FOD Extra 2 _Chapter _ 25 - Yu Cang Hai

Start from the beginning
                                    

FOD Extra 2 _Chapter _ 25 - Yu Cang Hai

သူတို့ရဲ့နှလုံးသားနဲ့ စိတ်ခံစားချက်ကို အပြန်အလှန်ဖွင့်ဟပြီးတဲ့နောက် တောင်ပိုင်းကို ဆက်လက်ထွက်ခွာလာကြတယ်။ ခရီးသွားတဲ့တလျှောက် တစ်နေရာကိုရောက်လို့ ညအိပ်နားကြရင် တစ်ယောက်ကိုတစ်ယောက် အတွင်းကျကျ ဆက်လက်လေ့လာ စူးစမ်းကြပြန်တယ်။ တောင်ကြားဒေသတစ်ခုကိုရောက်တော့ သူတို့ ချစ်တင်းနှောပြီး တစ်ယောက်ကိုတစ်ယောက် ပြင်းပြင်းပြပြ အနမ်းတွေကို ဖလှယ်ကြတယ်။

ကျိုးယွင်ရှန့်ရဲ့ခြေထောက်တွေက ဇီရွှမ်ရဲ့ခါးကို သိုင်းဖက်တွယ်ချိတ်ထားပြီး သူ့ရဲ့လျှို့ဝှက်အပေါက်လေးက အခုတိုင်မာကျောနေဆဲဖြစ်တဲ့ ဇီရွှမ်ရဲ့ယန်ချောင်းကြီးနဲ့ ပြည့်လို့နေတယ်။ ဇီရွှမ်ရဲ့လက်နဲ့ ဝမ်းဗိုက်တွေမှာ သုတ်ရည်တွေနဲ့ပေပွနေပြီး သူ့ရှေ့ကဖက်တွယ်ထားတဲ့ လူငယ်လေးကို တယုတယနဲ့ ပွတ်သပ်ပေးနေတယ်။ ကြည့်ရတာ သူတို့ချစ်ခရီးက ပြီးသေးမယ့်ပုံမပေါ်ဘူး။

"နောက်တစ်ခါ..."

ကျိုးယွင်ရှန့်က သူ့ကိုယ်ထဲကိုထိုးသွင်းထားတဲ့ ယန်ချောင်းကို အပေါက်ကျဉ်းလေးကနေ ညစ်လိုက်ပြီး ကျဉ်းကျပ်ပြည့်လျှံတဲ့ အထိအတွေ့ကြောင့် သူ့တစ်ကိုယ်လုံး ပူလောင်လာတယ်။ ဒါကြောင့် ဇီရွှမ်ရဲ့လည်ဇလုတ်ကို နမ်းပြီး ပြောလိုက်တယ်။ ဇီရွှမ်တစ်ယောက် ဘယ်လိုမှ တောင့်မခံနိုင်တော့ဘူး။ မာကြောလာတဲ့ သူ့ယန်ချောင်းကြီးကို ဆွဲထုတ်ပြီး အပေါက်ကျဉ်းလေးထဲ တရှိန်ထိုး ထိုးသွင်းဆောင့်ပစ်လိုက်တော့တယ်။ ဒါပေမယ့် ရုတ်တရက် သူ ရပ်တန့်လိုက်ပြီး သစ်ကိုင်းပေါ်ချိတ်လွှားထားတဲ့ အဝတ်ကိုယူကာ ကျိုးယွင်ရှန့်ကို ဝတ်ပေးလိုက်တယ်။

ချီဖောက်ပြန်ပြီးနောက် သူ့မရီဒန်ထဲက အတွင်းအားတွေကို အစကနေ ပြန်လေ့ကျင့်နေတာဖြစ်တယ်။ အခု သူ့ခွန်အားက လျော့ကျသွားရုံမက နာကျင်မှုက ပိုတိုးလာတယ်။ ကျိုးယွင်ရှန့်က Wuji Xinjing ကို အဆင့် ၇ ထိ ကျင့်ထားပြီဆိုပေမယ့် အဆင့်နိမ့်နေဆဲဖြစ်လို့ သူ့ကိုယ်ထဲက ကျန်းချီက ရုတ်တရက်ဖောက်ပြန်လာတာကို မသိလိုက်ဘူး။ ဇီရွှမ်က သူ့ချစ်သူကို အဝတ်မြန်မြန်ဝတ်ပေးပြီး သူ့ကိုယ်ပေါ်ကို ဘုန်းကြီးဝတ်စုံ ပြန်ဝတ်လိုက်တယ်။

"ထပ်ဖြစ်ပြန်တာလား.."

ကျိုးယွင်ရှန့်က ခဏ အာရုံစိုက်နားထောင်ကြည့်ပြီး ခေါင်းကိုယမ်းရင်း ပြောလိုက်တယ်။ ကျောက်စိမ်းဖြူရောင်ခြေထောက်လေးက လေထဲ လှုပ်ယမ်းနေတယ်။ ဇီရွှမ်က ခြေချောင်းလေးတွေကို ညင်သာစွာနမ်းလိုက်ပြီး ခြေအိတ်နဲ့ဖိနပ် ပြန်ဝတ်ပေးလိုက်တယ်။ ပြီးတော့ သူက တည်ငြိမ်စွာပြောလိုက်တယ်။

"မင်း ကတိသစ္စာပြုပြီးကတည်းက ငါတို့ နောက်ထပ်မတွေ့ဘဲမနေပါဘူး.. အကောင်းဆုံးက ဘယ်မှမသွားဘဲ ဒီနားမှာပဲထိုင်နေပါ.."

