FOD Extra 2 _Chapter _ 22 - Yu Cang Hai

Start from the beginning
                                    

FOD Extra 2 _Chapter _ 22 - Yu Cang Hai


ကျိုးယွန်ရှန့်က ညသန်းခေါင်မှာ နိုးလာခဲ့တယ်။ သူနိုးလာတော့သူ့ ရင်ဘတ်က တင်းကြပ်နေတယ်လို့ ခံစားလိုက်ရလို့ စည်းနှောင်ထားတဲ့ ပတ်တီးကို ဖယ်ရှားပြစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရင်ဘတ်က ဓါးဒဏ်ရာက ဆေးကုစရာမလိုပဲ တလခွဲလောက်ဆိုရင် အလိုလိုပျောက်သွားမှာဖြစ်တယ်။

ဇီရွှမ်က သူ့ဘေးမှာထိုင်နေပြီး သွေးနီရောင်ရဲနေတဲ့ မျက်ဝန်းတွေနဲ့ ကျိုးယွင်ရှန့်ပျောက်ကွယ်သွားမှာကို ကြောက်ရွံ့တဲ့ အကြည့်တွေနဲ့ မျက်တောင် မခတ်တမ်း စိုက်ကြည့်နေတယ်။ ကျိုးယွင်ရှန့်နိုးလာတာကို တွေ့တော့ သူက ချက်ချင်းပဲ သူ့ရင်ဘတ်ထဲမှာ သိမ်းဆည်းထားတဲ့ သိုင်းကျမ်းကို ကမ်းပေးပြီး အသံအက်အက်နဲ့ပြောလိုက်တယ်။

"Wuji Xinjing သိုင်းကျမ်းက ဒီမှာပါ။ ငါ မင်း အတွက် သေချာသိမ်းဆည်းပေးထားတယ်။ ဒီသိုင်းကျမ်းကို စောင့်ရှောက်ဖို့ ငါ ကူညီပေးမယ်။"
သူ့လေသံက ချီးမွမ်းစကားဆိုမှာကို မျှော်လင့်နေပုံရတယ်။   ကျိုးယွင်ရှန့်က သိုင်းကျမ်းကို အသာယာ လှမ်းယူလိုက်တယ်။

"စိတ်မပူနဲ့တော့။ နောင်ခါမှာ တယောက်ယောက်က မင်းကို အနှောက်ယှက်ပေးချင်ရင် ငါ့ကို အရင်ဖြတ်ကျော်ပြီးမှ မင်းဆီကို ရောက်လာစေရမယ်။ "
ဇီရွှမ်က ကျိုးယွင်ရှန့်ကို အကြိမ်ကြိမ်အခါခါ စိတ်အားထက်သန်စွာ ကတိပေးနေတယ်။ နောက်ဆုံးတော့ သူ အချိန်မှီသွားခဲ့ပြီ။ ဒီလူငယ်လေးကို စောင့်ရှောက်ဖို့ အချိန်မှီလေး သူ ရောက်ရှိလာခဲ့ပြီ။ သူက လူငယ်လေးရဲ့ ဖြူဖျော့တဲ့ ပါးပြင်ကို ပွတ်သပ်ပေးချင်ပေမယ့် နည်းနည်းလေးမှ မလှုပ်ရဲဘူးဖြစ်နေတယ်။

ကျိုးယွင်ရှန့်က မပြုံးပဲ မနေနိုင်ဘူး။ သူက စိတ်ဆိုးမာန်ဆိုးနဲ့ ညင်ညင်သာသာလေးပြောလိုက်တယ်။
"အရူး"

"ဟုတ်တယ်။ ငါက တကယ့်ကို ရူးမိုက်တဲ့သူပါ။ "
သူသာ မရူးမိုက်ဘူးဆိုရင် သူချစ်တဲ့ လူငယ်လေးကို သေလုမျောပါး အဖြစ်ပျက်ကြားထဲ တွန်းချခဲ့မှာတဲ့လား။

"ခင်ဗျားသိရဲ့လား...."
ကျိုးယွင်ရှန့်က သိုင်းကျမ်းကို ခေါက်ပြီး ဘုန်းကြီးရဲ့မျက်နှာကို လှမ်းရိုက်လိုက်ချိန်မှာ မတော်တဆ ဒဏ်ရာကို ထိမိပြီး သူ့လည်ချောင်းထဲ သွေးတွေပြည့်လာလို့ ပြောလက်စ စကားကို ဆက်မပြောနိုင်တော့ဘူး။ သူ့ပါးစပ်ထဲက သွေးတွေက နူတ်ခမ်းထောင့်ကနေ စီးကျလာခဲ့တယ်။

"တောင်ကြားသခင်က မင်းရဲ့နှလုံးကို ပြန်ကောင်းအောင် ကုသပေးထားတာ။ အခု လက်လွှတ်စပယ် လှုပ်ရှားတာတွေ၊ စကားများများပြောတာတွေ မလုပ်သေးနဲ့ဦး။ နောင်အခါ မင်း နေကောင်းသွားရင် ငါ့ကို ကြိုက်သလောက် ဆူလို့၊ ရိုက်လို့ရတယ်။ အခုတော့ မင်း သေချာအနားယူလိုက်ဦး။ "

