Part-23

19.5K 1.4K 28
                                    

အနမ်း​ခြွေမယ် ကလေး..........

အပိုင်း၂၃

မင်းမြတ်သွန်း

စာသင်နေရင်း စိတ်ကမဖြောင့် နာရီကိုသာလှမ်းကြည့်နေမိသည်။ ကိုကိုပြန်လာပြီလား မသိ။ အရင်ကဆို ဆရာမနဲ့ပါစိတ်မချလို့ဆိုပြီး အနားမှာရစ်သီရစ်သီလုပ်နေသော ကိုကို အခုထိပြန်မရောက်သေးတာလား ရောက်ရဲ့သားနဲ့ တတ်မလာတာလားမသိ။

စာကိုသာရုံစိုက်ပြီး လေ့လာလိုက်သည်။ ထမင်းစာချိန်ကျတော့ဆရာမအချိန်ပြီးသွားသည်။ စားမေးပွဲနီးနေပြီမို့ ထွေထွေထူးထူး အသစ်သင်စရာမရှိ ကျက်စာတွေအလွတ်ဖြေ အင်္ဂလိပ်စာကို ပြန်ဖြေနေရသည်။

ဆရာမပြန်သွားသည် ထမင်းစားဖို့နောက်ဖေးဝင်လာလိုက်သည်။ နောက်ဖေးနဲ့အောက်ထပ်မှာလည်းမတွေ့။ မဝေကိုတွေ့တာနဲ့

"မဝေ ကိုကိုပြန်မလာသေးဘူးလား.....

"ဟုတ်သွန်းလေး မလာသေးဘူး.....

ဘယ်တွေများသွားနေတာပါလိမ့်။ ကိုကြီးကလည်း ကိုကို့ကို ဘယ်တွေများခေါ်သွားလို့အဲလောက်ကြာနေတာလဲမသိဘူး။

ထိုစဥ်မဝေက ဘေးနားလာထိုင်ကာ ကျွန်တော့်အား လေသံတိုးတိုးဖြင့်ပြောလာသည်။

"ဟိုလေသွန်းလေး သွန်းလေးမေမေနဲ့ဖေဖေပြောတာကြားတယ်......

ဘာလဲဆိုတာ သိချင်တာကြောင့် မဝေအနားကိုကပ်ကာ နားစွံလိုက်သည်။

"အင်းမဝေပြော.....

"သွန်းလေးအကိုမင်က တရုတ်မှာဆို အရက်အရမ်းသောက်တယ်တဲ့ သူမိန်းမကိုကြောက်လို့ မသောက်ရဲတော့တာ အဲဒါအရက်ဆိုင်များ.....

"အကိုမင်....အကိုမင်......

မင်းမြတ်သွန်း လက်သီးကိုဆုတ်ကာ အံကိုကျိတ်ရင်း မိမိ၏အကိုကြီးဖြစ်သူ လီမင်ကို ကျိန်းနေတော့သည်။ ထိုစဥ်မဝေက ဆက်ပြောလာသည်။

"အကိုလေးခွန်းက ခုတလော အရက်သောက်တာ ခဏခဏလိုဖြစ်နေတယ် သွန်းလေး အရက်စွဲသွားရင် ဒုက္ခပဲနော်....
တားပါအုံးကွယ်.....

"ဟုတ်လား ကိုကိုကတော့ တွေ့မယ် အရက်သောက်လာလို့ကတော့ ပြန်လာမှ တွေ့ကိုတွေ့အုံးမယ်......

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniWhere stories live. Discover now