"ကျွန်တော် ခင်ဗျားကို ကူညီပေးမယ်.. စိတ်မပူပါနဲ့.. ကျွန်တော် သူတို့ကို မသတ်ပါဘူး.. သူတို့သိုင်းပညာကိုပဲ ဖျက်ဆီးလိုက်မှာပါ.."

ကျိုးယွင်ရှန့်က သစ်ကိုင်းတစ်ကိုင်းကိုချိုးပြီး မက်မုံပွင့်မျက်ဝန်းလေးနဲ့ ကြည့်ပြီးပြောတော့ ဇီရွှမ်က သဘောကျစွာ ရယ်မောလိုက်ပြီး လူငယ်လေးရဲ့ နီမြန်းတဲ့နှုတ်ခမ်းပါးကို နမ်းလိုက်တယ်။

Jiainhu ကျန်းဟူကလူတွေ ရောက်လာတော့ သစ်ပင်အောက်မှာ ဘုန်းကြီးဝတ်စုံနဲ့ လူနှစ်ယောက်ထိုင်နေပြီး တစ်ယောက်နဲ့တစ်ယောက် နမ်းနေတာကို တွေ့လိုက်ရတယ်။ တစ်ယောက်က ဘုန်းကြီးဝတ်စုံဝတ်ထားတာဖြစ်လို့ အံ့အားသင့်သွားပြီး သူတို့က ဒီနှစ်ယောက်ကို ချက်ချင်းကွဲအောင် ဆွဲခွာချင်စိတ်ပေါက်လာကြတယ်။

"ဆရာဦးလေး.. ဂိုဏ်းချုပ်ကြီးက ဆရာဦးလေးကို အပြစ်ခံယူဖို့ ပြန်လိုက်လာစေချင်တယ်.. တကယ်လို့ ဒီမကောင်းဆိုးဝါးကို သတ်နိုင်အောင် ကျွန်တော်တို့ကို ကူညီပေးတယ်ဆိုရင် ဆရာဦးလေး အရင်ကလုပ်ခဲ့တဲ့အပြစ်ကို ခွင့်လွှတ်ပေးမှာဖြစ်လို့ အပြစ်ခံယူစရာမလိုတော့ဘူး.."

သူတို့က အကျယ်ကြီးလှမ်းအော်လိုက်ပြီး မျှော်လင့်ချက်အပြည့်နဲ့ စိုက်ကြည့်နေကြတယ်။ မကောင်းဆိုးဝါးကိုသတ်တဲ့အခါ ကျန်းဟူကလူတွေနဲ့ ဇီရွှမ် ပူးပေါင်းဖို့ မျှော်လင့်ထားကြတယ်။ ဇီရွှမ်က မကောင်းဆိုးဝါးကျင့်စဉ်ကို ကျင့်ထားပေမယ့် သူတို့ အရေးမစိုက်ဘူး။ သူ့ကို ရှောင်လင်ကျောင်းတော်ကိုသာ ပြန်လိုက်စေချင်ကြတယ်။ ရှောင်လင်ကျောင်းတော်ကိုရောက်ရင် ဇီရွှမ့်ကို ဘယ်တော့မှ ကျန်းဟူဒေသကို ပြန်လာလို့မရအောင် ဖမ်းချုပ်ထားကြမှာသေချာတယ်။ အခု သူတို့ကြောက်တာက ဇီရွှမ်က ဒီမကောင်းဆိုးဝါးနဲ့ပူးပေါင်းပြီး ရာဇဝတ်မှုတွေ တစ်ခုပြီးတစ်ခု ကျူးလွန်မှာကိုပဲဖြစ်တယ်။

ကျိုးယွင်ရှန့်ကို သူ့ရှေ့မှာ မဟုတ်မမှန်စွတ်စွဲတာတွေ့တော့ ဇီရွှမ် စိတ်မရှည်တော့ဘဲ လူသတ်လိုရိပ်တွေ ထွက်ပေါ်လာတယ်။

"အော်မီတော်ဖော်.. ငါ အခြားလူတွေကို အလကား လျှောက်မသတ်ချင်ဘူး.. ငါ မင်းတို့အုပ်စုထဲက ဆူးကြာပွတ်သိုင်းသမား ကျန်းတောက်၊ သံမဏိလက်ဝါးသခင် ဖန်းချီ၊ ကျောက်စိမ်းမျက်နှာသခင် ဟော်ရှီးတောက်နဲ့ သိုင်းသမားယောင်းဖိန်ကိုပဲ သတ်မယ်.. ကျန်တဲ့သူတွေက ဒီကနေ ကိုယ့်ဘာသာ ထွက်သွားကြ.."