ဇီရွှမ်က ကျိုးယွင်ရှန့်မလှုပ်ရှားနိုင်အောင် အကြောပိတ်လိုက်ပြီး သိုင်းကျမ်းကို သူ့ရဲ့ င်္အကျီလက်ထဲ သေချာသိမ်းဆည်းပေးပြီး တင်းတင်းကျပ်ကျပ်ဖက်ထားရင်း ပြောလိုက်တယ်။ ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့ တောက်ပစိုစွတ်တဲပ့ မက်မုံပွင့်မျက်ဝန်းလေးတွေကို ကြည့်ပြီး အူယားသွားလို့ ကိုယ်ကို ငုံ့ကိုင်းလိုက်တယ်။
ဒီအပြုမူလေးက ဇီရွှမ်ရဲ့ ရင်ထဲက ပြင်းထန်တဲ့ စိတ်တွေကို လှစ်ဟပြနေသလိုပဲ။ သူက သူ့လက်တွေကို ကျိုးယွင်ရှန့်ရဲ့ မျက်နှာဘေးမှာ ထောက်ထားပြီး သူ့ ကိုယ်အလေးချိန် ကျိုးယွင်ရှန့်ပေါ် မဖိမိအောင် သတိထားလိုက်တယ်။ ပြီးတော့ နမ်းဖို့ ခေါင်းကို နှိမ့်လာတယ်။

ဇီရွှမ်ရဲ့ စိတ်နှလုံးတစ်ခုလုံးက ပုံမှန်မဟုတ်ပဲ ပြင်းစွာခုန်လာပြီး သူ့စိတ်ဝိဉာဉ် စုပ်ယူခံလိုက်ရသလို တကိုယ်လုံးကို တုန်ယင်သွားစေတယ်။ ဒီလူငယ်လေးရဲ့ နူတ်ခမ်းနဲ့ လျှာတွေက ဘာကြောင့် ဒီလောက်ထိအောင် ခံစားရစေတာလဲ။ သူ့တကိုယ်လုံး လေထဲ မြောက်တက်သွားသလို၊ ရေထဲက မှီတွယ်ရာမဲ့ မျောနေတဲ့ လှေလေးလို ခံစားသွားရစေတယ်။ လျှာနှစ်ခု ယှက်နွယ်သွားတော့ ခံစားချက်တွေက တခါတလေ ပျော်ရွှင်မှု၊ တခါတလေ ကြောက်ရွံ့မှုနဲ့ တွန့်ဆုတ်မှုတွေကို ခံစားလာရစေတယ်။ ဇီရွှမ်က ဒီလူငယ်လေးနဲ့ နှစ်ကိုယ်တစ်စိတ်ပူးပေါင်းလိုက်ချင်တယ်။ သူ့နှလုံးသားအောက်ခြေမှာ ဒီလူငယ်လေးကို သိုဝှက်သိမ်းဆည်းထားချင်တော့တယ်။

ပထမ ကျိုးယွင်ရှန့်က ဒီလူရဲ့ လျှာ သူ့အာခံတွင်းထဲ အတင်းထိုးဖောက်လာတဲ့အထိ ခုခံနေသေးတယ်။ နောက်တော့ သူ့အာခံတွင်းထဲ ရောက်လာတော့ သူ လိုသလို ထိန်းချုပ်တော့တယ်။

ဇီရွှမ်က သူ့ကိုယ်အောက်မှာရှိတဲ့ လူငယ်လေးကို ဘယ်လောက်တောင်စွဲလမ်း တပ်မက်မိသလဲဆိုတာ ကိုယ့်ဖာသာ သတိပြုမိတော့ အမှတ်တမဲ့နဲ့ လူငယ်လေးရဲ့ နားရွက်ဖျားက အဖုလေးကို အသာယာပွတ်သပ်ရင်း ဒေတာတွေကို လွှွဲပြောင်းပေးနေမိတယ်။

အခန်းထဲမှာ ညင်သာသိမ်မွေ့တဲ့ နူတ်ခမ်းခြင်းထိတွေ့သံတွေ ထွက်ပေးလာတယ်။ နောက်ဆုံး မီးငြိမ်းသွားတဲ့အချိန်ထိ သူတို့နှစ်ယောက် သည်းသည်းမည်းမည်းနမ်းနေမိကြတယ်။ မီးငြိမ်းလို့ မှောင်သွားတော့ ဇီရွှမ်က လူငယ်လေးရဲ့ နူတ်ခမ်းကနေ ခွာလိုက်တယ်။ သူ့မျက်နှာပေါ်မှာ ပြုံးနေပြီး ရွင်မြူးရိပ်တွေ ထင်ဟပ်နေတယ်။

ဇီရွှမ်က လူငယ်လေးရဲ့ အေးစက်တဲ့ လည်ပင်းကို အသာထိတွေ့လိုက်ပြီး ခေါင်းကို လက်နဲ့ အသာယာပွေ့ပြီး ညင်သာတဲ့ အနမ်းကို ထပ်ပေးလိုက်ပြန်တယ်။ သူက ကျိုးယွင်ရှန့်ရဲ့ နှာခေါင်းထိပ်ဖျားလေးကို အသာယာနမ်းလိုက်ပြီး အိပ်ယာပေါ်က ထလိုက်တယ်။ သူက မီးလင်းဖိုထဲ ထင်းတွေ ထပ်ထည့်လိုက်တော့ အခန်းထဲ လင်းလာခဲ့တယ်။ သူ ဝတ်ထားတဲ့ ဘုန်းကြီး ဝတ်ရုံက လျော့ရဲနေပြီး သူ့ရင်အုပ်ကို အထင်းသားပေါ်လွင်နေစေတယ်။ ဒါ့အပြင် သူ့ဝတ်ရုံအောက်ပိုင်းက စိတ်လှုပ်ရှားတက်ကြွတဲ့အတွက် စိုစွတ်တဲ့ အကွက်တစ်ကွက်ဖြစ်နေတယ်။ ဒါကို ဇီရွှမ်က ဖုံးကွယ်မယ့် ပုံမပေါ်သလို စိတ်အနှောက်ယှက်ဖြစ်ပုံလည်း မပေါ်ဘူး။

