part 3

12.2K 1.2K 26
                                    

❤Unicode

ကျောင်းဆင်းဘဲလ်တီးတာနဲ့ ဝမ်ရိပေါ်တစ်ယောက် အခန်းထ​ဲကထွက်လာလိုက်သည်..။ ခဏအကြာ မိမိအနောက်မှာယုန်ပေါက်ရဲ့ ခြေသံမကြားတာကြောင့် အနောက်လှည့်ကြည့်မိတော့ ယုန်ပေါက်ကမပါလာ..။

ရိပေါ်စာသင်ခန်းဆီကို ပြန်ပြေးရပြန်သည်..။ သူ့ယုန်ပေါက်လေးကို တစ်ယောက်ယောက် အနိုင်ကျင့်နေရင်ဒုက္ခ..။ ဝမ်ရိပေါ်အခန်းဝရောက်တာနဲ့ နောက်ဆုံးတန်းလေးကို အရင်ဆုံးကြည့်မိရသည်..။

"ဟူး....တော်ပါသေးရဲ့..''

ထိုင်ခုံပေါ်မှာနေရာမရွေ့ဘဲ တွေတွေလေးထိုင်ငိုက်နေတဲ့ယုန်ပေါက်လေး...။ တစ်စိတ်လောက် ယုန်ပေါက်ကဗိုက်ကိုလက်နဲ့ဖိထားတာပဲ..။

"ဟာ! ဒုက္ခပါပဲကွာ အဆာတွေလွန်ကုန်တော့မှာပဲ ရှောင်းကျန့်!!!''

ဝမ်ရိပေါ် ယုန်ပေါက်အားအော်ခေါ်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ယုန်ပေါက်နားကိုသွားကာ လက်တစ်ဖက်ကိုဆွဲခေါ်လိုက်သည်...။

"လာ..သွားမယ်..''

"ဘယ်ကိုသွားမှာလဲဟင်''

သူ့ကိုမော့ကြည့်ပြီး ဖျော့တော့တော့လေသံလေးနဲ့ပြောလာတဲ့ ယုန်ပေါက်ကြောင့် ရိ​ေပ​ါ်အသံကိုနှိမ့်ကာ ချော့ခေါ်ရသည်...။

"ကန်တင်းသွားမယ်လေ ဝက်ကလေးရယ်၊ မင်းအဆာလွန်ရင် ဗိုက်အောင့်နေလိမ့်မယ်လေ..''

"ငါ့မှာပိုက်ဆံမရှိဘူး..''

ညှိုးငယ်စွာပြောလာတဲ့အသံလေးကြောင့် ဝမ်ရိပေါ်မှာစိတ်မကောင်းဖြစ်ရပြန်သည်။

"ဝက်ကလေး မင်းကိုငါမေးမယ်၊ ငါကဘယ်သူလဲ''

"ဝမ်ရိပေါ်..''

"အေး..ငါကဝမ်ရိပေါ်ပါကွ..''

"အဲ့ဒါ ငါကဘာလုပ်ရမှာလဲ''

"ဟာ...မင်းမှာပိုက်ဆံမပါရင် ငါ့မှာပိုက်ဆံပါတယ်လေကွာ၊ အဲ့တော့ အခုထတော့ မင်းကိုငါကျွေးမယ်၊ အဆာလွန်နေမယ် ဝက်ကလေးရာ..၊ ထပါကွာနော်..နော်..''

ရိပေါ်မရမကခေါ်မှပါလာတဲ့ယုန်ပေါက်..။ ဒါတောင်မလိုက်ဘူးလုပ်နေသေးတာကြောင့် အတင်းဆွဲခေါ်ခဲ့ရသေးသည်..။

🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)Where stories live. Discover now