ဇီရွှမ်ရဲ့မျက်လုံးအစုံက မှေးစင်းလိုက်ပြီး လူတစ်ရာကျော်အုပ်စုထဲက လျှို့ဝှက်ဂိုဏ်းကိုချေမှုန်းလိုက်တဲ့ သိုင်းသမားတွေကို တွေ့လို့ လှမ်းပြောလိုက်တယ်။

ကျန်းချန်ရန်နဲ့မုကျင့်ကောက ယွီချန်းဟိုင်ရဲ့ လူသတ်ချင်တဲ့စိတ်က ပင်လယ်လိုနက်ရှိုင်းတယ်ဆိုတာ သိတယ်။ ဒါကြောင့် သူတို့က ကျန်းဟူဒေသက သိုင်းသမားတွေကိုသာ လှုံ့ဆော်သွေးထိုးပေးပြီး သူတို့ကတော့ လိုက်မလာကြဘူး။ ဒီလူအုပ်ကို ယွီချန်းဟိုင်တို့ဆီကို စေလွှတ်လိုက်ပြီး သူတို့က လုံခြုံမှုရှိတဲ့ စစ်တပ်ထဲကအဆောင်မှာ ပုန်းခိုစောင့်ဆိုင်းနေကြတယ်။

ဒီအုပ်စုဆီက ဘာမှပြန်ဖြေသံမကြားရတော့ ဇီရွှမ်က စိတ်မရှည်တော့ဘူး။ သူနဲ့ သူ့ချစ်သူအကြောင်းကို ဒီလူတွေ ပြောဆိုဝေဖန်ဖို့ ဘာအခွင့်အရေးမှမရှိဘူး။ တကယ်လို့ သူ့ကို ဒီလူအုပ်သာမက ဒီသိုင်းလောကတစ်ခုလုံးကပါ ပစ်ပယ်တယ်ဆိုရင်တောင် သူ ဘာမှ စိတ်ထိခိုက်နေမှာမဟုတ်ဘူး။

ဇီရွှမ်က ဒီလူစုရဲ့စကားကို နားမထောင်တော့သလို ဘာမှမပြောတော့ဘဲ ဦးခေါင်းကိုမော့ပြီး လူအုပ်ထဲက သံမဏိလက်ဝါးသခင် ဖန်းချီကို စူးစိုက်ကြည့်လိုက်တယ်။ ဖန်းချီက သူ့နာမည်ကို ထုတ်ပြောသံကြားကတည်းက အစောင့်တွေကို သူ့ပတ်လည်မှာ ကာရံထားစေပြီး အတွင်းအားကိုစုစည်းလို့ အလစ်ချောင်းတိုက်ဖို့ စောင့်နေတယ်။ သူတို့လူစုက တစ်ရာကျော်ရှိပြီး တစ်ဖက်က နှစ်ယောက်တည်းဖြစ်လို့ ဒီပွဲမှာ သူ သေချာပေါက်အမြတ်ထုတ်နိုင်မယ်လို့ ထင်ထားပေမယ့် ဇီရွှမ်ရဲ့ကျန်းချီက အရမ်းကို ထူးဆန်းလွန်းလှတယ်။

ဇီရွှမ်ရဲ့ကျန်းချီတွေ သူ့ကိုလာထိတော့ အဆိပ်ဓားအစင်းရေတစ်ထောင်၊ ပြင်းထန်တဲ့မီးလျှံ၊ မာကြောတဲ့ကျောက်စိုင်ကြီး တစ်ပြိုင်တည်း လာရိုက်ခတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး နှိုင်းယှဉ်မရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အားတွေက သူ့ကိုယ်ထဲဝင်ရောက်လာပြီး တစ်ကိုယ်လုံးကကြွက်သားတွေ၊ အရိုးတွေနဲ့ ကလီစာတွေအကုန် လောင်ကျွမ်းသွားစေတယ်။

တခြားသူတွေက ဖန်းချီဆီက 'အား'ခနဲ အသံကိုကြားလို့ လှည့်ကြည့်လိုက်တော့ ဖန်းချီရပ်ခဲ့တဲ့နေရာမှာ သွေးအိုင်တစ်ခုကိုသာ တွေ့လိုက်ရတော့တယ်။ ဖန်းချီက ငြိမ်းချမ်းစွာသေရဖို့မပြောနဲ့ အရိုးတစ်ခုတောင် မကျန်ရစ်ခဲ့ဘူး။

လူတွေအကုန် ကြောက်ရွံ့ပြီး ဖြူဖျော့ကုန်ကြတယ်။ ဒါပေမယ့် ကျန်းချီတစ်ခုက ဖိနှိပ်ထားလို့ သူတို့ ထွက်ပြေးလို့မရဘူး။ ဘာဖြစ်သလဲဆိုတာ မသိလိုက်ခင် ဇီရွှမ်ရဲ့အတွင်းအားက ကျန်းတောက်ရဲ့လည်ပင်းကို ရစ်ပတ်လိုက်ပြီး ခေါင်းပြတ်သွားတာကို တွေ့လိုက်ရတယ်။

ဟော်ရှီးတောက်နဲ့ ယောင်းဖိန်က လူအုပ်ထဲကနေ ထွက်ပြေးသွားကြပေမယ့် ဇီရွှမ်က သူတို့ရှိရာကို လက်ညှိုးညွှန်လိုက်တာနဲ့ ထွက်ပြေးသွားတဲ့နှစ်ယောက်နေရာက လင်းခနဲဖြစ်သွားပြီး ချက်ချင်း ပေါက်ကွဲလို့ ပတ်ပတ်လည်ကို သွေးမိုးရွာသလို သွေးတွေစင်သွားစေတယ်။

