part 4

11.5K 1.1K 9
                                    

❤Unicode

"ကလင်!..ကလင်!..ကလင်!''

ကျောင်းဆင်းဘဲလ်တီးသံနှင့်အတူ ကျောင်းသားများအသီးသီးပြန်ကုန်ကြသည်..။

"ဝက်ကလေး ပြန်မယ်လေ''

"အင်း..ရတယ်၊ ရိပေါ် ငါ့ဘာသာပဲလမ်းလျှောက်ပြန်သွားလိုက်တော့မယ်..''

"ရော်! ဝက်ကလေးရာ ခက်ပါပြီလား၊ အဆောင်တူနေတာပဲကို လိုက်ခဲ့နော်..''

အတင်းခေါ်နေတာကြောင့် ငြင်းမရတဲ့အဆုံး ရှောင်းကျန့်လိုက်ခဲ့လိုက်ရသည်..။ နှစ်ယောက်သားဆိုင်ကယ်စီးပြီး အဆောင်သို့ပြန်ခဲ့လိုက်၏..။

"ရိပေါ်..''

"ဟင်!''

"မင်းကဒီနေ့မှအဆောင်ဝင်ရတာလား''

"အင်းလေ..ဘာဖြစ်လို့လဲ ''

"ဘာမှမဖြစ်ပါဘူး၊ မင်းကကျောင်းသားသစ်ဆိုတော့ ဒီနေ့မှအဆောင်ဝင်ရမယ်ထင်လို့လေ..''

"ဪ..''

"ဒါနဲ့ရိပေါ်..မင်းဘာလို့ငါ့ကိုကူညီနေတာလဲ''

"ငါက ငါ့အရှေ့မှာမတရားတာတွေ့ရင် ဝင်ပါလိုက်ရမှနေသာထိုင်သာရှိတာလေ၊ အဲ့ဒါကြောင့်ဝင်ကူညီလိုက်တာ..''

"ဪ....''

စကားတပြောပြောနဲ့ပဲ အဆောင်ကိုပြန်ရောက်လာခဲ့ကြသည်..။ အဆောင်ကလုပ်ပေးထားတဲ့ ဆိုင်ကယ်ထားတဲ့ parking မှာ ဆိုင်ကယ်ကိုရပ်ထားလိုက်၏။

"လာ..ဝက်ကလေး သွားစို့ ''

ရိပေါ်အဆောင်ထဲသို့ဝင်လာလိုက်သည်..​​။ကျိန်းသေပေါက်အနောက်ကနေ ယုန်ပေါက်ပါလာတာပေါ့..။ အခန်းတစ်ခုရှေ့ရောက်တော့ ရိပေါ်တံခါးဖွင့်ဖို့လက်အလှမ်း ယုန်ပေါက်ဆီက အလန့်တကြားအသံလေး ထွက်လာ၏။ 

"အယ်! ရိပေါ် အဲ့ဒါငါ့အခန်းကြီးလေ၊ မင်းကဘာဝင်လုပ်မလို့လဲ..''

"ဒါကမင်းအခန်းလားဝက်ကလေး..''

"အင်းလေ..''

"ဒါဆိုရင်တော့ so happy ပါဝက်ကလေး၊ မင်းနဲ့ငါအတူတူနေရမှာပေါ့..''

ဝမ်ရိပေါ် ယုန်ပေါက်ကိုပြန်ပြောပြီး အောင်နိုင်သူအပြုံးကြီးနဲ့ အခန်းထဲဝင်သွားလိုက်သည်..။ ယုန်ပေါက်ကတော့ထုံးစံအတိုင်း အူလည်လည်နဲ့ အနောက်ကလိုက်ဝင်လာလေရဲ့..။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Kde žijí příběhy. Začni objevovat