❤Unicode
"ရိပေါ် ပစ္စည်းတွေ နေရာချပြီးပြီ ''
"အင်း အဆောင်မှူး ကျွန်တော်တို့ကိုခွင့်ပြုပါဦး ကျွန်တော်မနက်ဖြန်မှပဲ တစ်ခါတည်းအဆောင်ဝင်လိုက်တော့မယ်''
"ကောင်းပါပြီကွယ်''
ရိပေါ် အဆောင်မှူးကိုနှုတ်ဆက်လိုက်ပြီး ကျုိးချန်တို့နဲ့အတူ အဆောင်ပြင်ပြန်ထွက်လာလိုက်သည်။
"ရိပေါ် မင်းကဘာလို့ ငါတို့နဲ့ပြန်လိုက်မှာလဲ''
"ဘာဖြစ်ဖြစ်ကွာ''
ရိပေါ် စပ်စုနေတဲ့ကျိုးချန်ကို ပြန်ပြောပြီး သူ့ဆိုင်ကယ်ကြီးကိုမောင်းလို့ အိမ်ကိုသာပြန်လာခဲ့လိုက်သည်။
..........ရှောင်းကျန့်တစ်ယောက် မနက်အိပ်ယာနိုးလို့ မျက်နှာသစ်သွားတိုက်ဖို့အတွက် ကုတင်လေးပေါ်ကနေဆင်းလာလိုက်သည်။ ဒီမနက်တော့ ဘာသံမှမကြားရသေးပုံထောက်ရင် အနည်းငယ်တော့အခြေအနေကောင်းမယ်ထင်ပါရဲ့..။
သို့သော် သူ့ရဲ့အတွေးတွေကြာကြာမခံလိုက်ပေ..။ သူ့နာမည်ကို အော်ခေါ်လိုက်တဲ့အသံကိုကြားလိုက်ရသည်။
"ခွပ်!''
ကြားကြားချင်းသွားလိုက်ပေမယ့် အခန်းဝမှာတင် သူ့မျက်နှာကို လက်သီးနဲ့ထိုးခြင်းကိုခံစားလိုက်ရသည်။ ဒါလည်း သူ့အတွက်မဆန်းတော့ပါဘူး။
"မင်းကို ငါခေါ်နေတာဘယ်လောက်ကြာပြီလဲ ဟမ်!''
"ဟို..ဟို''
"ဘာဆင်ခြေမှမပေးနဲ့ ငါ့ကုတင်အောက်က ဆီးအိုးကို အခုသွားသွန်စမ်း! သွား!''
"ဟုတ်..ဟုတ်ကဲ့''
အခန်းတစ်ခန်းစီတိုင်းမှာ ရေချိုးခန်းရော အိမ်သာပါရှိပါသော်လည်း ရှောင်းကျန့်ကို ထိုသို့ပင်နှိပ်စက်ကြသည်။
ရှောင်းကျန့်လည်း ထိုလူရဲ့ဆီးအိုးကိုယူပြီး အများသုံးသန်းစင်ခန်းထဲမှာ သွားသွန်ပေးရသည်။ ခိုင်းတာတွေအကုန်လုပ်ပေးပြီးမှ ကျောင်းသွားဖို့အတွက် သူ့ကိုယ်သူပြင်ဆင်ရတော့သည်။
ကျောင်းနဲ့သူတို့အဆောင်က အနည်းငယ်ဝေးသည့်အတွက် သူကခြေလျှင်လျှောက်ရမှာဖြစ်သည်။ တခြားကျောင်းသားတွေလို စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေ သူမစီးနိုင်။ စီးလည်းမစီးတတ်ပေ..။
YOU ARE READING
🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)
Fanfictionလူတစ်ယောက်ကိုကာကွယ်ပေးချင်တဲ့စိတ်က...ယုန်တစ်ပိုင်းဝက်တစ်ပိုင်းလိုလူလေးနဲ့စတင်တယ်... wang yibo ငါ့ရဲ့အပြုံးလေးတွေကိုမြတ်နိုးတယ်ဆိုတဲ့မင်းအတွက်...ငါအမြဲပြုံးထားတယ်... xiao zhan