Arc_15.12_ Qi Yi Ning

Start from the beginning
                                    


Arc_15.12_ Qi Yi Ning

ကျိုးယွင်ရှန့် ထိုင်ခုံမှာထိုင်လိုက်မိတာနဲ့ အရင်ဘဝက ကျောက်ပိယွမ်လုပ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်သတိရလာပြီး တစ်ကိုယ်လုံး ဒေါသတွေ ပျံ့နှံ့သွားခဲ့တယ်။ အဲ့ဒီအချိန် ကုန်းကုန်းက နယ်စားကြီးယွိကော် အခစားဝင်ကြောင်း လျှောက်တင်တော့ ဝင်ခွင့်ပြုလိုက်တယ်။

ကျောက်ရွှမ်က ဒူးထောက်အရိုအသေပေးပြီး လိုက်တာနဲ့ မင်းကြီးက သူ့ရှေ့ကို စာလွှာတထပ်ပြစ်ချပြီးပြောလိုက်တယ်။
"ဒီစာတွေကို ဖတ်ကြည့်စမ်း....."

ကျိုးယွင်ရှန့်က ဒေါသတကြီးနဲ့ အမိန့်ပေးလိုက်တယ်။ ပြီးတော့ သူ့ရှေ့ကကျောက်ရွှမ်ဆီ စာလွှာတစ်ခုပစ်ပေးပြီး ဖတ်ခိုင်းလိုက်တယ်။ သူ့ရှေ့မှာဒူးထောက်နေတဲ့ ကျောက်ရွှမ်ကိုကြည့်ရင်း သူလုပ်ခဲ့တာတွေကို ပြန်သတိရလာတယ်။ ဒီစာလွှာထဲမှာ တချို့က ကျောက်ရွှမ်ကလာဘ်စားတယ်၊ တချို့က သူဟာ နိုင်ငံခြားသားတွေကို တိုက်ခိုက်တယ်၊ တချို့က ကျောက်ရွှမ်ဟာ ရန်ပုံငွေတွေကို ကဲ့ဝှက်ထားတယ်၊ တချို့ကတော့ ကျောက်ရွှမ်က ဆား၊ သံနဲ့ အခြားတားမြစ်ပစ္စည်းတွေကို မဟာတံတိုင်းအပြင်ဘက်မှာ ရောင်းဝယ်ဖောက်ကားနေတယ်ဆိုပြီး သတင်းမျိုးစုံ တင်ပြထားတယ်။ ဒီဟာတွေသာ အမှန်ဖြစ်ရင် ကျောက်ရွှမ်က သူ့ထက် အဆမတန်ကြွယ်ဝနေပြီး ကျောက်ရွှမ်သာ သူ့ကိုသတ်ချင်ရင် အကြိမ်ရာချီ ခေါင်းဖြတ်သတ်ဖို့ လူအင်အား၊ ငွေအင်အား အပြည့်ရှိနေပြီဆိုတာ ကျိုးယွင်ရှန့်သိလိုက်တယ်။

"နယ်စားကြီး.. မင်းမှာ လျှောက်တင်စရာ ရှိသေးလား.."

ကျိုးယွင်ရှန့်က ကျောက်ရွှမ်ကိုစိုက်ကြည့်ပြီး မေးလိုက်တယ်။ သူ့မျက်နှာပြင်ထက်မှာ မုန်းတီးခြင်း တစ်စွန်းတစ်စမှ မပေါ်ဘဲ မာနကြီးကြီးဘုရင်တစ်ပါးရဲ့ သွင်ပြင်အတိုင်းပဲ ရှိနေတယ်။

ကြားရသမျှသတင်းတွေတိုင်းက တစ်ဝက်က ချဲ့ကားပြောဆိုတာဖြစ်ပြီး တစ်ဝက်ကတော့ အမှန်ဖြစ်တယ်။ ဒါကြောင့် ကျောက်ရွှမ်က အနောက်မြောက်ဒေသမှာ တကယ့်ကို ဘုရင်တစ်ပါးလို အုပ်စိုးထားတာတယ် ဆိုတာကတော့ အမှန်ပဲဖြစ်တယ်။ အနောက်မြောက်ဒေသကလူတွေက ကျိုးယွင်ရှန့်ရဲ့အမိန့်ထက် ကျောက်ရွှမ်ရဲ့အမိန့်ကိုပဲ ပိုအသိအမှတ်ပြုကြတယ်။ အနောက်မြောက်ဒေသပိုင် ဘုရင်ကို ရာဇဝတ်သားလို သွားဆက်ဆံလိုက်ရင် အခုလတ်တလောဖြစ်ထားတဲ့ အနောက်တောင်ပိုင်း အုံကြွမှုထက် အဆတစ်ရာဆိုးပြီး သူ ဘယ်လိုမှ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျောက်ရွှမ် ဘာကိုပဲထိန်းချုပ်ထားပါစေ ကျိုးယွင်ရှန့်အနေနဲ့ စိတ်မဝင်စားဘူး။ ကနေ့ ကျောက်ရွှမ်ကို နန်းတော်ထဲဝင်ခိုင်းခဲ့တာက သူ့ကို ကစားချင်ရုံသက်သက်ပဲဖြစ်တယ်။

ဘာကြောင့်လဲလို့တော့ လာမမေးနဲ့။ ဒီတိရစ္ဆာန်က အမြဲတမ်း သူ့ကိုပြန်ပေးဆွဲ၊ ဆေးခတ်ပြီး ဘာမှမတုံ့ပြန်နိုင်ချိန်တိုင်း တစ်ဖက်သတ် လုပ်ချင်ရာလုပ်သွားခဲ့တာချည်းပဲ။ အခု သူ သတိရှိနေချိန် သူ့ကိုခေါ်ပြီး သင်ခန်းစာကောင်းကောင်းပေးရမှ ကျေနပ်မယ်။ အခုလိုတွေးနေချိန် လူတွေတင်ပြတဲ့ စာချွန်လွှာတွေရောက်လာတာ ကွက်တိပဲ။ သူက ယွိကော်နယ်စားကြီးဆီကို တိုင်ကြားစာတွေပစ်ပေးပြီး ကျောက်ရွှမ်ရဲ့မျက်နှာအမူအယာကိုပဲ အရသာခံ ကြည့်နေလိုက်တယ်။

ကျောက်ရွှမ်က တိုင်စာတွေကိုဖတ်ကြည့်ပြီး လက်ထဲဆုပ်ကိုင်ရင်း လျှောက်တင်လိုက်တယ်။

"အရှင်မင်းကြီး.. ကျွန်တော်တို့က အရှင်မင်းကြီးကို မယိမ်းမယိုင် သစ္စာရှိတယ်ဆိုတာ မိုးမြေသက်သေထားပြီး ပြောဝံ့ပါတယ်.. ကျွန်တော်မျိုး သစ္စာမဲ့ခဲ့ရင် ချက်ချင်း ခေါင်းပေါ် မိုးကြိုးရှစ်စိတ်ကျပြီး ဆိုးဝါးစွာသေဆုံးပါစေ.."