ဒီလောက်ကြမ်းကြုတ်တဲ့ လူသတ်နည်းကို ဒီလူစုက သူတို့ဘဝမှာ တစ်ခါမှမတွေ့ဖူးကြဘူး။ ကျန်းဟူဒေသက အကျော်အမော်လေးယောက်က မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရတယ်။ သူတို့အားလုံးက ဧကရာဇ်အဆင့်ကို ရောက်နေတာတောင် ဇီရွှမ်က လက်တစ်ချက်မြှောက်ရုံနဲ့ အလွယ်တကူ သတ်ပစ်လိုက်နိုင်တယ်။ ဒီမြင်ကွင်းကြောင့် အားလုံး ချွေးတောက်တောက်ယိုစီးကျလာပြီး တဆတ်ဆတ်တုန်ယင်တဲ့ လက်တွေနဲ့ လက်နက်ကို ဆုပ်ကိုင်ထားမိကြတယ်။

တချို့လူတွေက ပျော့ခွေကျနေပြီး တချို့က ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ကြတယ်။ တချို့လူတွေက မတ်တပ်ရပ်နေပေမယ့် တလှမ်းတောင်မလှမ်းဝံ့ကြဘူး။ တချို့လူတွေကတော့ လှုပ်ရှားနိုင်စွမ်းမရှိဘဲ ဇီရွှမ်ကာကွယ်ပေးတာကို ခံယူနေတဲ့ ယွီချန်းဟိုင်ကို ဖမ်းပြီး ဓားစာခံလုပ်ဖို့ ကြိုးစားကြတယ်။

ကျိုးယွင်ရှန့်က သစ်ပင်အောက်မှာထိုင်နေရင်း သူ့ဆီပြေးဝင်လာတဲ့ လူတချို့ကိုတွေ့တော့ ပြုံးပြီး သစ်ရွက်တချို့ကို အသာအယာ ပစ်လွှတ်လိုက်တယ်။ သူတို့က လွင့်ပျံလာတဲ့ သစ်ရွက်တွေကို ဓားနဲ့ဝင့်ပြီး ကာလိုက်ပေမယ့် တချွင်ချွင်အသံကြားလိုက်ရပြီး သစ်ရွက်တွေက သံမဏိလက်နက်ပုန်းတွေလို ရှေ့ဆက်တိုးပြီး သိုင်းသမားတွေရဲ့ဝမ်းဗိုက်ကို စိုက်ဝင်သွားကြတယ်။

ဒီသစ်ရွက်ထဲမှာ အားပြင်းတဲ့ကျန်းချီတွေပါလို့ သိုင်းသမားတွေရဲ့ အတွင်းအားသိုလှောင်တဲ့ တျန်းထန်းကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်ပြီး ချက်ချင်း မြေပြင်ပေါ်လဲကျလို့ မထနိုင်တော့ဘူး။ သူတို့က အတွင်းအားပျက်စီးပြီး သာမာန်လူလိုဖြစ်သွားလို့ အသတ်ခံရတာထက်တောင် ဆိုးသေးတယ်။ ဒါကိုလည်းမြင်ရော သိုင်းသမားတွေက ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားတော့တယ်။

ဒီလိုမြင်ကွင်းက သူတို့ခရီးစဉ်တလျှောက်မှာ အဆန်းတော့မဟုတ်တော့ဘူး။ သူတို့နှစ်ယောက်ရဲ့သိုင်းပညာက တူညီကြပြီး တစ်ယောက်က လူသတ်ရင် ကျန်တစ်ယောက်ကလည်း အလကားထိုင်မနေဘူး။ သူတို့နဲ့တွေ့တဲ့လူတိုင်းက သူတို့သေစေချင်တဲ့လူတွေက ဘယ်နည်းနဲ့ကြိုးစားကြိုးစား အသက်မရှင်နိုင်သလို သူတို့မသတ်ချင်တဲ့လူကိုဆို တစ်ချက်လေးတောင် စောင့်ငဲ့မကြည့်ဘဲ အသက်ရှင်ခွင့်ပေးလိုက်တယ်။

အချိန်ကြာလာတာနဲ့အမျှ ကျန်းဟူကလူတွေက သိုင်းကျမ်းလုမယ်ဆိုတဲ့အတွေးကို စွန့်လွှတ်လိုက်ပြီး ဓားတောင် မထုတ်ဝံ့ကြတော့ဘူး။ တဖြည်းဖြည်းနဲ့ သိုင်းသမားတွေ သိလာကြတဲ့အချက်က ယွီချန်းဟိုင်ရဲ့ဂိုဏ်းကို တိုက်ခိုက်ဖျက်ဆီးတဲ့သိုင်းသမားတိုင်း အသတ်ခံရပြီး ကျန်လူတွေက သူတို့ကိုရန်မပြုသရွေ့ ဘာမှ အန္တရာယ်ပေးမခံကြရဘူး။ ဒီအတွက် လူအများစုမှာ စိတ်သက်သာရာရသွားကြပြီး တဖြည်းဖြည်း စိတ်အေးလာကြကာ ညကို အိပ်ရေး၀၀ အိပ်နိုင်ကြတော့တယ်။ ဂိုဏ်းကိုဖျက်ဆီးတဲ့ သိုင်းသမားတွေကတော့ ဘယ်လောက်ပဲထွက်ပြေးဖို့ ကြိုးစားပါစေ၊ နောက်တစ်နေ့ရောက်တာနဲ့ လမ်းမထက်မှာ အသတ်ခံထားရတာကို တွေ့လိုက်ရတယ်။