ကျိုးယွင်ရှန့်က တကိုယ်လုံး လှုပ်ရှားလို့မရအောင် အကြောပိတ်ထားခံရလို့ မလှုပ်မယှက်နေနေရပြီး ဇီရွှမ်အဝတ်ပေါ်က အကွက်ကို စိုက်ကြည့်နေလိုက်တယ်။ ဇီရွှမ်က ရှက်တဲ့ပုံနည်းနည်းလေးမှ မပေါ်ပဲ အဝတ်ကို ချွတ်လိုက်ပြီး အစောင်အောက်ကို တိုးဝင်လိုက်တယ်။ ပြီးတော့ ကျိုးယွင်ရှန့်ကို လက်မောင်းကြားထဲ ညင်သာစွာ ထွေးပွေ့ထားပြီး ကြင်ကြင်နာနာပြောလိုက်တယ်။

"အိပ်ကြစို့နော်...."
ဇီရွှမ်က စောင်ကို သူ့ကျန်းချီတွေနဲ့ အပူပေးလိုက်လို့ အိပ်ယာက အရမ်းကို သက်တောင့်သက်သာဖြစ်သွားလို့ ကျိုးယွင်ရှန့်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့တယ်။  ဇီရွှမ်ကတော့ တညလုံး မအိပ်ပဲ ကျိုးယွင်ရှန့်ကို သွေးနီရောင်မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။ ကျိုးယွင်ရှန့်နိုးလာတဲ့အခါ ဇီရွှမ်ရဲ့ မျက်ဝန်းတွေကို တွေ့တော့ အံ့အားသင့်သွားတယ်။ သူထင်ထားတာက ဇီရွှမ်က မကောင်းဆိုးဝါးချီတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်ပဲ အတွင်းအား ကမောက်ကမဖြစ်နေတယ်လို့ထင်ထားတာ။ ကြည့်ရတာ သူထင်တာ လွဲနေပြီထင်တယ်။ တညလုံး သူ့ကို ထွေးပွေ့ပြီး ကျန်းချီတွေနဲ့အပူပေးနေတာတောင် ဇီရွှမ်ကို ကြည့်ရတာ နည်းနည်းလေးမှ အားယုတ်တဲ့ပုံမတွေ့ရဘူး။ ကျင့်စဉ်ဖောက်ပြန်သွားမယ့် ပုံလည်း မတွေ့ရဘူး။

ကျိုးယွင်ရှန့်က သူ့ကို အကြောပိတ်ထားတာ ကောင်းကောင်းမပွင့်သေးတော့ စကားမပြောနိုင်သေးပဲ တီးတိုး အသံလေးပြုပြီး အချက်ပြလိုက်တယ်။ ဇီရွှမ်က သူ့ကို အကြောဖွင့်မပေးပဲ သမားတော်ကို ကျိုးယွင်ရှန့်ရဲ့ ပတ်တီးတွေကို ပြန်လဲပေးပြီး ဆေးထည့်ပေးဖို့ အမိန့်ပေးလိုက်တယ်။ သူက အိပ်ယာထက်က ထပြီး ဆေးကျိုထားတဲ့ အိုးထဲကနေ ပန်းကန်ထဲကို ဆေးဌဲ့ထည့်ပြီး မပူအောင် သေချာမှုတ်ပေးတယ်။ ပြီးမှ ကျိုးယွင်ရှန့်ရဲ့ကိုယ်ကို ထူမပေးပြီး တဇွန်းခြင်း ဝင်အောင ်တိုက်တယ်။

ကျိုးယွင်ရှန့်က ဆေးတွေကို ထွေးထုတ်ချင်ပေမယ့် အကြောပိတ်ထားလို့ ဘယ်လိုမှ ထွေးထုတ်လို့မရပဲ ဆေးတွေကို မြိုချရတော့တယ်။ ဆေးတွေက အရမ်းခါးလွန်းလို့ ဒီဆေးကို မြိုချလိုက်ချိန်မှာ သူ့မျက်ဝန်းထဲက မျက်ရည်တွေ ဝေ့တက်လာတယ်။ သူ့ပုံက ငိုသံမထွက်ပဲ ငိုကြွေးနေသလိုဖြစ်လို့ ဇီရွှမ်က ဆေးပန်းကန်ကို ချလိုက်ပြီး ကျိုးယွင်ရှန့်မျက်နှာ ကို အတော်ကြာအောင် ငေးမောကြည့်လိုက်ပြီး ဘယ်လိုမှ မချုပ်ထိန်းနိုင်တော့ပဲ လူတွေရှိနေတာတောင် သူက ကျိုးယွင်ရှန့်ကို နမ်းရှိုက်လိုက်တော့တယ်။