"အိုး.. နယ်စားကြီးက.. တထစ်ချကို ယုံကြည်ချက်ရှိနေတာပဲ.. သစ္စာသွေဖယ်တာ တစ်ချက်မှမရှိဘူးပေါ့.."

"မရှိပါဘူး မင်းကြီး.."

ကျောက်ရွှမ်က ကပျာကယာဖြေလိုက်တယ်။ ဘယ်သဘောက်မသားတွေက သူ့ချစ်သူနဲ့သူ့ကြားကို သွေးထိုးတဲ့တိုင်စာတွေ ပို့လိုက်တယ်မသိပေမယ့် သူချစ်တဲ့ဒီလူ သူ့ကိုမယုံကြည်မှာကို ကျောက်ရွှမ်စိုးရိမ်သွားတယ်။

ကျိုးယွင်ရှန့်က သလွန်ပေါ်ကနေထလာပြီး ကျောက်ရွှမ်ရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။ ပြီးတော့ နက်မှောင်တဲ့ ကျောက်ရွှမ်ရဲ့ဆံထုံးထိပ်ကို စိုက်ကြည့်နေတယ်။

"ငါကိုယ်တော်ရဲ့ ခွင့်လွှတ်မှုနဲ့ ထိုက်တန်တဲ့အရာကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူးဆိုတာ သေချာလား.. မင်း တကယ်ပဲ ဘာအပြစ်မှ မကျူးလွန်ခဲ့ဖူးဘူးလား.."

ကျိုးယွင်ရှန့်က မေးလိုက်ပေမယ့် သူ့စကားက ကျိုးကြောင်းမခိုင်မာဘူးလို့ ယူဆလိုက်ပြီး ချက်ချင်းချောင်းဟန့်လိုက်မိတယ်။

"ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး.."

ကျောက်ရွှမ်က မင်းကြီးရဲ့မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်ပြီး ပြန်ဖြေလိုက်တယ်။ နောင်တရစရာ ဘာပြစ်မှုမှ သူမကျူးလွန်ခဲ့ဖူးဘူး။ မင်းကြီးကိုဆေးခတ်၊ ပြန်ပေးဆွဲပြီး ချစ်တင်းနှောတယ်ဆိုတာ မုန်းလို့မဟုတ်ဘဲ ချစ်လို့ဆိုတာ သူ့ရင်ကိုခွဲလို့ ပြလိုက်ချင်တယ်။

*မင်းက ငါ့ကို အကြိမ်ကြိမ်ပြန်ပေးဆွဲပြီး fuck ထားတာတောင် ဒီလောက်ယုံကြည်မှုရှိတဲ့ပုံစံနဲ့ နေပြနေသေးတယ်.. ဟုတ်လား..*

ကျိုးယွင်ရှန့်က ဒေါသတကြီးနဲ့ သူ့နှာခေါင်းကို လက်နဲ့ဆွဲညှစ်လိုက်ချင်ပေမယ့် လက်ရွယ်ပြီးမှ ပြန်ရုပ်လိုက်တယ်။ ပြီးတော့မှ သူ့မေးစေ့ကိုညှစ်ကိုင်ပြီး အင်မတန်ကို ချောမောခန့်ညားလွန်းတဲ့ မျက်နှာကို ပင့်မ,လို့ မျက်ဝန်းထဲကို စိုက်ကြည့်လိုက်တယ်။

"ကျောက်ရွှမ်.. မင်း ကနေ့ပြောတာကို သေချာမှတ်ထား.. နောင်တစ်ချိန် မဟုတ်တာတစ်ခုခုလုပ်တာ တွေ့မိလို့ကတော့ မင်းအသက်ကို ချက်ချင်းနှုတ်ယူမယ်.."

မင်းကြီးက ကိုယ်ကိုငုံ့ကိုင်းပြီး အကြည့်ချင်းဆုံရင်း ပြောလိုက်တာဖြစ်လို့ မျက်နှာနှစ်ခုက အရမ်းကိုနီးကပ်နေပြီး တစ်ယောက်ထွက်သက်က တစ်ယောက်ကို ရိုက်ခတ်လို့နေတယ်။ မင်းကြီးရဲ့မျက်ဝန်းတွေက သောက်ရှူးကြယ်လို တဖျပ်ဖျပ်လက်နေပြီး နီမြန်းတဲ့နှုတ်ခမ်းက နံနက်ခင်းမှာပွင့်တဲ့ပန်းလို လန်းဆန်းလို့နေတယ်။ ဒီနှုတ်ခမ်းကိုနမ်းလိုက်ပြီး ချိုမြိန်တဲ့အရသာကို ကျောက်ရွှမ် မြည်းစမ်းကြည့်ချင်လာမိတယ်။

