part 11

10K 809 55
                                    

❤Unicode

ရှောင်းကျန့်ဆေးရုံထဲသို့ပြေးဝင်လာတော့ အခန်းအရှေ့မှာရပ်နေသော ဝမ်ကျိုးချန်အားတွေ့ရသည်..။ ရှောင်းကျန့်,ဝမ်ကျိုးချန်နားသို့ အပြေးသွားလိုက်သည်...။

"အစ်ကိုကျိုးချန်...ရိပေါ်..ရိပေါ်ဘယ်မှာလဲဟင်..သူဘာမှမဖြစ်ဘူးမလားဟင်..''

"ရှောင်းကျန့်..စိတ်အေားအေးထားနော်ညီလေး သူဘာမှမဖြစ်တော့ပါဘူး..အခုစိတ်ချရတဲ့အခြေအနေရောက်နေပါပြီ..''

"အခုသူဘယ်မှာလဲဟင်..''

"VIP အခန်းထဲမှာ ညီလေးသွားလိုက်လေ..အစ်ကိုဆရာဝန်နဲ့တွေ့ပြီးရင် လိုက်လာခဲ့မယ်..''

"ဟုတ် အစ်ကို ''

ရှောင်းကျန့်,ရိပေါ်ရှိရာအခန်းထဲသို့ ဝင်လာလိုက်သည်..။ ကုတင်ပေါ်တွင်ဆေးပိုက်များဖြင့်ဆက်သွယ်ထားရပြီး သတိမရသေးသောချစ်ရသူအားကြည့်ကာ ရှောင်းကျန့်ရင်တွေနာကျင်ရပါသည်..။ ရိပေါ်လက်ကလေးအားဖွဖွလေးကိုင်ကာ နဖူးပေါ်ကျနေသောဆံစလေးများကို သပ်တင်ပေးနေမိသည်..။

တဖြည်းဖြည်းနဲ့အတိုက်အခိုက်တွေက စီးပွားရေးကိုပင်ထိခိုက်တာမဟုတ်ဘဲ လူကိုပါထိခိုက်လာပြီ..။ ချစ်ရသူရဲ့ ဖြူဖျော့နေသည့်မျက်နှာလေးအားကြည့်ကာ ရှောင်းကျန့်မျက်ရည်ကျ​ေနမိသည်..။ အတိုက်အခိုက်တွေကြားထဲမှာ သူ့ရဲ့လူသားလေး ဘယ်လောက်တောင်ပင်ပန်းနေလိုက်မလဲ..။

ခဏကြာတော့ ဝမ်ကျိုးချန်ရောက်လာသည်...။

"အစ်ကိုကျိုးချန် ဆရာဝန်ကဘာပြောလိုက်လဲဟင်..''

"အရှေ့ကလာတဲ့ကားကို အချိန်မှီရှောင်လိုက်နိုင်လို့ ကြီးကြီးမားမားထိခိုက်တာမျိုးတော့မရှိဘူး သစ်ပင်နဲ့​ေစာင့်မ​ိ​ေတာ့ ခေါင်းနည်းနည်းထိသွားတယ်..ခြေချင်းဝတ်လည်းအဆစ်လွဲသွားတယ်..ဒီလောက်ပါပဲ...''

"တော်သေးတာပေါ့ အရမ်းကြီးမထိခိုက်သွားလို့..''

"အင်း...''

ရှောင်းကျန့်ဝမ်ကျိုးချန်နဲ့စကားပြောနေတုန်း ရိပေါ်သတိရလာသည်..။ မျက်လုံးဖွင့်ဖွင့်ခြင်းတွေ့လိုက်ရတဲ့မျက်နှာကြပ်ဖြူဖြူကြောင့် ဆေးရုံရောက်နေတယ်ဆိုတာသိလိုက်သည်..။ ဘေးကိုကြည့်လိုက်တော့ သူ့ကိုစိုးရိမ်တကြီးကြည့်နေကြတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရတာကြောင့် မျက်မှောင်ကြုံ့မိသွားသည်..။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