ဒီအချက်က မကောင်းမှုမှာပါတဲ့လူတွေကို ထိန်းချုပ်မရ ကြောက်ရွံ့လာစေတယ်။ ဒါကြောင့် ဘယ်သူမှ သိုင်းကျမ်းလုဖို့ မစဉ်းစားဝံ့တော့ဘဲ တစ်ယောက်ယောက်က လာစည်းရုံးရင်တောင် ခေါင်းခါပြီး ငြင်းလိုက်ကြတယ်။ ဘယ်သူမှ သေလမ်းမရှာရဲကြပေမယ့် ရည်မှန်းချက်ကြီးတဲ့လူတွေကတော့ သိုင်းကျမ်းနဲ့ ရတနာသိုက်မြေပုံကို လုဖို့ ကျန်းဟူကလူတွေထပ်စုပြီး စေလွှတ်ပေမယ့် ထပ်တလဲလဲပဲ ရှုံးနိမ့်သွားကြတယ်။

စစ်တပ်က သူတို့နောက်ကို လိုက်လာကြပေမယ့် လူထောင်ချီစစ်တပ်ရဲ့ မြင်းခွာသံကို ဘယ်လိုမှ သိုဝှက်ထားလို့မရဘူး။ သူတို့လာနေသံကိုကြားရင် ဇီရွှမ်တို့နှစ်ယောက်က ဒီနေရာကနေ ပျောက်သွားကြတယ်။ သူတို့နောက်ကို ဆက်တိုက်လိုက်နေရလို့ စစ်တပ်က မောပန်းပြီး စစ်ဗိုလ်တွေ စစ်သားတွေ ဘယ်လိုမှ မခံနိုင်ကြတော့ဘူး။ နောက်ဆုံး ဘယ်စစ်တပ်မှ ဇီရွှမ်တို့ကို လိုက်မဖမ်းဝံ့တော့ဘူး။

ရွှေငွေဥစ္စာမရှိဘဲ ဘယ်သူမှ ကိုယ့်ရည်မှန်းချက်ကို ပြည့်အောင် မလုပ်နိုင်ဘူး။ အကြီးအကဲတွေက ရတနာမြေပုံကို လုဖို့စဉ်းစားနေချိန်မှာ ယွီချန်းဟိုင်က သတင်းလွှင့်လိုက်တယ်။

သူ့ရန်သူတွေကို သတ်ပေးတဲ့လူမှန်သမျှ ရတနာသိုက်မြေပုံ ပေးမယ်...။

ဒီသတင်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ရတနာသိုက်မြေပုံ လုံးဝမရတာထက်စာရင် ဒီလိုနည်းလမ်းတစ်ခုပေါ်လာတော့ လူတွေက စိတ်မဝင်စားဘဲ မနေနိုင်ကြတော့ဘူး။

ဂိုဏ်းအသီးသီးကခေါင်းဆောင်တွေက လက်ဝါးချင်းပွတ်ပြီး ချက်ချင်း လှုပ်ရှားကြတော့တယ်။ ယွီချန်းဟိုင်ရဲ့ရန်သူတွေက ဘယ်သူတွေလဲဆိုတာ သူတို့ထောက်လှမ်းကြည့်ချိန် ဇီရွှမ်လက်ချက်နဲ့ သေရင်သေ၊ မသေရင် ကျိုးယွင်ရှန့်လက်ချက်နဲ့ သိုင်းပညာ ပျက်ဆီးကုန်ကြပြီ။ ဒါပေမယ့် တောင်ပိုင်းက ထွက်ပြေးပုန်းရှောင်နေကြတဲ့ ကျန်းချန်ရန်၊ မုကျင့်ကောနဲ့ မုလွေ့လင်တို့ပဲ လွတ်နေတယ်ဆိုတာ သိရှိသွားကြတယ်။

သူတို့က ယွန်ခွန်ဖုန်းလက်ဦးသွားမှာစိုးလို့ ဂိုဏ်းအသီးသီးကနေ လူသတ်သမားတွေကိုလွှတ်ပြီး ပြန်ပေးဆွဲခိုင်းလိုက်ကြတယ်။ ဒီရက်ပိုင်းမှာ ယွန်ခွန်ဖုန်းလက်အောက်က သိုင်းပညာရှင်တွေက ဇီရွှမ်ရဲ့သိုင်းပညာနဲ့ ရက်စက်တဲ့လူသတ်ယန်ကို ကြောက်ရွံ့လို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတယ်။ သူတို့အားလုံးက ယွီချန်းဟိုင်ရဲ့ဂိုဏ်းကို ဖျက်ဆီးတဲ့အထဲမှာ ပါဝင်တဲ့လူတွေဖြစ်လို့ အသက်ဘေးကလွတ်အောင် အခု ထွက်ပြေးနေရပြီး သူတို့က ရတနာမြေပုံကိုလည်း စိတ်မဝင်စားကြတော့ဘူး။ ဒါပေမယ့် နောက်သုံးလေးရက်ကြာတော့ ကျန်းချန်ရန်၊ မုကျင့်ကောနဲ့ မုလွေ့လင်တို့ ထိတ်လန့်သွားစေမယ့် 'ထွက်ပြေးဖို့ကြိုးစားသူတိုင်း သေဆုံးသွားကြပြီ' ဆိုတဲ့သတင်း ရောက်လာခဲ့တယ်။