အရင်အခေါက်တွေတုန်းက မင်းကြီးက ဆေးရှိန်ကြောင့်မူးဝေနေပြီး သူ့အနမ်းကိုငြင်းဆန်နေလို့ သူကသာ မင်းကြီးရဲ့မေးကို ဖျစ်ညှစ်ပြီး ဇွတ်နမ်းခဲ့ရတာဖြစ်တယ်။ မျက်နှာနှစ်ခုက ပူးကပ်ပြီး ထွက်သက်တွေ ရောယှက်သွားကြတယ်ဆိုပေမယ့် မင်းကြီးက မျက်လုံးကိုအဝတ်စည်းထားတာဖြစ်လို့ လှပတဲ့မျက်ဝန်းတစ်စုံကို မတွေ့ဖူးဘူး။ ခုလို မျက်လုံးချင်းဆိုင်ကြည့်ရတာ ကျောက်ရွှမ်အတွက် အတွေ့အကြုံအသစ်ပဲ။ ဒီလောက်လှပတဲ့မျက်လုံးတွေကို စိုက်ကြည့်ခွင့်ရတဲ့တစ်နေ့၊ သူ့မျက်နှာကို ပွင့်ပွင့်လင်းလင်းဖော်ပြပြီး ချစ်ခွင့်ရတဲ့တစ်နေ့ကို ကျောက်ရွှမ် စောင့်မျှော်နေမိတယ်။

သူ့ကို ဘယ်သူ ချစ်တင်းနှောနေတယ်ဆိုတာ ဒီလူမြင်ရစေမယ်။ အမြဲတမ်း တိရစ္ဆာန်တို့၊ နှာဘူးတို့၊ ခွေးမသားတို့ဆိုပြီး ဆဲရေးပြီး ငြင်းဆန်နေတဲ့ မင်းကြီးရဲ့ပါးစပ်ကနေ ကျောက်ရွှမ်.. ကျောက်ရွှမ်.. ဆိုပြီး သူ့နာမည်ကို အော်ညည်းလာအောင် လုပ်ပြမယ်လို့ ကျောက်ရွှမ် စိတ်ကူးတွေယဉ်နေလိုက်တယ်။ ကျောက်ရွှမ်က သူဘယ်သူဆိုတာ ဖုံးကွယ်ခြင်းမရှိဘဲ ပွင့်လင်းစွာနဲ့ မင်းကြီးကိုချစ်ချင်တယ်။

ခုလို မင်းကြီးရဲ့ဖိအားပေးမှုကြောင့် မျက်လုံးချင်းဆိုင်ကြည့်ချိန်မှာ မင်းကြီးရဲ့မျက်ဝန်းထဲ စိတ်လှုပ်ရှားမှု တစိုးတစိလေးမှ မတွေ့ရတဲ့အတွက် သူ့ရဲ့ရိုင်းချင်တိုင်းရိုင်းနေတဲ့ အတွေးတွေကို မြိုသိပ်ထားလိုက်ရတော့တယ်။

ဒီလူက သစ္စာဖောက်ခဲ့ရင် သူ့အသက်ကိုချက်ချင်းယူမယ်လို့ ခြိမ်းခြောက်ပြောဆိုနေခိုက် မာနကြီးပြီး ပြတ်သားတဲ့မျက်ဝန်းတွေက အန္တရာယ်အရိပ်ငွေ့နဲ့အတူ ဘယ်လောက်တောင် ဆွဲဆောင်မှုပြင်းလိုက်သလဲဆိုတာ မင်းကြီးက မသိခဲ့ဘူး။ အေးစက်ပြီး မာနကြီးတဲ့သွင်ပြင်၊ နက်မှောင်တဲ့ဆံပင်တွေပေါ် ဖြာကျနေတဲ့အလင်းရောင်၊ တဖျပ်ဖျပ်နဲ့ လက်လက်ထနေတဲ့ မျက်ဝန်းတစ်စုံနဲ့ အေးစက်စက်အငွေ့အသက်တွေနဲ့ ရက်စက်ရိပ်ထင်နေတဲ့ ပုံစံလေးက ကျောက်ရွှမ်ရဲ့ညီလေးကို ချက်ချင်းမာလာစေပြီး မသက်မသာ ခံစားလာရစေတယ်။

ကျိုးယွင်ရှန့်က သူ ဒီလောက် စကားအများကြီးပြောနေတာတောင် သူ့ချစ်သူက တစ်ခွန်းမှပြန်မဖြေနိုင်ဘဲ နဖူးစပ်ကနေ ချွေးတွေသီးလာတာတွေ့တော့ သူခြိမ်းခြောက်လိုက်တာကြောင့် ကျောက်ရွှမ် ကြောက်သွားပြီထင်ပြီး ရင်ထဲ ဝမ်းသာပီတိဖြစ်နေတုန်း မျက်ဝန်းထောင့်ကနေ ဒီလူရဲ့မိစ္ဆာကြီး ကြီးထွားဖုဖောင်းလာတာကို မြင်လိုက်ရမှ ဒီသားရဲကောင်ကြီးက စိတ်ထဲကနေ မတော်တရော်တွေ တွေးနေတယ်ဆိုတာ သိလိုက်ရလို့ စိတ်ထဲကနေ ကျိန်ဆဲလိုက်တော့တယ်။

သူဘာပြောလိုက်မိလို့ ဒီလူ ချက်ချင်း စိတ်ထလာတာလဲ..။

ဘာကြောင့် ဒီလူက အချိန်ပြည့် ထန်နေနိုင်ရတာလဲ..။

သူ့ဟာကြီးကရော ဘာကြောင့် ဒီလောက်မာနေတာလဲ..။

သူက ဒီလူအတွက် အမြဲ လှုံ့ဆော်မှုပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်နေပြီလား..။

ကျိုးယွင်ရှန့်က ကျောက်ရွှမ်ရဲ့မေးကို ညှစ်ထားရာကနေ လက်ကိုလွှတ်လိုက်ပြီး ဒေါသထွက်ထွက်နဲ့ ကျောက်ရွှမ်ရဲ့ရတနာလေးကို ကန်လိုက်တယ်။ ဒါပေမယ့် ဒီလူရဲ့ရတနာကိုထိမိပြီး သေသွားမှာစိုးလို့ အားကို 99% လျှော့ချလိုက်ရတယ်။ သူက ကျောက်ရွှမ်ကို အေးစက်စက်ကြည့်ပြီး ပြောလိုက်တယ်။

"ယွိကော်နယ်စားကြီး.. မောင်မင်းက ငါကိုယ်တော်ရှေ့မှာတောင် မင်းရဲ့တဏှာစိတ်ကို အရှက်မရှိ ဖော်ပြရဲသလား.."
ကျောက်ရွှမ်က သူ့ချစ်သူလေး စိတ်ချမ်းသာအောင် သူ့ရတနာလေးကို ကန်ခွင့်ပြုပြီးမှ တောင်းပန်လိုက်တယ်။

"အရှင်မင်းကြီး.. ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ.. ကျွန်တော်မျိုးက ဇနီးမယားမရှိသေးတဲ့ လူပျိုတစ်ယောက်ဖြစ်လို့ ထက်သန်တဲ့စိတ်ကို မထိန်းသိမ်းနိုင် ဖြစ်သွားမိပါတယ်.."

