part 19

7.2K 630 14
                                    

❤Unicode

"ယုန်လေး..ကိုကိုသွားတော့မယ်နော်.. ကောင်းကောင်းနေခဲ့ရမယ်နော်...''

"ဟင့်အင်း..ကိုကို..ယုန်လေးကိုမထားခဲ့နဲ့လေ..ကိုကိုမရှိရင် ယုန်လေးဘယ်လိုနေရမှာလဲ..ကိုကို..ကိုကို...မသွားပါနဲ့..ကိုကို..!!!"

တားနေဆွဲနေပေမယ့်.တစ်ဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ပုံရိပ်လေးတစ်ခု..။ အေးချမ်းစွာပြုံးနေတ့ဲ့ကိုကိုက သူ့ကိုတကယ်ထားခဲ့တော​့မယ့်ပုံ...။

"ကိုကို..!!! "

"အစ်ကိုကျန့် သတိရလာပြီလား..အဆင်ပြေရဲ့လား...''

ဘေးနားကထိုင်နေတဲ့ ဖန်ရှင်းအသံကြောင့် ရှောင်းကျန့် ဘေးပတ်လည်ကိုကြည့်လိုက်သည်..။ သူ့အခန်းထဲကို သူပြန်ရောက်နေတာပဲ။ အိပ်မက်တစ်ခုက သူ့နှလုံးသားတစ်ခုလုံးကြေမွသွား​စေဖို့တက်နိုင်သည်တဲ့လား..။

"ကျန့်ကျန့်..ညကဘယ်လိုဖြစ်လို့ platform ပေါ်မှာအိပ်နေရတာလဲ..''

ကျိုးချန်ရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာ ညကအဖြစ်အပျက်တွေအကုန်လုံး ခေါင်းထဲအစီအရီပြန်ပေါ်လာသည်..။

"အစ်ကိုကျိုးချန် ကျွန်​ေတာ်သွားရမယ်...''

သွားရမယ်ဆိုပြီး ကုတင်ပေါ်ကဆင်းကာ အခန်းအပြင်ပြေးထွက်သွားတဲ့ရှောင်းကျန့်ကို ကျိုးချန်အတင်းလိုက်တားရသည်..။

"ကျန့်ကျန့် ဘယ်ကိုသွားမှာလဲ..မင်းကိုမင်းဘယ်သူဆိုတာသိသေးရဲ့လား..မင်းကိုချန်သခင်ကြီးကအသေသတ်ချင်နေတာ မင်းမသိလို့လား..''

ကျိုးချန်အော်လိုက်တော့ ရှောင်းကျန့်ကမျက်ရည်တွေဝဲပြီး ပြန်ကြည့်လာသည်..။

"အစ်ကိုကျိုးချန်...ညက..ညက ကိုကို့ကိုတွေ့လိုက်တယ်..ကိုကိုမသေဘူး..ကျွန်တော်လိုက်တော့ သူထွက်ပြေးသွားတယ်..အစ်ကိုကျိုးချန် ကိုကိုက..ကိုကိုက ကျွန်တော့်ဆီကိုဘာလို့တန်းပြီးပြန်မလာရတာလဲ..ဘာလို့လဲ...''

ရှောင်းကျန့်ကြမ်းပြင်ပေါ်မှာ အရုပ်ကြိုးပြတ်ထိုင်ချကာ ငိုနေမိသည်..။ ညက ရှောင်းကျန့်လက်ထဲမှာပါလာတဲ့ဆွဲကြိုးကြောင့် ကျိုးချန်အနည်းငယ်ရိပ်မိပြီးသားဖြစ်သည်..။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Kde žijí příběhy. Začni objevovat