တကယ်တော့ ကျန်းချန်ရန်နဲ့ မုကျင့်ကောတို့က တကယ့်တရားခံတွေပဲဖြစ်တယ်။ သူတို့ရဲ့အသက်ကိုကယ်ဖို့ နောက်ဆုံးကောက်ရိုးတစ်မျှင်လို သဘောထားပြီး ယွန်ခွန်ဖုန်းဆီကို ပြေးလာကြတာဖြစ်ပေမယ့် သူတို့လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိတော့လို့ ပိယွင်ရွာနဲ့မုအိမ်တော်က လက်ကျန်ပစ္စည်းအားလုံးကို ခြစ်ခြုတ်သယ်လာပြီး သူတို့အသက်ကိုကယ်တင်ပေးဖို့ မျှော်လင့်ချက်နဲ့ စစ်သေနာပတိချုပ်အိမ်တော်ကို ပို့ဆောင်ခဲ့ကြတယ်။

ဒီကနေ့ ယွီချန်းဟိုင်ပြောတာကို ကြားလိုက်ရတော့ သူတို့ အားလျော့သွားသလို ခံစားလိုက်ရပြီး မျက်နှာက ဖြူဖျော့သွားကြတယ်။ နဂိုက မာန်မာနထောင်လွှားပြီး ယုတ်မာကောက်ကျစ်တဲ့ စိတ်နေစိတ်ထားတွေကို ဘယ်မှာမှ ရှာလို့မရတော့အောင် သွေးပျက်သွားကြတယ်။ မုလွေ့လင်က အခန်းတစ်ခုထဲမှာ ပုန်းအောင်းနေပြီး စောင်အထပ်ထပ်ခြုံထားပေမယ့် ကြောက်ရွံ့လွန်းလို့ အရိုးထဲအသားထဲထိ အေးစက်နေပြီး တခိုက်ခိုက်တုန်နေတယ်။

ကျန်းဟူဒေသမှာ မုလွေ့လင် မုဒိန်းကျင့်ခံလိုက်ရတဲ့သတင်းက တောမီးလို တောင်ပိုင်းတစ်ခြမ်းလုံး ပျံ့နှံ့သွားလို့ အိမ်တော်ကအစေခံတွေကတောင် သူမကို မလေးစားကြတော့ဘူး။ ဒါပေမယ့် အစောင့်တွေနဲ့ စစ်တပ်ကလက်အောက်ခံ တပ်သားငယ်တွေကတော့ ရမ္မက်အပြည့်နဲ့ သူမကို စော်ကားမော်ကားပြုချင်နေကြတယ်။

သူမက ကျန်းဟူဒေသမှာ မိန်းမလှလေးတစ်ပါးလို ပေါ်လာပြီး မြေပြန့်ဒေသတွေအထိ သူမကိုလေးစားသူတွေ အများကြီးကို ရရှိခဲ့လို့ နာမည်ကြီးခဲ့ပေမယ့် အခု သူမဂုဏ်သိက္ခာတွေက ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီ။ တစ်ချိန်က သူမကိုရစ်ဝဲနေတဲ့ ပန်းလိပ်ပြာလေးတွေက အခုချိန် သူမကို သွေးစုပ်တဲ့သူတွေ၊ ခေါင်းပုံဖြတ် အမြတ်ထုတ် အနိုင်ကျင့်တဲ့သူတွေအဖြစ်ကို ပြောင်းလဲလာကြပြီ။

အခု မုလွေ့လင်က နံရံထောင့်မှာ လူတစ်စုရဲ့ချောင်ပိတ်ခြင်းကိုခံလိုက်ရလို့ သူမက ဓားမြှောင်နဲ့ ဒီလူတွေကို အရှုံးမပေးဘဲ ပြန်တိုက်ခိုက်ခဲ့တယ်။ ဒါက သူတို့တွေရဲ့ အကြမ်းဖက်ချင်တဲ့စိတ်ရိုင်းကို ဆွပေးသလိုဖြစ်ပြီး သူမကို အကြမ်းပတမ်း မြေပြင်ကိုဆွဲလှဲချပစ်လိုက်ကြတယ်။ မုလွေ့လင်ရဲ့တျန်းထန်းနဲ့ မရီဒန်ကို ဖျက်ဆီးပစ်လိုက်ကြလို့ သူမရဲ့တိုက်ခိုက်မှုက အချည်းနှီးဖြစ်သွားခဲ့တယ်။ အခု သူမကို ကလဲ့စားချေတိုက်ခိုက်သူတွေက စစ်သေနာပတိချုပ် ယွန်ခွန်ဖုန်းရဲ့ အချစ်တော်တွေဖြစ်လို့ သူမကို ဘယ်စစ်သား၊ ဘယ်အစောင့်တွေကမှ မကူညီကြသလို သူမကို အသံထွက်ခွင့်တောင် မပေးကြဘူး။

သူမက အကြိမ်တချို့ အော်ဟစ်ရုန်းကန်နေရတယ်။ ဒါက ဒီကမ္ဘာပေါ်မှာရှိတဲ့ ငရဲတစ်ခုပေပဲလား။ ကံဆိုးစွာနဲ့ ယွီချန်းဟိုင်က သူတို့တွေကို အသက်ရှင်လျက် သေဆုံးသူလိုဖြစ်စေချင်တယ်လို့ သတင်းထုတ်ပြန်ထားပြန်တယ်။