*မင်းဆီကို ငါက ကိုယ်လုပ်တော်တစ်ယောက် ပို့ပေးရမှာလား..*

ဒီစကားကို ကျိုးယွင်ရှန့် ရုတ်တရက် ပြောမိမလိုဖြစ်ပြီးမှ ပါးစပ်ပိတ်လိုက်တယ်။ ဒီလူကို သူ ထိချင်ထိမယ်၊ ကိုင်ချင်ကိုင်မယ်။ ဒါပေမယ့် တခြားတစ်ယောက်က ဒီလူ့ရဲ့ဆံချည်တစ်မျှင်ကို ထိခဲ့မယ်ဆိုရင် သေတာထက်ဆိုးအောင်လုပ်ပစ်ဖို့ ဝန်မလေးဘူး။ ကျိုးယွင်ရှန့်ရဲ့စိတ်တွေက အမျိုးမျိုးပြောင်းနေလို့ မျက်နှာက ဖြူတလှည့်၊ နီတလှည့် ဖြစ်လို့နေတယ်။ သူက ကျောက်ရွှမ်နားကနေ လှည့်ထွက်ပြီး ခုံပေါ်ဝင်ထိုင်လိုက်တယ်။ လက်ထဲမှာ စက္ကူဖိတဲ့ကျောက်တုံးကို ဆုပ်ကိုင်ထားတာတောင် စိတ်လှုပ်ရှားမှုကြောင့် တုန်နေတယ်။

ကျောက်ရွှမ်က တိုင်စာတွေကိုစုစည်းပြီး မင်းကြီးရှေ့ကစားပွဲပေါ်မှာ ထပ်တင်ပေးရင်း ရိုသေစွာ လျှောက်တင်လိုက်တယ်။

"ကျွန်တော်မျိုးကို သီးသန့်ခေါ်တွေ့ရတာကို ကျွန်တော်မျိုး နားလည်သဘောပေါက်ပါတယ် အရှင်မင်းကြီး.. မင်းကြီးကသာ ကျွန်တော်မျိုးကို မယုံဘူးဆိုရင် စကတည်းက ဖမ်းဆီးခိုင်းလိုက်မှာပါ.. ကျွန်တော်မျိုးကို ယုံကြည်ပေးတဲ့အတွက် မင်းကြီးရဲ့ယုံကြည်မှုကို အလဟဿ မဖြစ်စေရပါဘူး.. မင်းကြီးရဲ့သစ္စာကို တစ်သက်လုံး စောင့်သိပါ့မယ်လို့ ကတိပေးပါတယ်.."

"မင်း သဘောပေါက်တယ်ဆို ပြီးတာပဲ.."

ကျိုးယွင်ရှန့်က ကျေနပ်စွာပြောလိုက်တယ်။

ကျောက်ရွှမ်က မင်းကြီး ကျေနပ်စွာပြုံးလိုက်လို့ နှုတ်ခမ်းထောင့်လေးတွေ အထက်ကို ကော့တက်သွားတာကြည့်ပြီး ဒီမြင့်မြတ်တဲ့ရုပ်သွင်နဲ့ ဘုရင်ကို ရင်ခွင်ထဲဆွဲသွင်းပြီး မွတ်မွတ်သိပ်သိပ်ကို နမ်းချင်စိတ်တွေ ပေါ်လာပြန်တယ်။ ဒါပေမယ့် စိတ်ထဲကအတွေးတွေကို ထိန်းချုပ်ပြီး လျှောက်တင်လိုက်တယ်။

"တကယ်တော့.. ကျွန်တော်မျိုးက မင်းကြီးကို လျှောက်တင်စရာလေးတစ်ခု ရှိပါတယ်.."

"ဘာများလဲ.."

ကျိုးယွင်ရှန့်က သူ့ရဲ့ အလေးအနက်ထားတဲ့အသံကို သတိပြုမိပြီး မေးလိုက်တယ်။
ကျောက်ရွှမ်က မင်းကြီးနားကိုတိုးကပ်လို့ နှစ်ကိုယ်ကြား သီးသန့်လျှောက်တင်လိုက်တယ်။

ကျိုးယွမ်ရှန့်ရဲ့ နဖူးကြောတွေက မြင့်တက်လာပြီး အံ့အားသင့်ကြောင့် ဖော်ပြခဲ့ပေမယ့် သူ့ စိတ်နှလုံးကတော့ တည်ငြိမ်နေတယ်။ သူက ဟင်းခွက်ထဲ အဆိပ်ခတ်တဲ့အကြောင် ကျောက်ရွှမ်လျှောက်တင်သံကို ကြားတော့ ပြင်းထန်စွာ သတိပေးလိုက်တယ်။

" ဒီကိစ္စဟာတကယ်ဖြစ်လာရင် ကျောက်မျိုးနွယ်စု တစ်ခုလုံးကိုသေဒဏ်ချမှတ်နိုင်တယ်ဆိုတာ မောင်မင်းသိရဲ့လား။ ဘုရင်ကို အဆိပ်ခတ်တယ်ဆိုတာ ခွင့်မလွှတ်နိုင်တဲ့ပြစ်မှုဖြစ်တယ်။"

" မင်းကြီးက ကျောက်မျိုးနွယ်ကို ဘယ်လို ပြစ်ဒဏ်ချမှတ်ပါစေ...ကျွန်တော်မျိုး စိတ်ထဲ မထားပါဘူး။ ကျွန်တော်မျိုးကတော့ မင်းကြီးကို လုပ်ကြံတဲ့ လုပ်ရပ်ကို ဘယ်လိုမှ သည်းမခံနိုင်ဘူး"

 ကျောက်ရွှမ်က သူရဲ့ သစ္စာရှိမှု ဘယ်လောက်ရှိသလဲဆိုတာကို အချိန်မှီဖော်ပြခဲ့တယ်။ ကျိုးယွမ်ရှန့်က သူ့ချစ်သူကို ဒီအရှုပ်ထုပ်ထဲ အပါမခံစေချင်ဘူး။ ဒါကြောင့် အပါးတော်မြဲ ကုန်းကုန်း လင်အန်းကို ခိုင်းလိုက်တယ်။


" လင်အန်း...မင်း ရွှီယွမ်ကို သွားရှာစမ်း။ မင်းကို ဘယ်သူမှ မတွေ့စေနဲ့..."

