part 14

7.9K 682 14
                                    

❤Unicode

"ရိပေါ်ကောကော ဒီမှာဆေးရုံဆင်းဖို့လက်မှတ်ရပြီ..''

ရီရီတစ်ယောက် ဒေါက်တာဆီမှလက်မှတ်ယူကာ အခန်းထဲသို့ ဝင်လာသည်...။

"ယုန်လေး ဆေးရုံဆင်းလို့ရပြီတဲ့ သွားရ​ေအာင် ဖန်ရှင်းရေ ပစ္စည်းတွေသယ်ခဲ့ပါဦး..''

ရိပေါ် ရှောင်းကျန့်အားခေါ်ကာ ကားရှိရာသို့လျှောက်လာလိုက်သည်..။ ရှောင်းကျန့်ကိုကားနောက်ခန်းတွင်သေချာထည့်ပေးကာ သူလည်းဝင်ထိုင်ပြီး ဖန်ရှင်းကိုစောင့်နေလိုက်သည်..။

ဖန်းရှင်းရောက်သည်နှင့် လေးယောက်လုံး စံအိမ်သို့ ပြန်လည်ခရီးနှင်ခဲ့တော့သည်..။

"ကျန့်ကျန့်ရေ ဆန်ပြုတ်သောက်ရအောင်နော်..''

ရိပေါ်ကဆန်ပြုတ်ပန်းကန်လေးအားကိုင်ကာ အခန်းထဲသို့ဝင်လာသည်...။

"ဟွန့်! ကိုကိုကလည်း မနေ့ကလည်းတစ်နေ့လုံး ဆန်ပြုတ်ပဲသောက်နေရတာ မသောက်ချင်တော့ဘူး..''

"ယုန်လေးကလည်း ဆရာဝန်ကသေချာမှာလိုက်တယ်လေ၊ နှစ်ရက်လောက်ဆန်ပြုတ်သောက်ရမယ်တဲ့၊ ဒီနေ့ပဲကျန်တော့တာကိုသောက်လိုက်ပါနော်၊ ယုန်လေးကလိမ္မာတယ်လေနော်၊ ကိုကို့ချစ်ဆုံးလေး..''

"ကိုကိုကလည်း ယုန်လေးကကောင်းနေပါပြီ..၊ ဘာမှမဖြစ်တော့ပါဘူး..၊ အဲ့ဆန်ပြုတ်ကြီးပဲသောက်နေရတာ ငြီးငွေ့လာပြီ..''

ယုန်ပေါက်တစ်ယောက် မျက်နှာကိုအစွမ်းကုန်ငယ်ကာပြောလိုက်သည်..။ ဆန်ပြုတ်မသောက်ရရေး ဒို့အရေးပဲ..။ မနေသာတဲ့အဆုံး ချစ်တတ်သူကြီးအမောင်ရိ​ေပါ်က အလျှော့ပေးရတာပါပဲ...။

"အင်းပါ... ဒီတစ်ပန်းကန်တော့သောက်လိုက်နော်..၊ ညနေကျရင်ယုန်လေးကြိုက်တဲ့ဖက်ထုတ်ပေါင်းဝယ်ကျွေးမယ်လေနော်...''

ဖက်ထုပ်ပေါင်းဆိုတာနဲ့ မျက်လုံးတွေဘလင်းဘလင်းဖြစ်သွားတဲ့ယုန်ပေါက်ကြောင့် ရိပေါ်မှာအသည်းတယားယား...။

"ဒီတစ်ပန်းကန်ပဲသောက်မှာနော်..၊ ညနေကျရင်တော့ ဖက်ထုပ်ပေါင်းတကယ်ဝယ်ကျွေးရမယ်..''

"ဟုတ်ကဲ့ပါဗျာ..ဝယ်ကျွေးပါ့မယ်နော်..''

ရှောင်းကျန့်, ရိပေါ်ခွံ့ကျွေးသော ဆန်ပြုတ်ကို မသောက်ချင်သောက်ချင်နဲ့သောက်လိုက်သည်..။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Место, где живут истории. Откройте их для себя