ဗုဒ္ဓဘာသာရဲ့စည်းကမ်းထဲမှာ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ဘယ်လိုခွဲခြားထားတယ်ဆိုတာ သူ ဂရုမစိုက်ဘူး။ သူ သိတာ ဒီလူငယ်လေးကို သူ သေလုမတတ် စွဲလမ်းနေတယ်ဆိုတာပဲ။ ဒါကြောင့် လူငယ်လေးကို အလောတကြီး နမ်းလိုက်တယ်။ တလောကလုံးက လူတွေက သူတို့ကို တားမြစ်ဆန့်ကျင်တယ်ဆိုရင်တောင်မှ ဒီလူငယ်လေးကို သူ အသက်ပေးပြီး ကာကွယ်ပေးသွားဦးမှာပဲ။

အခန်းထဲမှာ ရှိနေတဲ့ အလုပ်သင် သမားတော်လေးက ဒီမြင်ကွင်းကို တွေ့တော့ ထိတ်လန့်သွားပြီး လက်ထဲ ကိုင်ထားတဲ့ လင်ဗန်းကို ဖြစ်ညစ်လိုက်မိလို့ အသံကျယ်လောင်စွာမြည်သွားတော့တယ်။ ဒီလောက်ကျယ်တဲ့ အသံထွက်တာတောင် ဇီရွှမ်က အလေးမထားပဲ ဆက်လက်နမ်းနေတဲ့အတွက် ကျန်တဲ့သူတွေက မျက်လုံးအကြည့်ကိုလွဲပြီး အခန်းထဲက အလိုက်တသိ ထွက်သွားကြတော့တယ်။  အပြင်ကို ရောက်တော့မှ ပဲ သူတို့က ကျောပြင်မှာ ချွေးအေးတွေထွက်ပြီး ထိတ်လန့်နေကြတယ်။

ဒီလူက တကယ်ပဲ ဘုန်းကြီးဇီရွှမ်ပဲလား။ သူက ဘာကြောင့် လူငယ်လေးကို နမ်းနေရတာလဲ။

အဲ့ဒီအချိန်မှာ တောင်ကြားသခင်ရဲ့ အခန်းပြတင်းတံခါးမှာ ခိုတစ်ကောင် လာနားပြီး ပျော်ရွင်စွာ အသံပြုလိုက်တယ်။ နောက်သုံးရက်ကြာတော့ ကျိုးယွင်ရှန့်ရဲ့ ဒဏ်ရာက နည်းနည်းသက်သာစပြုလာပေမယ့် သူ့ ကိုယ်ထဲက အဆိပ်ကတော့ ထိန်းရုံပဲ ထိန်းထားနိုင်သေးတယ်။ အဆိပ်က အချိန်မရွေးပြန့်ပြီး သူ့အသက်ကို နူတ်ယူသွားနိုင်တယ်။

ဇီရွှမ်က နေ့တိုင်း ကျိုးယွင်ရှန့်သောက်ဖို့ ဆေးကို သွားယူတိုင်း တောင်ကြားသခင်ကို အေးစက်တဲ့ မျက်ဝန်းတွေနဲ့ကြည့်ပြီး သူ့အပေါ် ဖိအားတွေကို ပိုပို တိုးလာစေတယ်။ ဒီကနေ့ အလုပ်သင် သမားတော်လေးက ဆေးပန်းကန်ထည့်လာတဲ့ လင်ဗန်းကို သယ်လာပြီး စားပွဲပေါ်တင်ပေးထားတယ်။ ဇီရွှမ်က ဆေးပန်းကန်ကို ကျိုးယွန်ရှန့်လက်ထဲကို ထည့်ပေးပြီး ကူကယ်ရာမဲ့စွာနဲ့တိုက်တွန်းလိုက်တယ်။ ဆေးက ခါးလွန်းတာကို သိပေမယ့် ဒါကို သောက်မှရမှာဖြစ်လို့ ဇီရွှမ်က ရေကို အသင့်ခပ်ပေးထားတယ်။

ကျိုးယွင်ရှန့်က ဆေးပန်းကန်ကို မော့သောက်မလိုလုပ်ပြီးနောက် ဘာမှ မပြောပဲ ပန်းကန်ကို ကြမ်းပြင်ပေါ် ပြစ်ချလိုက်တယ်။ ဆေးပန်းကန်ကို ခွဲလိုက်တာ မြင်လိုက်တော့ အလုပ်သင်သမားတော်လေးက ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ကြောက်လန့်တကြားနဲ့ တောင်းပန်လိုက်တယ်။

"ဆေးထဲမှာ အဆိပ်ပါတာလား"
ဇီရွှမ်က မေးလိုက်ပေမယ့် သူ့လေသံထဲမှာ သေချာသိထားပြီးသလို ခိုင်မာနေတယ်။ ကျိုးယွင်ရှန့်က ခေါင်းငြိမ့်ပြလိုက်တယ်။

ကျိုးယွင်ရှန့်က လက်ကိုမြှောက်ပြီး သူ့နားထင်ကို လက်နှင့်ပွတ်လိုက်ချင်ပေမယ့် အခုချက်ချင်း လူသတ်တော့မလိုဖြစ်နေတဲ့ ဇီရွှမ်ရဲ့လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ဇီရွှမ်ရဲ့လက်နဲ့ကျောပြင်ကိုပဲ လက်နဲ့ ထပ်တလဲလဲ ပွတ်သပ်ပေးနေတယ်။ ဒီလိုပွတ်သပ်ပေးခြင်းက ဇီရွှမ်ရဲ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသလိုဖြစ်စေတယ်။