ကျောက်ရွှမ်က မင်းကြီးကို ငေးစိုက်ကြည့်လို့နေတယ်။ မင်းကြီးက ခုံပေါ်ထိုင်ထားပြီး မေးကို ပင့်မြှောက်ထားလို့ ဒီ ပါးရိုးတွေက ဘယ်လောက်တောင်လှတယ်ဆိုတာ အရင်က သူလုံးဝ မသိခဲ့ဘူး။ မျက်ခုံးမွေးတွေ အပေါ်ကို သွယ်တန်းနေပုံက မြင့်မြတ်တဲ့ ရုပ်သွင်ကို ပိုထင်ရှားစေပြီး ကြည့်လေ ပိုင်ဆိုင်ချင်စိတ်ပြင်းထန်လေဖြစ်တယ်။ ဒီလူကို သူ ပိုင်ဆိုင်ချင်စိတ်တွေ ပိုပိုတိုးလို့လာခဲ့တယ်။ ဒီလူကို သူကလွဲပြီး အခြားလူ စိုက်ကြည့်နေမှာတွေကို သူ ဘယ်လိုမှ မမြင်ချင်ဘူး။ သူ့အလှ၊ သူ့မြင့်မြတ်တဲ့ပုံပန်းကို ကျောက်ရွှမ်တစ်ယောက်တည်း အပိုင်သိမ်းထားချင်တော့တယ်။

ကျိုးယွင်ရှန့်က ဘဝပေါင်းများစွာ သူ့ချစ်သူနဲ့ ရင်းနှီးလာတဲ့အတွက် ဒီလူရဲ့ မျက်ဝန်းအကြည့် တစ်ချက်ရွှေ့ရင်တောင် သူ ဘာတွေးနေတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်တယ်။ အခု သူ့ကို မျက်လုံးမှေးစင်းပြီး စိုက်ကြည့်နေတာကို တွေ့တော့ ကျောက်ရွှမ် ဘာတွေးနေတယ်ဆိုတာ သိလိုက်ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်မိပြန်တယ်။ ဒီလူ သူ့ကိုတွေ့တိုင်း ဘယ်တော့မှ အကောင်းတိုင်း ကြည့်တယ်လို့ မရှိဘူး။ သူ့တကိုယ်လုံးကို ကြည့်ပြီး စိတ်ထလာရတာနဲ့၊ မြိုချထားချင်စိတ်ပေါက်လာရတာနဲ့၊ သဝန်တိုစိတ်က ပိုပိုပြင်းထန်လာသလိုပဲ။

အဲ့ဒီအချိန်မှာ လင်အန်းက တော်ဝင်သမားတော် ရွှီယွမ်ကို ခေါ်ပြီး လာခဲ့တယ်။ ရဲမတ်တွေကလည်း ဖိတ်ကျထားတဲ့ ဟင်းရည်တွေကို ယူဆောင်လာခဲ့တယ်။ ရွှီအမ်းက အဆိပ်ပညာမှာ ကျွမ်းကျင်ပြီး သေမှာ မကြောက်တဲ့သူဖြစ်တယ်။ သူက လက်ချောင်းကို ဟင်းရည်ထဲ တို့ကြည့်ပြ့ီး ပါးစပ်ထဲထည့်ပြီး အရသာခံလိုက်တယ်။ ပြီးတော့မှ  မင်းကြီးကို ရိုသေစွာလျှောက်တင်လိုက်တယ်။


"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဒါက  တုန့်ရှယ်လို့ခေါ်တဲ့နာတာရှည်ရောဂါဖြစ်စေတဲ့ အဆိပ်ကို ဟင်းချိုထဲထည့်ထားပါတယ်။ ဒါကို စားမိရင် ၃ နှစ်မှ ၅ နှစ်လောက်ကြာတဲ့အခါ ကိုယ်တွင်းအင်္ဂါပျက်သွားပြီးသေသွားလိမ့်မယ်။ ဒါပေမယ့် ဒီအဆိပ်က ပုံမှန်တွေ့နေကျ အဆိပ်တော့ မဟုတ်ဘူး။ "

"မင်းရဲ့ညီမက ငါ့ကိုသတ်ရင်တောင် ချီကျင်းယွိက တချီပြည်ရဲ့ ဆက်ခံသူ ဘုရင်တပါးဖြစ်လာမှာ မဟုတ်ဘူး။ တကယ် ဘုရင်ဖြစ်ဖို့ အင်အားရှိတဲ့သူက မင်း မဟုတ်ဘူးလား ကျောက်ရွှမ်။ ပြီးတော့ မင်းက ဒုတိယ မင်းသားရဲ ဦးလေး မဟုတ်လား။ "
ယုံကြည်စိတ်ချရသောလက်အောက်ငယ်သားများသာပါ ၀ င်သောကြောင့် ကျိုးယွင်ရှန့်က သူ့ရဲ့အတွေးများကို ရဲရင့်စွာထုတ်ဖော်ပြောဆိုလိုက်တယ်။

ယွီကော်နယ်စားကြီးကို လူတိုင်းက အသက်မရှုစတမ်း ငေးကြည့်နေမိတယ်။ အခု မင်းကြီးပြောလိုက်တဲ့စကားတွေက တော်ဝင်ကိုယ်လုပ်တော်က မင်းကြီးရဲ့ဟင်းပွဲထဲကို အဆိပ်ခတ်ရခြင်းရဲ့နောက်ကွယ်က ကြိုးကိုင်သူက နယ်စားကြီးပဲဖြစ်မယ်လို့ မင်းကြီးက ပြောလိုက်တာဖြစ်လို့ နယ်စားကြီး ကွပ်မျက်ခံရတော့မလားဆိုပြီး လူတိုင်း ရင်ထိတ်နေကြတယ်။

