part 21

6.6K 561 15
                                    

❤Unicode

"တူနောင်...တူနောင်...တူနောင်... ''

မင်္ဂလာသီချင်းသံလေးက မင်္ဂလာဆောင်ခန်းမထဲသို့ခပ်လွင်လွင်ပျံ့လွင့်လာသည်..။

မင်္ဂလာစင်ပေါ်မှာတော့ သတို့သားဖြစ်သူလုဟိုက်ခွမ်းတစ်ယောက် မိန့်မိန့်ကြီးပြုံးကာ လျှောက်လမ်းလေးရဲ့အပေါက်ဝကို လည်တစ်ဆန့်ဆန့်နှင့် မျှော်လို့နေသည်...။

မကြာလိုက်ပါ..။ ဖခင်လက်ကိုတွဲပြီး ခန်းမထဲသို့ဝင်လာသော အဖြူရောင်နတ်သားလေး..။ ဟိုက်ခွမ်းမျက်တောင်မခတ်တမ်း​ငေးကြည့်နေမိသည်..။

"သား...အားချန်ကို သားလက်ထဲအပ်ခဲ့ပြီနော်..''

"ဟုတ်ကဲ့ပါ ပါးပါး..ကျွန်တော်အားချန်ကို ကောင်းကောင်းစောင့်ရှောက်မှာပါ..''

ဟိုက်ခွမ်းနဲ့ကျိုးချန်တို့မင်္ဂလာစင်မြင့်ပေါ်တွင် မျက်နှာချင်းဆိုင်နေရာယူလိုက်ကြသည်..။ ဖာသာ၏ ကတိသစ္စာစကားတိုင်တည်ပြီးဆုံးချိန်မှာတော့ အဖြူရောင်သတိုးသားနှစ်ဦး၏နှုတ်ခမ်းနှစ်လွှာဟာ တစ်ထပ်တည်းဂဟေဆက်ကြသည်..။

တစ်ဆက်တည်းမှာ ထိုလူသားနှစ်ဦးရဲ့ဘဝတွေဟာလည်း ထပ်တူကျသွားခဲ့ကြပြီဖြစ်သည်..။ ဧည့်ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာသံတွေနဲ့အတူ ပျော်ရွှင်ခြင်းရဲ့အငွေ့အသက်တွေလွှမ်းခြုံနေတဲ့ မင်္ဂလာပွဲလေးဟာ ဘုရားသခင်ရဲ့ကောင်းချီးတွေနဲ့ပြည့်နှက်နေခဲ့သည်..။

"ဟင့်!...ပါး!..မား!..ဟင့်!..ဟင့်!..''.

ကျိုးချန်တစ်ယောက်မိဘတွေနဲ့ ဖက်ပြီးငိုနေသည်..။

"အားချန်...ကလေးလား..အိမ်ထောင်သည်ပဲဖြစ်နေပြီ..မငိုနဲ့တော့..တိတ်တိတ်..''

ဝမ်မားက သားဖြစ်သူကျိုးချန်ရဲ့ကျောလေးကို ခပ်ဖွဖွလေးပွတ်ပေးပြီး နှစ်သိမ့်ရှာသည်..။

"ကဲပါ..ကျိုးချန်ရာ..ရုပ်ကြမ်းကြီးနဲ့နွဲ့မနေစမ်းနဲ့..ကြည့်ရဆိုးလိုက်တာ..ငါ့ယုန်လေးလောက်တောင် ကြည့်လို့မကောင်းဘဲနဲ့...''

ရိပေါ်နောက်လိုက်တော​့ ကျိုးချန်ရဲ့မျက်စောင်းက ဒိုင်းခနဲ့ရောက်လာသည်..။ ယုန်ပေါက်က ရိပေါ်ရဲ့လက်မောင်းကိုချိတ်ပြီး ပါးစပ်ကိုလက်ကလေးနဲ့အုပ်ကာ ကြိတ်ခွီနေသည်..။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now