ကျိုးယွင်ရှန့်က အသားချင်းထိစပ်နေလို့ ဇီရွှမ် ဘယ်လောက်စိုးရိမ်နေတယ်ဆိုတာကို ခံစားမိလိုက်လို့ သက်ပြင်းဖွဖွချပြီး သူ့ရင်အုပ်ကို ကြည့်လိုက်တယ်။ သူက ကျင်းဟူဒေသကလူတွေရဲ့ ဆိုးယုတ်တဲ့နှလုံးသားနဲ့ အန္တရာယ်ကို သိစေချင်ရုံ ဒီလိုလုပ်ခဲ့ပေမယ့် ဇီရွှမ့်ကို မကောင်းဆိုးဝါးလမ်းစဉ်ထဲ လုံးလုံးကျရောက်သွားစေခဲ့တယ်။

လူဆိုးနဲ့လူကောင်းဆိုတာ ခွဲခြားထားတာမဟုတ်လု့ိ ဗုဒ္ဓလမ်းစဉ်ကိုပဲဖြစ်ဖြစ်၊ သူ့ကိုပဲဖြစ်ဖြစ် ရွေးမယ်ဆိုရင် ဇီရွှမ်က တစ်ခုကိုပဲရွေးချယ်ရမယ်။ သူ့ကိုရွေးလိုက်တာဖြစ်လို့ ဇီရွှမ်က သူ့ရဲ့ အရင်ကခင်မင်တဲ့မိတ်ဆွေတွေကို သစ္စာဖောက်ရမယ့်လမ်းကြောင်းပေါ်ကို ရောက်သွားခဲ့ရတယ်။ အခုတော့ ဇီရွှမ်က အမှန်တရားဘက်တော်သား မဟုတ်တော့ဘဲ မကောင်းဆိုးဝါးလမ်းစဉ်ကို ရောက်ရှိသွားတဲ့လူလို့ သူ့မိတ်ဆွေတွေက မှတ်ယူသွားကြပြီ။

ဇီရွှမ်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့လက်နဲ့ခြေဖျားတွေက အေးစက်လို့လာတယ်။ သူ အရမ်းကိုကြောက်နေတယ်။ သူ့နှလုံးသားထဲမှာ ငရဲမီးလိုလောင်ကျွမ်းနေပြီး သူ့ကိုယ်ထဲက လူသတ်ချင်တဲ့စိတ်ရိုင်းတွေ ထကြွလို့လာတာကို မနည်းဖိနှိပ်ထားရတယ်။

ဆေးဝါးဖော်စပ်တဲ့အခန်းမှာ တောင်ကြားသခင်က လူငယ်လေးတစ်ယောက်ရဲ့ လက်ကောက်ဝတ်ကို ဓားနဲ့လှီးလိုက်ပြီး နီရဲတဲ့သွေးတွေကို ပန်းကန်လုံးနဲ့ခံထားတယ်။ ပြင်းထန်တဲ့သွေးနံ့က ပန်းကန်ထဲကဆေးနဲ့ရောသွားပြီး လေထဲမှာ အနံ့ပြင်းပြင်းတွေ လွင့်ပျံလို့နေတယ်။ ဒီအနံ့က ရှူမိတဲ့လူကို ခေါင်းမူးသွားစေလောက်တယ်။

သွေးတွေကို တစ်ပန်းကန်ပြီးတစ်ပန်းကန် ခံထားလိုက်တယ်။ လေးပန်းကန်မြောက်မှာတော့ သွေးတွေက ကုန်သလောက်ရှိလို့ ကျတဲ့နှုန်းနှေးလာတယ်။ တောင်ကြားသခင်က အတွင်းအားနဲ့ လူငယ်လေးရဲ့ကိုယ်ထဲက နောက်ဆုံးလက်ကျန်သွေးစက်ကို ညှစ်ယူလိုက်ပြီး အေးစက်နေတဲ့အလောင်းကို အခန်းထောင့်ကိုပစ်လိုက်တယ်။

တခဏအတွင်း တပည့်တချို့ရောက်လာပြီး အလောင်းနဲ့ ဖိတ်ကျတဲ့သွေးတွေကို သန့်ရှင်းလိုက်ကြတယ်။ သူတို့လုပ်တာက ကျွမ်းကျင်ပြီး လုပ်နေကျလိုပဲ။ တပည့်တွေအမြင်မှာ သွေးထုတ်ခံလိုက်ရတဲ့ လူငယ်တွေကို သက်ရှိ သိုလှောင်ရေးပစ္စည်းတစ်ခုထက် မပိုဘူး။ တကယ်လို့ သူတို့သေသွားရင်လည်း ဘာမှအရေးမကြီးဘူး။

တပည့်တွေက အခန်းကိုသန့်ရှင်းရေးလုပ်ပြီး ထွက်သွားလို့ ခြေသံတွေ တဖြည်းဖြည်းဝေးသွားချိန်မှာ ဝတ်စုံဖြူဝတ်ထားတဲ့တပည့်တစ်ယောက်က တံခါးလက်ကိုင်ကို တွန်းဖွင့်လိုက်တယ်။ သူ့နှုတ်ခမ်းက ဖွင့်လိုက်ပိတ်လိုက်လုပ်နေပေမယ့် ခြောက်သွေ့နေတဲ့လည်ချောင်းထဲက စကားသံတစ်ခွန်းတောင် ထွက်မလာနိုင်ဘူး။ သူ့နဖူးပေါ်ကချွေးတွေက အလုံးလိုက်စီးကျလာပြီး ဝတ်ရုံကိုတောင် စိုသွားစေတယ်။