မင်းကြီးသံသယဝင်တာလည်း မလွန်ဘူး။ အခုချိန်မှာ တော်ဝင်မင်းသားက လက်ချောင်းတွေ ခုတ်ဖြတ်ခံရပြီး အဆက်သွယ်လည်း မရှိတော့ဘူး။ တကယ်လို့ မင်းကြီးနတ်ရွာစံသွားခဲ့ရင်တောင် ကိုယ်လက်မစုံတဲ့သူက ဘုရင်တစ်ပါး အဖြစ်ကို ဘယ်လိုမှ မရနိုင်ဘူး။ နယ်စားကြီးက အနောက်တောင်ဒေသရဲ့ သရဖူမဆောင်းတဲ့ဘုရင်တစ်ပါးလောက်အထိ အာဏာကြီးမားနေတာဖြစ်လို့ နယ်စားကြီးသာလျှင် အကျိုးကျေးဇူးများမှာဖြစ်တယ်။

ကျောက်ရွှမ်က မင်းကြီးက ကျောက်ပိယွမ်နဲ့ ချီကျင်းယွိတို့ အိမ်ထောင်ရေးဖောက်ပြန်နေတာကို မသိတဲ့အတွက် ကျောက်ပိယွမ်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့တွေးမိပြီး ဒေါသထွက်လာခဲ့တယ်။ သူက တုန်ယင်တဲ့လက်အစုံနဲ့ မင်းကြီးကို ရိုသေစွာလျှောက်တင်လိုက်တယ်။

" အရှင်မင်းကြီး.... အရှင့်ကျွန်ဖြစ်တဲ့ ကျွန်တော်မျိုးကြီးက အရှင့်ဘေးမှာ တဖဝါးမှ မခွာပဲ အမှုတော်ထမ်းရွက်ချင်စိတ်ပဲ ရှိပါတယ်။ အရှင်ဘယ်သွားသွား လိုက်ပါချင်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် အရှင်မင်းကြီး နတ်ရွာလားလို့ စမ်းချောင်းဝါကို ဖြတ်သန်းရချိန်မှာတောင် အရှင့်ဘေးမှာ အဖော်လုပ်ပြီးလိုက်ပါချင်ပါတယ်။ ကျွန်တော်မျိုး ချစ်ခင်မြတ်နိုးရတဲ့ အရှင်သခင် မရှိမှတော့ နောက်ပိုင်း ဒီထီးနန်းကို ဘယ်သူ ဆက်ခံရပါစေ ကျွန်တော်မျိုးစိတ်မဝင်စားပါဘူး။ အရှင်မရှိတေဲ့အခါ အရှင်နဲ့အတူ ကျွန်တော်မျိုး မြှုပ်နှံမှုခံယူချင်ပါတယ်။ "

နန်းဆောင်ထဲက မင်းကြီးရဲ့ အမှုတော်ထမ်းတွေက နယ်စားကြီးရဲ့စကားပြော ကောင်းပုံနဲ့လိမ်မာပုံကို သြချသွားကြရတော့တယ်။ မင်းကြီးသေရင် တခါတည်း လိုက်ပါသေချင်တယ်။ သဂြိုလ်ခံချင်တယ်တဲ့လား။ ဘယ်သူက နယ်စားကြီးကို ဒီလိုလုပ်ရဲမှာတဲ့လဲ။




ဤသို့သောအာဇာနည်မျိုးဖြင့်မင်းသည်မင်းhကရာဇ်မင်းမယားငယ်ဖြစ်သင့်သည်။ ဘယ်အမတ်၊ ဘယ်နယ်စားကများ ဒီလိုမျိုးလုပ်မှာတဲ့လဲ။

မင်း လျှောက်တင်နေပုံက နယ်စား အမတ်တစ်ပါးပုံစံထက် မင်းကြီးကို ချစ်တဲ့ ကိုယ်လုပ်တော်၊ မိဖုရားတွေ လျှောက်တင်တဲ့ပုံဖြစ်မနေဘူးလား ဟမ်... နယ်စားကြီးရယ်...ခင်ဗျား မင်းကြီးရဲ့ မိဖုရားသာ လုပ်လိုက်ပါတော့ဗျာ....

နားထောင်နေတဲ့ လက်အောက်ငယ်သားတွေက စိတ်ထဲကနေ တိတ်တိတ်လေး ပြောလိုက်မိကြတော့တယ်။

ကျိုးယွင်ရှန့်က သူ့ချစ်သူ ကျောက်ရွှမ်ရဲ့စကာားကြောင့် ကျေနပ်သွားပေမယ့် သူက မာန်မာနကြီးတဲ့ပုံနဲ့ လက်အောက်က အပါးတော်မြဲကို အမိန့်ပေးလိုက်တယ်။


" အပါးတော်မြဲကြီး နယ်စားကြီးပြောတာကို မှတ်တမ်းတင်ပြီးပြီလား။ သူက ငါကိုယ်တော် နတ်ရွာစံလို့ စမ်းချောင်းဝါကို ဖြတ်သန်းတဲ့အခါ ငါနဲ့အတူသစ္စာရှိရှိ အဖော်လုပ်ပေးချင်တယ်တဲ့..."

