Part-6

22K 2K 59
                                    

အေနမ်းခြွေမယ် ကလေး.........

အပိုင်း၆

မင်းမြတ်ခွန်း

ကျွန်တော် တွယ်တာ ဆွဲထားတဲ့ ကြားက ရုန်းထွက်လာခဲ့သည်။ တွယ်တာကျွန်တော့်နောက်လိုက်လာပြီး ကျွန်တော့်လက်ကို ဆွဲလိုက်တာကြောင့် သူမပါးပြင်မှာ မျက်ရည်တွေစိုနေတာ ကျွန်တော်သတိ ထားလိုက်မိသည်။

ထိုနေ့က ကျွန်တော်သူမကို ခွင့်လွှတ်ခဲ့ပါသည်။ ကျွန်တော်သည် ဝလုံးလေးကို ထိရင်ဆက်ဆက်ထိမခံတတ်သူဖြစ်သည်။

ကျွန်တော် ထိုနေ့ကျောင်းဆင်းတော့ ဝေလင်းစိုးကို ရပ်ကွပ်နားက ပန်းခြံကိုချိန်းလိုက်သည်။ ပြသာနာအရင်းအမြစ်ကို မေးဖို့သာဖြစ်သည်။

ကျွန်တော့်ဒေါသတို့ မပြေသေးပါ။ ဝေလင်းစိုးအား ပန်းခြံမှာစောင့်နေမိသည်။

"ဟာသားကြီး ဖေ့သားကြီး ချိန်းလို့ပါလားကွ ဘာလို့လဲ.......

အသံကျယ်ကျယ်နဲ့ အော်ကာပြောလိုက်တဲ့ အသံကြောင့် ဝေလွင်စိုးမှန်း မင်းမြတ်ခွန်းသိလိုက်သည်။ မင်းမြတ်ခွန်းရဲ့ မျက်မှောင်ကျုံလိုက်မိသည်။

အနားရောက်လာတဲ့ ဝေလင်းစိုး အကျီ်လည်ဂုတ်ကို လက်နှစ်ဖက်နဲ့စုတ်ကိုင်သည်။ ဝေလင်းစိုးလန့်သွားတာ သူ့မျက်နာတွင် သိသားထင်ရှားလှသည်။

မင်းမြတ်ခွန်း ဒေါသသံစွတ်နေတဲ့ လေသံဖြင့်

"မင်းမလား တွယ်ကို ဝလုံးလေးက မွေးစားသားလို့ ပြောလိုက်တာ မင်းမလား...ဟမ်......

မင်းမြတ်ခွန်းအသံအရမ်းကျယ်သွားတာကြောင့် မြေကွက်လပ်မှာ နားခိုနေတဲ့ ခိုလေးများတောင် လန့်ကာပျံတတ်သွားကျသည်။

"သားကြီးရယ် ငါ...ငါ...တောင်းပန်ပါတယ်ကွာ လက်ကို အရင်လွှတ်ပါ.......

"ဒါဆို မင်းပြောလိုက်တာပေါ့ကွ ဟမ်!!!....

မင်းမြတ်ခွန်းရဲ့ လက်တို့လေပေါ်ဝဲတတ်သွားသည်။ အရှိန်တစ်ခုနဲ့ ဝေလင်းစိုးမျက်နာပေါ်ကို ရောက်သွားခဲ့သည်။မြေပြင်ပေါ်လဲကျသွားတဲ့ ဝေလင်းစိုးက မင်းမြတ်ခွန်းကို ထိပ်လန့်သွားဟန် အံအားသင့်ဖွယ် စိုက်ကြည့်နေမိသည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniTempat cerita menjadi hidup. Temukan sekarang