တောင်ကြားသခင်က အနောက်ကိုလှည့်ကြည့်လိုက်ပေမယ့် သူ့တပည့်ရဲ့ထူးခြားချက်ကို ဘာမှမတွေ့လို့ ပြန်လှည့်လာပြီး သွေးတွေကို အိုးလေးထဲ ဂရုတစိုက်လောင်းထည့်ရင်း မေးလိုက်တယ်။

"သူတို့ အဆိပ်ရောထားတဲ့ဆေးကို သောက်လိုက်သလား.."

"တောင်ကြားသခင်ကို သတင်းပို့ပါတယ်.."

တပည့်ဖြစ်သူက နောက်ထပ်စကားဆက်ပြောဖို့ အခွင့်အရေးမရလိုက်တော့ဘူး။ သန်မာတဲ့လက်က သူ့လည်ပင်းကို ပြုတ်တူလို တင်းတင်းကျပ်ကျပ်ညှစ်ထားပြီး အရိုးကျိုးသံနဲ့အတူ အသက်မရှိတဲ့အလောင်း မြေပေါ်လဲပြိုကျသံက တောင်ကြားသခင်ကို ထိတ်လန့်သွားစေတယ်။

"ဘုန်းကြီး ဇီရွှမ်လား.."

တောင်ကြားသခင်က နောက်ကို တဖြည်းဖြည်းလှည့်ကြည့်လိုက်တော့ သူနဲ့ဆန့်ကျင်ဘက်မှာ ရဲရဲနီနေတဲ့လူရိပ်ကို မျက်နှာချင်းဆိုင်လိုက်မိတယ်။

ဇီရွှမ်က သူ့ကို စကားမဆိုဘဲ အကြောပိတ်လိုက်ပြီး ရှေ့ကို ဖြည်းဖြည်းချင်းတိုးလာတယ်။ သူ့မျက်လုံးတွေက ရဲရဲနီနေပြီး ဆေးကျိုတဲ့မီးဖိုထက်တောင် နီနေသလိုပဲ။

"ဖြေဆေး.."

ဇီရွှမ်က ချက်ချင်းပဲ ပြောလိုက်တယ်။

"ဘာဖြေဆေးမှ မရှိဘူး.. ဘုန်းကြီး ဘယ်သူ့ကိုကယ်ဖို့ ကြိုးစားနေသလဲ သိရဲ့လား.. ဒီလူက မကောင်းဆိုးဝါးလူသတ်ကောင် ယွီချန်းဟိုင်ပဲ.. ဘုန်းကြီးရဲ့ဆရာက စာတစ်စောင်ရေးပေးခဲ့တယ်.. တကယ်လို့ ယွီချန်းဟိုင်ကို ဘုန်းကြီးလက်နဲ့ ကိုယ်တိုင်သတ်ပြီး သိုင်းကျမ်းကိုယူလာပေးရင် ဘုန်းကြီးကို ဒီတစ်ကြိမ်ခွင့်လွှတ်ပေးမယ်လို့ ပြောခဲ့တယ်.. ဘုန်းကြီးလည်း ရဟန်းကောင်းတစ်ပါးဖြစ်ပါလျက် ဘာကြောင့် ဒီလိုမကောင်းဆိုးဝါးနဲ့ ပေါင်းသင်းပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ့်ကိုယ်ကို ဖျက်ဆီးနေရတာလဲ.. ရှေးကတည်းက မကောင်းဆိုးဝါးနဲ့ လူကောင်းက အတူယှဉ်တွဲနေလို့မရဘူး.. လူဆိုတာ မှန်ကန်တဲ့လမ်းကြောင်းကိုပဲ..."

တောင်ကြားသခင်ရဲ့ စကားဆုံးအောင်မစောင့်ဘဲ ဇီရွှမ်က စိုက်ကြည့်ပြီး ပြုံးလိုက်တယ်။ ပြီးတော့ အတွင်းအားထည့်ပြီး ရယ်သံတစ်ခုပြုလုပ်လိုက်တော့ တောင်ကြားသခင်ရဲ့အာခံတွင်းက သွေးတွေ အန်ထွက်လာခဲ့တယ်။

