Part-8

21.6K 1.9K 56
                                    

အနမ်းခြွေမယ် ကလေး...........

အပိုင်း ၈

မင်းမြတ်ခွန်း

"ဒုန်း............"

"အားးးး နာလိုက်တာ........"

မင်းမြတ်ခွန်း စာလုပ်ရင်း အိပ်ငိုက်သွားတဲ့ မင်းမြတ်သွန်းကိုကြည့်ရင်းရယ်နေမိသည်။ မိမိက ကုတင်မှာ လက်တော့နဲ့ အလုပ်များနေတုံး ထိုကလေးငိုက်နေတာကိုကြည့်နေမိသည်။ ခုတော့ စားပွဲနဲ့ မိတ်ဆက်သွားလေပြီ။

"ဟားးးးး ဝလုံးလေးရယ် စားပွဲက သူ့ဘာသာနေတာကို ဘာလို့ နာဖူးနဲ့ အတင်း နမ်းခိုင်းနေရတာလဲ......."

မင်းမြတ်သွန်း ကုတင်ပေါ်က မိမိအကိုဖြစ်သူကို မျက်စောင်းနဲ့ ထိုးလိုက်ကာ နူတ်ခမ်းထော်ရင်း

"ကိုကိုနော် ဝလုံးကို လာမစနဲ့ စာမရလို့ပါဆိုနေ အီးးးး....ဟီးးး........"

တကယ်ပါပဲ စာမရလို့ဆိုပြီး အော်ငိုနေတဲ့ ချစ်စရာလူသားလေး။ ကုတင်ပေါ်ကအသာထကာ စားပွဲက သူလေးကို မလိုက်ကာ မင်းမြတ်ခွန်း ခုံမှာ ထိုင်လိုက်သည်။

သူလေးကိုတော့ မိမိပေါင်ပေါ်ကိုတင်လိုက်သည်။

"ဟင့်..... စာတွေကလည်း အကျင့်မကောင်းပု သူများကျက်ပြီဆို မရတော့ဘူး.....အီးးးး...... ဟီးးး........"

မြတ်စွာဘုရား စာကပဲ သူ့ကျက်ပြီဆို မရအောင်လုပ်တယ်တဲ့။ ငယ်ငယ်ကတည်းဖောင်းနေတဲ့ ပါးဖောင်းဖောင်းလေးတွေ ခုထိရှိနေတုံးပါ။ နီနီရဲရဲနဲ့ ထူထူအိအိ နူတ်ခမ်းလေးတွေကလည်း ခုထိရှိနေဆဲ သေးသေးလုံးလုံးနာတံလေးက ငိုနေတော့ ရဲနေသည်။

ထိုကလေးရဲ့ ဆံပင်လေးတွေ သပ်တင်ပေးရင်း

"ဝလုံး​လေး ကလည်း စာက အာရုံစိုက်ကျက်ရင် ရပါတယ်......."

မင်းမြတ်ခွန်းပြောသံကြားတော့ ပိုပိုပြီး နူတ်ခမ်းဆူလာတဲ့ မင်းမြတ်သွန်း။ ကလေးစိတ်လေးက မကုန်ချင်သေး။သူ့အကိုရဲ့ လည်ကုတ်ကို သိုင်းဖတ်ကာ ခါးကိုလည်းခွထားရင်း

"ကိုကိုကလည်း ဝလုံးလည်း အာရုံစိုက်နေတာပဲ အဲ့မျက်ခွံကြီးက စာလုပ်ရင် မှိတ်မှိတ်ကျသွားတယ် အဲဒါသူမကောင်းလို့ ဟီ့ဟီ့........."

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now