တောင် အပြောမခံ။ သားငယ်လေးကို သားကသိပ်ချစ်ရှာသည်။အချစ်လွန်လွန်းလို့ ခက်လှသည်။

သားလေးအတွက် ညီလေးမွေးပေးချင်ပေမယ့် ကျွန်မက ကလေးထက်မရနိုင်တော့ပါ။ ထိုအတွက် သားကြီးကို အားနာမိသည် သနားမိသည်။ သားကြီးက ညီလေးညီမလေး သိပ်လိုချင်တာလေ။

ကျွန်မမှာ နှလုံးရောဂါရှိတာကြောင့် ကလေးထက်မရနိုင်တော့ပါ။ ရောဂါကြောင့် သားကြီးကိုတောင် မနည်းမွေးခဲ့ရတာလေ။ သားလေးနှစ်ယောက်ကို တစ်လှည့်ဆီ ပါးလေးတွေကို အနမ်းပေးကာ အခန်းထဲက ထွက်လာလိုက်သည်။

အလုပ်ကိုထွက်လာခဲ့ပြီး အလုပ်ရောက်တာနဲ့ အလုပ်တွေဆက်တိုက် လုပ်နေမိသည်။ကျွန်မအဖြစ်သည် အရင်အိမ်ရှင်မဘဝတုံးက သားကိုပူရ ယောက်ကျားကိုပူခဲ့ရသမျှ စိတ်ရဲ့ ပူပင်သောအတွေးတွေဟာ ခုတော့ တွေးချိန်တောင်မရ ကိုယ်ရောစိတ်ပါ အလုပ်ကိုအာရုံစိုက်နေရသည်။ ခင်ပွန်းဖြစ်သူ ထားခဲ့တဲ့ လုပ်ငန်းဖြစ်တာကြောင့် သားခွန်းလေး လုပ်ငန်းခွင် မဝင်ခင်အထိတော့ တည်တံအောင် ကျွန်မနှစ်ဆလောက် ကြိုးစားထားရမည်ဖြစ်သည်။ ထိုအချိန် ကျွန်မအတွင်းရေးမူး ကို​​ခိုင်ရောက်လာသည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniHikayelerin yaşadığı yer. Şimdi keşfedin