"လူကောင်းနဲ့ မကောင်းဆိုးဝါးကို ခွဲခြားလို့မရဘူးတဲ့လား.. ဘယ်ဟာကမှန်ပြီး ဘယ်သူက လူကောင်းလဲ.. ခင်ဗျားရဲ့တောင်ကြားမှာ ဆေးပညာသင်တပည့်တွေ မရေတွက်နိုင်အောင်များတယ်.. ခင်ဗျားက တစ်ရက်ကို လူသုံးယောက်ဆီက သွေးအကုန်ယူပြီး ဆေးဝါးဖော်စပ်တယ်.. ဒီလိုလူမဆန်တဲ့လုပ်ရပ်က မှန်ကန်တယ်တဲ့လား.. ဉာဏ်ပညာထုံမွှမ်းတဲ့ နှလုံးသားအတွက် ခင်ဗျားက အဖြူ အမည်း၊ အမှား အမှန်ကို ေ၀ဝါးနေတာပဲ.. ခင်ဗျားကျ လူသတ်ဆေးဖော်နေပြီး တစ်ဖက်သားကို လက်ညှိုးထိုးပြီး အပြစ်တင်နေသေးတယ်.. အလိမ်အညာစကားကို မျက်တောင်မခတ်ဘဲ ပြောရဲနေသေးတယ်.. ပြီးတော့ သနားစရာ ရှောင်လင်ကျောင်းက ဘုန်းကြီးတွေက ဘယ်နားရှိမှန်းမသိတဲ့ Hunyuan ဗုဒ္ဓဆင်းတုတော်အတွက် မကောင်းတဲ့လူတွေကို ကူညီပေးနေတယ်.. ဒါတွေကိုလုပ်နေကြပြီး ကျန်းဟူဒေသကလူတွေက လူကောင်း၊ လူဆိုးဆိုပြီး ခွဲခြားပြောဆိုနေကြသေးတယ်.. ဒီမှာ.. မှန်တယ် မှားတယ်ဆိုတာ မရှိဘူး.. ကိုယ့်အတွက် အကျိုးအမြတ်ဆိုတာ အခုကိုပဲကြည့်ပြီး လုပ်ကိုင်နေကြတယ်.. ကနေ့ခေတ်မှာ အသန်မာဆုံးလူကပဲ တရားမျှတမှုဆိုတာကို ပြောခွင့်ရှိပြီး အင်အားနည်းပါးသူတွေက သူတို့အခွင့်အရေးအတွက် ဘာမှပြောပိုင်ခွင့် မရှိကြဘူး.."

ပြီးနောက် ဇီရွှမ်က တရားစာကိုရွတ်ဖတ်လိုက်ပြီး တလက်စတည်း လက်ဟန်တစ်ခုကို ညင်သာစွာပြုလုပ်လိုက်တယ်။ ကိုယ်ဟန်အမူအယာက နူးညံ့ပေမယ့် ခွန်အားက ပြင်းထန်ရက်စက်လှတယ်။

တောင်ကြားသခင်က ကိုယ်မှာ အဆိပ်ကိုဆောင်ထားလို့ ဇီရွှမ်က အနားမကပ်ဘဲ အဝေးကနေ ချီစွမ်းအင်လေလှိုင်းတစ်ခုဖြစ်စေပြီး တောင်ကြားသခင်ကို ဖုံးလွှမ်းသွားစေတယ်။ ဒီကျန်းချီတွေကြောင့် တောင်ကြားသခင်က သွေးထွက်ပြီး ဒဏ်ရာတွေရသွားပေမယ့် လက်နှစ်ဖက်ကိုတော့ ဆေးဝါးဖော်စပ်ဖို့ အကောင်းအတိုင်းချန်ထားပေးလိုက်တယ်။

"ဖြေဆေး.."

ဇီရွှမ်က ခံစားချက်မရှိတဲ့လေသံနဲ့ ပြောလိုက်တယ်။ သူ့အသံက ကြားရသူကို ကြက်သီးမွှေးညှင်းထလာစေလောက်တယ်။

တောင်ကြားသခင်က အရမ်းကိုကြောက်လန့်သွားပြီး မျက်ဝန်းထဲမှာ တုန်လှုပ်မှုတွေပြည့်နေတယ်။ သူက ဒီလိုမျိုး ကျန်းချီကိုသုံးပြီး လေလှိုင်းတစ်ခုဖြစ်စေလို့ လူကိုတိုက်ခိုက်တဲ့ မကောင်းဆိုးဝါးဆန်တဲ့ပညာကို မမြင်ဖူးဘူး။ ဒီလိုကြောက်စရာကောင်းတဲ့ ပညာရပ်မျိုးက ရှေးကတည်းက ပျောက်ကွယ်သွားပြီမဟုတ်လား။ အခု ဇီရွှမ်ရဲ့ပညာနဲ့ အတွင်းအားနဲ့ဆိုရင် သူတို့ Shenyi တောင်ကြားမပြောနဲ့ အလယ်ပိုင်းလွင်ပြင် တစ်ခုလုံးကိုတောင် အသာလေး ချေမွှပစ်လိုက်လို့ရတယ်။

ရှိ၊ မရှိ မသေချာတဲ့ တန်ခိုးရှင်အားကိုးနဲ့ ဒီလောက်စွမ်းအားကြီးတဲ့ရန်သူကို သူ ဘာကြောင့်ရင်ဆိုင်ရမှာလဲ။ ဇီရွှမ်ရဲ့ လက်ညှိုး၊ လက်ခလယ်နှစ်ချောင်းက သူ့အားနည်းချက်နေရာကို ထိုးနှက်ဖို့နီးလာချိန် တောင်ကြားသခင်က အလန့်တကြား ပါးစပ်ဖွင့်ပြီး တောင်းပန်လိုက်တယ်။

"ကျွန်တော့်ကိုခွင့်လွှတ်ပါ.. ကျွန်တော့်မှာ Qianji အဆိပ်ဖြေဆေးမရှိပေမယ့် အဆိပ်တကာကိုဖြေနိုင်တဲ့ ဆေးလုံးနှစ်လုံးရှိပါတယ်.. သူတို့ကို ယူလိုက်ပါ.."