အခုကြုံခဲ့ရတာက တကယ့်ဆိုးဝါးတဲ့အခြေအနေ မဟုတ်သေးဘူးဆိုတာ မုလွေ့လင်မသိသေးဘူး။ ဒါပေမယ့် သူမနှလုံးသားရဲ့ ထောင့်တစ်နေရာကနေ ဒီလိုအဖြစ်ဆိုးက အစပဲရှိသေးတယ်၊ ဒီထက်လူမဆန်တဲ့ နှိပ်စက်မှုတွေ လာနိုင်သေးတယ်ဆိုတာကို သိနေလို့ ရုတ်တရက် သူမ အသက်ရှင်ဖို့ သတ္တိလျော့ကျသွားပြီး ဓားမြှောင်ကိုမြှောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြံလိုက်တယ်။

"မင်း ရူးနေလား.."

မုကျင့်ကောက ညနက်ကြီး သူမသမီးရဲ့အခန်းကိုရောက်လာတော့ ဒီမြင်ကွင်းကိုမြင်လိုက်လို့ သူ့လက်ထဲကဓားရှည်နဲ့ ဓားမြှောင်ကို လွင့်သွားအောင် ရိုက်ထုတ်လိုက်ပြီး တီးတိုးပြောလိုက်တယ်။

"ငါ့နောက်လိုက်ခဲ့.. မြန်မြန်လုပ်.."

သူနဲ့ကျန်းချန်ရန်က ယွန်ခွန်ဖုန်းရဲ့အိမ်တော်ကနေ တိတ်တဆိတ်ထွက်ပြေးဖို့ ဆုံးဖြတ်ထားတယ်။ ယွီချန်းဟိုင်က သူတို့အသက်ကိုယူနိုင်ရင် ရတနာမြေပုံပေးမယ် ဆိုတဲ့သတင်းကိုကြားတော့ ယွန်ခွန်ဖုန်းက ရတနာမြေပုံအတွက် သူတို့ကိုရောင်းစားဖို့ စိတ်ပြောင်းသွားမှာကို ကြောက်ရွံ့နေကြတယ်။ ဘယ်သူကများ ရတနာတွေရမယ့်အခွင့်အရေးကို လက်လွှတ်ခံမတဲ့လဲ။ လူတွေရဲ့ အဆုံးမရှိတဲ့လောဘကို သိလို့ သူတို့အုပ်စုက နောက်မကျခင် ထွက်ပြေးဖို့ ကြိုးစားကြတာဖြစ်တယ်။

စွန့်ပစ်ခံရပြီလို့ တွေးထင်ပြီး စိတ်ဓာတ်ကျနေတဲ့မုလွေ့လင်က ဒီစကားကြောင့် အားတက်သွားပြီး သူမပိုင်ပစ္စည်းကို ကပျာကယာထုပ်ပိုးပြီး သူမဖခင်နဲ့အတူ လိုက်လာခဲ့တယ်။ ပြီးတော့ ကျောက်တုံးကြီးနားမှာ သူတို့ကိုစောင့်နေတဲ့ ကျန်းချန်ရန်နဲ့ ဆုံလိုက်တယ်။

သူတို့က နံရံကနေ ခုန်ကျော်ထွက်ပြီး ခြံဝင်းလေးတစ်ခုမှာ လျှို့ဝှက်ပြီး ညကို ခိုနေတယ်။ မနက် မြို့တံခါးဖွင့်လိုက်တာနဲ့ မြင်းကိုယ်စီစိုင်းပြီး မြို့နဲ့ဝေးရာကို ချက်ချင်းပြေးကြတယ်။

မနက်မိုးလင်းတော့ ဒီသုံးယောက်က သူ့အိမ်တော်ကနေ ထွက်ပြေးသွားပြီလို့ ယွန်ခွန်ဖုန်းက ကြေငြာလိုက်တယ်။ ကြေငြာထားတဲ့ငွေက များတယ်ဆိုပေမယ့် ဒီသုံးယောက်ကိုလိုက်ဖမ်းဖို့ သူ စိတ်မဝင်စားဘူး။ ဒါကြောင့် သူတို့တွေကို ဘယ်သူဖမ်းဖမ်း၊ ငွေတွေကို ဘယ်သူရရ သူနဲ့မဆိုင်ဘူးလို့ တရားဝင်ကြေငြာလိုက်တယ်။

ဒီလိုကြေငြာပြီးတာနဲ့ သူ့ရဲ့ဂုဏ်သတင်းက ချက်ချင်းထိုးတက်သွားတယ်။ ဒီလူက ငွေမမက်တဲ့သူ၊ အမှန်တရားဘက်တော်သား၊ ရဲရင့်တဲ့သူ ဆိုတဲ့သတင်းက လူတွေကြားပျံ့နှံ့ပြီး သူ့ကို လေးစားချစ်ခင်သူတွေ ပိုတိုးလာကြတယ်။