 မင်းကြီးဘေးနားက အတူလိုက်ပါလေ့ရှိတဲ့ အပါးတော်မြဲအမတ်က ချက်ချင်း ရေးသားမှတ်တမ်းတင်လိုက်တော့တယ်။


"ချင်းယွမ် 17 နှစ်မြောက်၊ ဇွန်လ 11 ရက်နေ့ ရှင်းမောက် အချိန်နာရီတွင် နယ်စားကြီး ယွီကော်သည် မင်းကြီးနှင့်အတူ စမ်းချောင်းဝါကို ဖြတ်ကူးမည်ဟု ရန်ရှင်းနန်းဆောင်တွင် မင်းကြီးကို ကတိပေးခဲ့သည်။ မင်းကြီး နတ်ရွာစံပြီးနောက် အရိုက်ရာ ဆက်ခံရန် စိတ်ဝင်စားမှုမရှိပဲ အတူ မြှုပ်နှံလိုကြောင်း ဝမ်းမြောက်စွာ ကတိပေးခဲ့သည်။ "
ဟု ထိုသို့ရေးသားခဲ့သည်။

——————
ကျောက်ပိယွမ်က သူ့အဆောင်မှာ နောက်ထပ် သော့ပိတ်ထားခြင်း ခံလိုက်ရတယ်။ မယ်တော်ကြီးနဲ့ ချီကျင်းယွိက အသနားခံပေးတဲ့အတွက ်နောက်နှစ်ရက် အကြာမှာ ဖိန်းရီနန်းဆောင်ကို ကျိုးယွင်ရှန့့်ရောက်လာခဲ့တယ်။ ဒါပေမယ့်သူက ကျောက်ပိယွမ်ကို အခန်းတစ်ခုထဲ သော့ခတ်ထားပြီး ဘေးခန်းမှာပဲ အိပ်စက်ခဲ့တာဖြစ်တယ်။
ကျောက်ပိယွမ်က မင်းကြီး ဖိန်းရီနန်းဆောင်ကို ရောက်လာကြောင်း ကြားသိရတော့ သူမ အခန်းထဲကနေ အော်ဟစ် အသနားခံပြီး သူမကို အခန်းထဲက လွှတ်ပေးပါကြောင်း လည်ချောင်းကွဲမတတ် တစာစာ တောင်းပန်ခဲ့ပေမယ့် ကျိုးယွင်ရှန့်ကတော့ ဘာမှ မကြားသလိုပဲ နေခဲ့တယ်။

နှစ်လတိတိကြာတော့မှ ကျောက်ပိယွမ်ကို သူ့အိပ်ခန်းထဲကနေ သော့ဖွင့်ပေးလိုက်တယ်။ ကျောက်ပိယွမ်က သူမစားဖို့ယူလာပေးတဲ့ စွပ်ပြုတ်ရည်ကျဲ၊ အေးစက်နေတဲ့ အသားဟင်းပါတဲ့ လင်ဗန်းကို တွန်းဖယ်ပြစ်လိုက်ပြီး အော်ဟစ် အမိန့်ပေးလိုက်တယ်။


" မင်း အခုချက်ချင်း မင်းကြီးကို သွားခေါ်ခဲ့စမ်း။ ငါ မင်းကြီးကို တွေ့ချင်တယ်။ "

" အိုး.... မင်းကြီးကို သွားခေါ်စမ်းလို့ ပြောရအောင် သခင်မက ကိုယ်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေလို့လဲ။ သခင်မရဲ့ အဆင့်က တော်ဝင်ကိုယ်လုပ်တော်လို့သာဆိုတယ်။ မင်းကြီးကို တွေ့ခွင့်တောင် မရှိတော့တဲ့ ဘဝဖြစ်နေပြီ။ သခင်မနေရာမပြောနဲ့။ မယ်တော်ကြီးဖြစ်နေရင်တောင်မှ မင်းကြီးကို တွေ့ချင်တိုင်း ခေါ်တွေ့လို့ရမယ်ထင်နေသလား။ သခင်မရဲ့ အနေအထားကို သေချာပြန်ကြည့်လိုက်ပါဦး။ အခု သခင်မအတွက်စားစရာနဲ့အသားကို လွှင့်ပစ်လိုက်တယ်..ဟုတ်လား။ ကိုယ့်ဖာသာ အငတ်ခံချင်တယ်ဆိုလည်း သဘောပါ... နောက်ဆို ဒီလို အသားဟင်းမျိုးကို လျှာနဲ့ထိချင်ပါတယ်ဆိုရင်တောင် ထိခွင့်ရချင်မှ ရတော့မယ်...."

အစေခံမက ကျောက်ပိယွမ်ကို လှောင်ပြောလိုက်တယ်။ ကျောက်ပိယွမ်က ဒေါသတကြီးနဲ့ကြိမ်းမောင်းလိုက်တယ်။

" ခွေးမလို ကျွန်မ..... မင်းကြီးရဲ့နောက်ကွယ်မှာ မင်းက ငါ့ကို မထီမဲ့မြင် လှောင်ပြောင်ရဲတယ် ဟုတ်လား။ မင်းကြီး ငါ့ကို ပြန်ပြီး မျက်နှာသာ ပေးတဲ့အချိန်ကျရင် မင်းတကိုယ်လုံးကို အစိတ်စိတ်အမွှာမွှာလုပ်ပစ်လိုက်မယ် မှတ်ထား..... "

ကျောက်ပိယွမ်က ရင်ထဲ အသည်းထဲက စိမ့်ပြီး ကြောက်ရွံ့နေတဲ့စိတ်ကို ဖုံးကွယ်ပြီး အစေခံမကို အေးစက်စွာခြိမ်းခြောက်လိုက်တယ်။ မင်းကြီးက သူ့ကို ပြန်ပြီး ချစ်မြတ်နိုးဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးဆိုတာ သူ့ရင်ထဲ သိနေပြီးသားဖြစ်တယ်။ တကယ်လို့ သူက အအေးနန်းဆောင်ကိုအပို့ခံရရင်တောင် မင်းကြီးကို အသနားခံဖို့ တခုခုပြောဖို့ အခွင့်ရေးရနိုင်သေးတယ်။ အခုတော့ မင်းကြီးက သူ့အဆောင်ထဲက အိပ်ခန်းထဲမှာ သော့ခတ်ပြီး ထားခဲ့လို့ သူမ ဘာတခုမှ မလုပ်နိုင်ဘူးဖြစ်နေတယ်။ မင်းကြီးက သူ့ကို ဘာလုပ်ဖို့များစီစဉ်ထားသလဲလို့တွေးပြီး ကျောက်ပိယွမ် အရမ်းကို ကြောက်လန့်နေခဲ့ပြီ။

သူမဘယ်လောက်အေးအေးဆေးဆေး ဖြစ်အောင ်စိတ်ကို ထိန်းထားပေမယ့် စိတ်ပျက်လက်ပျက်စောင့်စားနေတာ ကို မင်းကြီးက နည်းနည်းလေးမှ သတိမထားမိခဲ့ပေ။

