Part-9

20.8K 1.9K 22
                                    

အနမ်းခြွေမယ် ကလေး...........

အပိုင်း၉

မင်းမြတ်ခွန်း

"ကလုံ.....ဒုန်းးးးး..... ကလုံ......"

"အမလေးတော့်......."

"အား ပူတယ်ဗျ........"

မနက်စောစော အိပ်ရာထဲလှဲနေတုံး အသံစုံတီးဝိုင်းတစ်ခုကြောင့် မျက်လုံးမဖွင့်ကြည့် ရသေးဘဲ မျက်မှောင်ကျုံမိသည်။

"တော်ခ်ကွာ မဝေတို့ကလည်း မနက်စောစော နားညီးလိုက်တာ.........."

မင်းမြတ်ခွန်း အသံကျယ်ကျယ်ဖြင့် အော်ညည်းနေမိသည်။ သတိတစ်ချက်ဝင်လာမိသည်။ မိမိရင်ဘက်ပေါ် အိပ်နေကျကောင်လေး မရှိခြင်းကို ဖြစ်သည်။

ရင်ဘက်ပေါ်လက်နဲ့စမ်းလိုက် ဘေးနားမှာများအိပ်နေမလားလို့ လက်နဲ့စမ်းနေပေမယ့် နေရာအလွတ်သာတွေ့သည်။ ဘယ်များရောက်သွားတာလဲ။ အလန်တကြား ထထိုင်ကာ မျက်လုံးကို ပွတ်ကာ တစ်ခန်းလုံးဝေ့ကြည့်ကာ ရှာနေမိသည်။

"ဟွန့် ဝလုံးလေးဘယ်ရောက်နေတာလဲ........"

ရေချိုးခန်းမှာများလာဆိုပြီး ရေချိုးခန်းထဲဝင်ရှာတော့လည်းမတွေ့ ။ ကုတင်အောက်ကိုရှာတော့လည်းမတွေ့။ ကိုယ်တော်လေးက အအိပ်မက်တယ်လေ ကုတင်အောက် ​များကျနေမလားလို့ ရှာရသေးသည်။

" မတွေ့ပါလား.....ဘယ်ရောက်နေတာလဲ........ ..."

"ခွမ်းးး....."

အောက်ထပ်က အသံက နည်းနည်းတော့ သံတရဝင်စရာကောင်းလာသည်။ မင်းမြတ်ခွန်း အောက်ထပ်သို့ အပြေးအလွှားဆင်းလာမိသည်။

အမွှေစိန်ဝလုံးကတော့ အောက်ထပ်မှာဘာတွေမွှေနေမလဲမသိ။ လောလောဆယ်တော့ အိမ်က အိုးခွပ်တွေ မကုန်ပါစေနဲ့လို့သာ ဆုတောင်းရင်း ဆင်းလာမိသည်။

အောက်ထပ်ရောက်တာနဲ့ နောက်ဖေးက အသံကိုကြားနေရသည်။

"အကိုလေးသွန်း ရယ် ထားလိုက်ပါ မဝေတို့ လုပ်ပေးပေါ့မယ်..........."

"ဟာ......သားက ကိုကိုအတွက် လုပ်ပေးချင်လို့ပါ........"

မင်းမြတ်ခွန်း နောက်ဖေးကို ဝင်ကြည့်မိလိုက်တော့ မိမိမျက်လုံးကိုတောင်မယုံနိုင်။ ကွဲနေတဲ့ပန်းကန်တွေဆိုတာလည်း အချပ်လိုက်။ ပေပွကာနေတဲ့ အရွက်တွေ အမှိုက်တွေကလည်း ကြမ်းခင်းမှာ အဖွေးသား ဖြစ်နေသည်။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now