ဂိုဏ်းပေါင်းစုံကဂိုဏ်းချုပ်တွေက ဒီသတင်းက အယောင်ပြထောင်ချောက်လို့ထင်ပြီး သူလျှိုတွေကနေ သေချာစုံစမ်းကြတယ်။ ဒါပေမယ့် တရားခံသုံးယောက်ကို တောင်ဘက်နယ်စပ်မှာ တွေ့တယ်ဆိုတဲ့သတင်းကိုကြားရတော့မှ ယွန်ခွန်ဖုန်းရဲ့စကားကို ယုံကြည်သွားကြတယ်။ သိုင်းဂိုဏ်းပေါင်းစုံက လူသတ်သမားတွေလွှတ်ပြီး တရားခံသုံးယောက်ကို ဖမ်းခိုင်းတဲ့အပြင် ပိယွင်ရွာနဲ့ မုအိမ်တော်က ကျန်တဲ့သူအားလုံးကို ဖမ်းဆီးပြီး ယွီချန်းဟိုင်ကို လက်ဆောင်အဖြစ် ပေးဖို့ကြံကြတယ်။ ဒါပေမယ့် သူတို့သုံးယောက်ကို သေတာထက်ဆိုးတဲ့ဘဝမှာ ရှိစေချင်တယ်ဆိုတဲ့ ယွီချန်းဟိုင်ရဲ့စကားအရ သိုင်းဂိုဏ်းတွေက ဒီလူတွေကို မျိုးစုံနှိပ်စက်ကြတော့တယ်။

လျှို့ဝှက်ဂိုဏ်းက အသက်ရှင်ကျန်ရစ်သူတွေက အသက်ဘေးကြောင့် သေပြေးရှင်ပြေး ပြေးကြရတဲ့အတွေ့အကြုံကို မုကျင့်ကော၊ မုလွေ့လင်နဲ့ ကျန်းချန်ရန်တို့ ကိုယ်တွေ့ကြုံနေကြရပြီး သိုင်းဂိုဏ်းပေါင်းစုံက သူတို့ကိုအလိုရှိပြီး လိုက်ဖမ်းနေကြတယ်။ သိုင်းဂိုဏ်းတွေသာမက ကျန်းဟူမှာရှိတဲ့ လူတိုင်းကတောင် သူတို့ကိုတားဆီးဖို့ ကြိုးစားကြတယ်။ သူတို့က ဇီရွှမ်နဲ့ယွီချန်းဟိုင်ကို ရင်မဆိုင်ဝံ့ပေမယ့် ဒီတရားခံသုံးယောက်ကိုတော့ ရင်ဆိုင်ဝံ့ကြတယ်။ တကယ်လို့ သူတို့ကိုသာဖမ်းမိရင် ရတနာတွေရဦးမယ်ဆိုတော့ ဒါကိုမလုပ်တဲ့သူ ဘယ်သူမှမရှိကြတော့ဘူး။

သူတို့က ခုနစ်ကြိမ်တိတိ ဖမ်းဆီးဓားပြတိုက်ခံရတယ်။ ယွီချန်းဟိုင်က သူတို့ကို သေတာထက်ဆိုးတဲ့ဘ၀ ကြုံစေချင်လို့ ဒီသုံးယောက်ကိုမသတ်ပေမယ့် ဖမ်းမိတိုင်း ရိုက်နှက်နှိပ်စက်ကြတယ်။ ဒီအဖြစ်က အတော့်ကိုဆိုးဝါးလို့ နှစ်လအတွင်း မုကျင့်ကောနဲ့ ကျန်းချန်ရန်က လူရုပ်တောင်မပေါ်တော့ဘူး။ မုကျင့်ကောနဲ့ ကျန်းချန်ရန်က သတ်သေချင်စိတ်ပေါ်ပေမယ့် သတ်သေခွင့်တောင်မရကြဘူး။ ဒါကြောင့် လောကငရဲက ဘာလဲဆိုတာ သူတို့ သိသွားကြတော့တယ်။

ဒီလို အကြိမ်များစွာ နှိပ်စက်ခံရအပြီး နောက်ဆုံး ဒီသုံးယောက်က ပီကင်းမှာရှိတဲ့ ဘုရင်ရဲ့လက်ထဲကို ရောက်ရှိသွားကြတယ်။ ပီကင်းဘုရင်ရဲ့အာဏာက ယွန်ခွန်ဖုန်းနဲ့ တန်းတူဖြစ်ပေမယ့် ဒီဘုရင်က ပိုရက်စက်ကြမ်းကြုတ်တယ်။ အခု တောင်ပိုင်းက ပုန်ကန်နေလို့ နေပြည်တော်မှာ ရိက္ခာနဲ့ငွေကြေး ပြတ်လတ်နေကြပြီ။ ဒါကြောင့် သူတို့အသက်ရှင်ဖို့ လူသားစားခြင်း၊ မုဒိန်းကျင့်ခြင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို သတ်ဖြတ်ခြင်း စတဲ့ လူမဆန်တဲ့ရက်စက်မှုတွေနဲ့ ကျော်ကြားတယ်။

ဘုရင်က ဒီသုံးယောက်ကိုရပြီးနောက် လာလုဖို့ကြိုးစားတဲ့လူတိုင်းကို သတ်ဖြတ်နေရတယ်။ ဒါကြောင့် သူတို့ အသက်မသေခင် ဒီဖမ်းမိတဲ့သုံးယောက်ကို လာကြည့်ဖို့ လက်အောက်ငယ်သားတွေကတစ်ဆင့် ယွီချန်းဟိုင်ကို ဖိတ်ခေါ်ခိုင်းလိုက်တယ်။


🔪🔪🔪🔪🔪🔪🔪🔪🔪

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now