part 16

6.4K 637 34
                                    

❤Unicode

"Ring...Ring...Ring...''

ရှောင်းကျန့်အိပ်ပျော်နေတုန်း ဖုန်းလာတာကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ မိုးလင်းနေပြီဖြစ်သည်...။ ဖုန်းကိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့အသံလေးက ရှောင်းကျန့်ရဲ့တစ်နေ့တာကို ပြည့်စုံစေသည်..။

"Hello ယုန်ပေါက်လေး..နိုးပြီလား..video call ဖွင့်လိုက်..''

ရှောင်းကျန့် video call ဖွင့်လိုင်သည်နှင့် ပေါ်လာသော မျက်နှာလှလှလေး..။

"ကိုကို..မှောင်နေသလိုပဲ..ဘယ်နားရောက်နေတာလဲဟင်..''

"ကိုကိုကားထဲမှာ...အခုပြန်လာတော့မလို့..ယုန်လေးအတွက်လက်ဆောင်ဝယ်ထားတယ်..ဒီမှာကြည့်..ကြိုက်လား..''

ကားနောက်ခန်းကနေ လှမ်းယူပြလာတဲ့ယုန်ရုပ်အကြီးကြီး...။

"ယုန်ရုပ်ကြီး..လှလိုက်တာ..ကိုကို့ကိုအချစ်ဆုံးပဲ..မွ..''

ရှောင်းကျန့် phone screen ပေါ်က ရိပေါ်ရဲ့မျက်နှာလေးကို အနမ်းလေးပေးလိုက်သည်..။

"ဟား....ဟား..ဟုတ်ပါပြီကွာ..ဒါဆိုကိုကိုပြန်လာခဲ့တော့မယ်နော်..bye..bye..ယုန်လေး..ချစ်တယ်နော်..မွမွ...''

ရိပေါ်ဖုန်းချသွားတာနဲ့ ရှောင်းကျန့်ရေမိုးချိုးကာ ခုန်ပေါက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်..။ ရိပေါ်ပြန်လာရင်စားဖို့အတွက် ထမင်းဟင်း​ေတွကိုလည်း ကိုယ်တိုင်ချက်ပြုတ်နေလိုက်သည်..။

ချက်ပြုတ်ပြီးတာနဲ့ အိမ်ရှေ့ကစားပွဲခုံပုဖြူဖြူလေးဘေးနားမှာထိုင်ကာ စာအုပ်ဖတ်ရင်း ရိပေါ်ပြန်အလာကိုစောင့်နေလိုက်သည်..။

"Ring...Ring..Ring...''

"ဟယ်လိုအစ်ကိုကျိုးချန်...ဘာဖြစ်လို့လဲ...''

"ကျန့်ကျန့်..အစ်ကိုပြောတာကို သေချာနားထောင်နော်..စိတ်ကိုခိုင်ခိုင်ထားနော် ကျန့်ကျန့်လေး..''

"အစ်ကိုကျိုးချန်.. ဘာဖြစ်လို့လဲဟင်..ပြောပါ..ရပါတယ်..''

ကျိုးချန်အသံကအနည်းငယ်တုန်ယင်နေတာကြောင့် ရှောင်းကျန့်အနည်းငယ်တော့စိုးရိမ်မိသည်..။ လုပ်ငန်းမှာတစ်ခုခုဖြစ်လို့များလား။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now