FOD Extra 2 _Chapter _ 16 ( zawgyi+unicode)

Start from the beginning
                                    

ကျိုးယွင်ရှန့်က ဇီရွှမ့်ကိုကျောခိုင်းပြီး တောင်ပေါ်ကို တောက်လျှောက်တက်လာပြီးနောက် တိတ်တဆိတ်နဲ့ ယွန်ခွန်ဖုန်းရှိရာ တောင်ပိုင်းစစ်သေနာပတိချုပ်ရဲ့ စံနန်းတော်ကို လျှို့ဝှက်ထွက်ခွာလာလိုက်တယ်။

ယွန်ခွန်ဖုန်းက နားနေဆောင်မှာ အားချီနဲ့ စစ်တုရင်ကစားနေတယ်။ သူက အခု အားချီဆီမှာ စစ်တုရင်ဆယ့်ကိုးခုတိတိ ရှုံးနိမ့်သွားပြီး အားချီက အနိုင်ရတဲ့အတွက် မျက်ဝန်းလေးတွေက တလက်လက်တောက်နေပြီး သူ့ပါးပြင်က သွေးရောင်လွှမ်းနေတယ်။ အားချီက စစ်တုရင်ကို အကွက်ရွှေ့ဖို့ ဟန်ပြင်နေဆဲမှာပဲ ကောင်းကင်ပေါ်ကနေ အောက်ကိုပျံဆင်းလာတဲ့ ၀တ်စုံဖြူနဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ သူက သစ်ပင်ထိပ်ဖျားမှာ တည်ငြိမ်စွာရပ်နေပြီး သူ့ဝတ်ရုံက လေထဲမှာ တဖျပ်ဖျပ်လွင့်နေတယ်။

"ဂိုဏ်းချုပ်သခင်.."

အားချီက သူ့ဂိုဏ်းချုပ်ကိုတွေ့လိုက်လို့ အံ့အားသင့်ပြီး အပြေးအလွှားဆင်းလာချိန် လှေကားထစ်ပေါ်ကနေ ပြုတ်ကျသွားမလိုဖြစ်လို့ ယွန်ခွန်ဖုန်းက အားချီရဲ့လက်မောင်းကို အချိန်မှီဖမ်းဆွဲထားပေးလိုက်ရပြီး မြေပြင်နဲ့မျက်နှာ ရိုက်မိမယ့်ဘေးက ကပ်လွတ်သွားခဲ့တယ်။ ယွန်ခွန်ဖုန်းက အားချီဘေးကင်းတာကိုတွေ့ရလို့ ၀မ်းသာသွားတယ်။ ကျိုးယွင်ရှန့်က သူတို့ရှိတဲ့အဆောင်ဆီကို အသာဆင်းလာပြီး ပြုံးကာ နှုတ်ဆက်လိုက်တယ်။

"ခင်ဗျား ဒီမှာ ဘာလာလုပ်တာလဲ.."

ယွန်ခွန်ဖုန်းက ကျိုးယွင်ရှန့်ရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး တီးတိုးမေးလိုက်တယ်။

"စကတည်းက ကျွန်တော်တို့ သဘောတူထားတယ်မဟုတ်လား.. အခု ခင်ဗျား စိတ်ပြောင်းသွားရင်တောင် အားချီကို ခေါ်သွားလို့မရဘူး.."

အားချီက သူ့ဆရာရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ဖျော့တော့စွာမေးလိုက်တယ်။ သူက ယွန်ခွန်ဖုန်းနဲ့ သူ့ဂိုဏ်းချုပ်ရဲ့လက်ကို ဆွဲခွာလိုက်ချင်ပေမယ့် ဘယ်လိုလုပ်လုပ် ပြုတ်တူလိုခိုင်မာတဲ့လက်တွေကို ဖြည်လို့မရဘူး။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now