ဇီရွှမ်က လက်ချောင်းလေးတွေထဲက အတွင်းအားကို ပြန်ထိန်းချုပ်လိုက်ပြီး နှုတ်ခမ်းကိုဖွင့်ဟလို့ ညင်သာစွာပြောလိုက်တယ်။

"ကျေးဇူးတင်ပါတယ် တောင်ကြားသခင်.."

ဒီတစ်ကြိမ်မှာတော့ ဇီရွှမ်က ဟိုအရင်က သိမ်မွေ့တဲ့ဘုန်းတော်ကြီးလို ညင်သာသိမ်မွေ့စွာပြောလိုက်ပေမယ့် သွေးနီရောင်မျက်ဝန်းတွေကတော့ ရက်စက်လိုရိပ်တို့ စွန်းထင်းနေတုန်းပဲ။

တောင်ကြားသခင်က တစ်ကိုယ်လုံးကသွေးတွေ အေးခဲသွားသလို ခံစားလိုက်ရတယ်။ သူ့ခြေထောက်တစ်စုံက လေပြင်းကြောင့် လဲပြိုကျပြီး တရွတ်တိုက်လွင့်လို့ အမှောင်ခန်းတစ်ခုထဲ ရောက်ရှိသွားစေတယ်။ ကြမ်းပြင်ပေါ်မှာ သူ့ကိုယ်ကထွက်တဲ့ သွေးစွပ်ကြောင်းကို တွေ့လိုက်ရတယ်။

သူ့အသက်ကိုကယ်တင်ဖို့ ဖြေဆေးနှစ်လုံးကို ကပျာကယာထုတ်ပေးလိုက်ချိန်မှာ ဇီရွှမ်က ပုဝါတစ်ခုကိုစုတ်ဖြဲပြီး လက်အိတ်ပေါ်ကထပ်ပတ်လိုက်ပြီး သူ့ဆီကို ဖြည်းဖြည်းချင်းလျှောက်လာတာကို တွေ့လိုက်ရတယ်။ ဒီလိုကာကွယ်ထားလို့ တောင်ကြားသခင်ရဲ့ကိုယ်ပေါ်က အဆိပ်မှုန့်ကို သူ ကြောက်စရာမလိုတော့ဘူး။

"ဘုန်းတော်ကြီး.. ကျွန်တော့်သားရဲ့ပစ္စည်းကို ယူခဲ့.."

တောင်ကြားသခင်ရဲ့စကားမဆုံးခင် မေးရိုးအဖြုတ်ခံရလို့ စကားဆက်ပြောလို့မရတော့ဘူး။ သူ့ပါးစပ်က ဝူးဝူးဝါးဝါးပဲ လုပ်နိုင်တော့တယ်။ ဒီလက်အိတ်ကို သူ့သား ၁၈ နှစ်ပြည့်ချိန်မှာ လက်ဆောင်ပေးခဲ့တာဖြစ်တယ်။ ဘာကြောင့် ဇီရွှမ့်လက်ထဲကို ရောက်နေတာလဲ။ နောက်ကွယ်ကအဖြစ်ကိုတွေးမိတော့ တောင်ကြားသခင် ရင်ကွဲမလို ခံစားလိုက်ရတယ်။

ဇီရွှမ်က သစ်သားစင်ပေါ်က ပုလင်းတွေ ခွက်တွေကို သိမ်းကျုံးယူလိုက်ပြီး အဆိပ်လား ဆေးလားမခွဲခြားဘဲ တောင်ကြားသခင်ရဲ့ ပွင့်ဟနေတဲ့ပါးစပ်ထဲ လောင်းချပေးလိုက်တယ်။ လည်ချောင်းကိုပြုပြင်ပေးလို့ ဆေးအားလုံး ကိုယ်ထဲရောက်သွားပြီး မကြာခင် တောင်ကြားသခင်ရဲ့လျှာတွေ ခရမ်းရောင်သမ်းလာတယ်။ အဆိပ်မိပြီဆိုတာသေချာမှ ခုနကဆေးနှစ်လုံးထဲက တစ်လုံးကို တောင်ကြားသခင်ရဲ့ လည်မြိုထဲကျအောင် တိုက်ပေးလိုက်တယ်။ ဆေးအာနိသင်ကို သူ လက်တွေ့သိဖို့ ဒီလိုလုပ်တာပဲဖြစ်တယ်။

ဆယ့်ငါးမိနစ်လောက်ကြာတော့ တောင်ကြားသခင်က သေလုမျောပါးအခြေအနေကနေ တဖြည်းဖြည်း ပြန်ကောင်းလာပြီး ပုံမှန်ပြန်ဖြစ်လာတယ်။ ဒီတော့မှ ဇီရွှမ်က ခေါင်းညိတ်ပြီး ကျန်တဲ့ဆေးလုံးကိုယူပြီး လှည့်ထွက်လာခဲ့တယ်။

တောင်ကြားသခင်က စိတ်သက်သာရာရသွားချိန်မှာ လေပြင်းတစ်ချက်တိုက်လာပြီး သူသေလို့သေမှန်းမသိ အသက်ပျောက်သွားတော့တယ်။ သူဘယ်လိုသေသွားတယ်ဆိုတာ မသိကြောင်း မျက်နှာမှာပေါ်နေတယ်။

🍁🍁🍁🍁🍁🍁🍁🍁🍁

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now