❤Unicode
"ယုန်လေးရေ..ပြီးပြီလား...ကိုကိုတို့သွားရအောင်လေ..''
"ပြီးပြီကိုကို.. သွားကြမယ်..''
အခန်းထဲကထွက်လာတဲ့ယုန်ပေါက်ရဲ့မျက်နှာလေးဟာ ဒီနေ့မှပိုပြီးအပြစ်ကင်းစင်သလို..။ ဆေးရောင်တွေမပါတဲ့ ပကတိအလှတရားတွေနဲ့ပြည့်နှက်နေတဲ့ ယုန်ဖြူလေးက ဒီနေ့မှအရာရာထက်ပိုပြီး လှပလို့နေသည်..။
အဖြူရောင်ဝတ်စုံလေးကို သေသပ်စွာဝတ်ဆင်ကာ ယုန်သွားလေးနှစ်ချောင်းပေါ်အောင်ပြုံးပြပြီး မိမိလက်မောင်းကိုလာချိတ်သော ယုန်ပေါက်လေးကြောင့် တစ်ကမ္ဘာလုံးကိုပိုင်ဆိုင်လိုက်ရတဲ့ခံစားချက်လို ရိပေါ်ရဲ့ပြီးပြည့်စုံမှုစိတ်အစုံဟာ ကွေးညွတ်နေတဲ့ နှုတ်ခမ်းပါးနှစ်လွှာအောက်က မှဲ့နက်လေးမှာ မြစ်ဖျားခံသည်..။
နှစ်ယောက်သားလက်တွဲကာလျှောက်လာရင်း စံအိမ်ရဲ့စင်ဝင်အောက်က ပန်းပေါင်းစုံ၊ ဘောလုံးလှလှလေးတွေနဲ့ အလှဆင်ထားတဲ့ကားလေးအရှေ့မှာ ခြေနှစ်စုံဟာရပ်လျက်သား..။
အလှဆင်ထားတဲ့ကားလေးကိုကြည့်နေတဲ့ယုန်ပေါက်ရဲ့မျက်လုံးထဲမှာ မေးခွန်းတွေအစီအရီရှိလို့နေသည်..။ အရိပ်အကဲသိသောရိပေါ်က မေးခွန်းတွေထွက်မလာခင် အဖြေကိုကြိုပေးမိသည်..။
"ကိုကိုတို့နှစ်ယောက်က ဒီပါတီပွဲရဲ့အထူးပုဂ္ဂိုလ်တွေလေ..အဲ့ဒါကြောင့်ကားလေးကို ဒီလိုပြင်ဆင်ထားရတာ..''
"ဪ....''
သိချင်တာသိလိုက်ရတော့ ခေါင်းလေးတငြိမ့်ငြိမ့်လုပ်နေတဲ့ ယုန်ပေါက်ရဲ့နဖူးလေးကို အနမ်းဖွဖွပေးပြီး ဖန်ရှင်းဖွင့်ပေး ထားတဲ့တံခါးကနေ ကားအနောက်ခန်းထဲမှာ နှစ်ယောက်သား ဝင်ထိုင်လိုက်သည်..။
ထို့နောက် အလှအပတွေနဲ့ဝန်းရံထားတဲ့ကားအဖြူလေးဟာ ပျော်ရွှင်ခြင်းဗိမာန်လေးရှိရာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အလှပဆုံး လူအစည်ကားဆုံး ပန်းခြံကြီးရှိရာသို့ ဦးတည်မောင်းနှင်လာခဲ့သည်..။
နာရီဝက်လောက်မောင်းနှင်လို့အပြီးမှာတော့ ကားလေးဟာ ဘရိတ်အုပ်သံနဲ့အတူ တုန့်ခနဲရပ်သွားသည်..။
ВЫ ЧИТАЕТЕ
🐰 🅛🅞🅥🅔 🅡🅔🅐🅒🅣🅘🅞🅝 🐷 (complete)
Фанфикလူတစ်ယောက်ကိုကာကွယ်ပေးချင်တဲ့စိတ်က...ယုန်တစ်ပိုင်းဝက်တစ်ပိုင်းလိုလူလေးနဲ့စတင်တယ်... wang yibo ငါ့ရဲ့အပြုံးလေးတွေကိုမြတ်နိုးတယ်ဆိုတဲ့မင်းအတွက်...ငါအမြဲပြုံးထားတယ်... xiao zhan