"သခင်မကို မင်းကြီးနောက်ကွယ်မှာ ကျွန်မက ဖိနှိပ်နေတယ်လို့ ထင်နေတာလား။ သခင်မသိအောင် ပြောလိုက်မယ်။ သခင်မ ဘယ်လို ဖြစ်နေတယ်ဆိုတာ မင်းကြီး အားလုံးသိတယ်။ ဒါပေမယ့် သခင်မရဲ့ခံစားချက်ကို မင်းကြီး လုံးဝ ဂရုမစိုက်ဘူး၊ သခင်မကို မင်းကြီးက တခါလောက် မျက်နှာသာပြန်ပေးမယ်လို့ စိတ်ကူးယဉ်နေတာလား။ အိပ်မက်တောင် မက်မနေပါနဲ့တော့.... "

အစေခံမက ရယ်မောပြောဆိုလိုက်ပြီး ကြီးမားတဲ့သော့ခလောက်ကြီးနဲ့ တံခါးကို ပြန်ခတ်ပြီး ထွက်သွားတော့တယ်။



ကျောက်ပိယွမ်က နာနာကြည်းကြည်း ငိုချလိုက်တော့တယ်။ အရင်တုန်းက တော်ဝင်ကိုယ်လုပ်တော်အဖြစ် မင်းကြီးရဲ့ ချစ်မြတ်နိုးခြင်းခံရတဲ့အချိန်ကို ပြန်တမ်းတလိုက်မိတော့တယ်။ အဲ့ဒီအချိန်တုန်းက သူမက မင်းကြီးနဲ့ အတူရှိချိန်၊ ချစ်တင်းနှောနေချိန်မှာ အရမ်းကို စိတ်ပျက်ရွံရှာစက်ဆုပ်နေခဲ့တယ်။ သူ့ကို အတင်းအကျပ် ဖိအားပေးပြီး လိင်ဆက်ဆံတယ်လို့ချည်းပဲ တွေးနေပြီး အဝေးက သူ့ချစ်သူကိုပဲ အချိန်ပြည့်တမ်းတနေခဲ့တယ်။ တကယ်တော့ အဲ့ဒီအချိန်က သူ တန်ဖိုးမထားမိခဲ့လို့ပါ။ သူမကို တကယ့်ကို တန်ဖိုးထားမြတ်နိုးတဲ့ ယောကျာ်းတစ်ယောက်ရဲ့ချစ်ခြင်းအောက်မှာ ရှိနေတဲ့ တန်ဖိုးကို သူမ မသိခဲ့မိဘူး။ အခုမှတော့ အရာအားလုံးက လေထဲ လွင့်ပြယ်သွားပြီး ပြန်ဆုပ်ကိုင်လို့မရတော့ဘူး။

တကယ်လို့ အချိန်ကို နောက်ပြန်ဆုတ်လို့များရခဲ့မယ်ဆိုရင် သူမ နန်းတော်ထဲကို စဝင်လာကတည်းက မင်းကြီးကို ရိုသေလေးစားစွာနဲ့ ပြုစုပေးခဲ့မယ်။ သူမ ချစ်တဲ့ ချီကျင်းယွိကို မေ့ပစ်လိုက်ပြီးမင်းကြီးကိုပဲ သူမ ချစ်အောင် ကြိုးစားခဲ့မှာသေချာတယ်။
ဒီအကြောင်းတွေးရင်း နတ်ဆိုးလိုဖြစ်နေတဲ့ ချီကျင်းယွိမျက်နှာကို မြင်ယောင်လာပြီး တုန်လှုပ်စွာနဲ့ ငိုချလိုက်တော့တယ်။

၂ လလုံးလုံး နေ့စဉ်ဆေးသောက်ပြီးနောက် တော်ဝင်မင်းသားရဲက အိမ်တော်မှာ ချင်ကြင်ယာတော်က ရုတ်တရက် မူးလဲသွားလို့ သတင်းကောင်းကြားရတော့မယ်လို့ ထင်နေခဲ့တယ်။ ချီကျင်းယွိက မကြာသေးခင်ကမှ ဒဏ်ရာနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်လို့ စိတ်ဆင်းရဲနေတဲ့အတွက် ချင်ကြင်ယာတော်က ကိုယ်ဝန်ဆိုတာ မသေချာသေးပဲ မပြောပြချင်သေးဘူး။ ကိုယ်ဝန်ရှိတာ သေချာပြီဆိုတော့မှ တော်ဝင်မင်းသားကို မိသားစုဘဝဆိုတဲ့ အရာကို ပေးအပ်ပြီးစိတ်တက်ကြွအောင် လုပ်ချင်တယ်။

သူ့ခင်ပွန်းတော်ဝင်မင်းသားနဲ့ မယ်တော်ကြီး စိတ်ပျက်သွားမှာစိုးလို့ သူမက ကိုယ်ဝန်ရှိတယ်ဆိုတာ တော်ဝင်သမားတော်တွေနဲ့ မပြဝံ့ဘူး။ ဒါကြောင်း အပြင်ဘက်က သမားတော်အိုတစ်ယောက်ကို တိတ်တဆိတ်ခေါ်ပြီး သူ့မှာ ကိုယ်ဝန်ရှိ မရှိကို ပြကြည့်တယ်။ သမားတော်အိုက စစ်ဆေးကြည့်ပြီးနဖူးပေါ်မှာ ချွေးတွေသီးလာခဲ့တယ်။ သမားတော်က မတင်လျှောက်ချင်ပေမယ့် ချင်ကြင်ယာတော်က သူ့ကို အမိန့်ပေးတဲ့အတွက် မထိန်ချန်ရဲ့ပဲ အမှန်တိုင်း လျှောက်တင်လိုက်တယ်။ သမားတော်တင်လျှောက်တဲ့စကားကို ကြားတော့ ချင်ကြင်ယာတော် က သူမ အဆိပ်မိနေတယ်ဆိုတာကို မယုံနိုင်အောင်ဖြစ်မိတယ်။

ချင်ကြင်ယာတော်က အခြားသမားတော်တွေကို ထပ်ခေါ်ပြီး စမ်းကြည့်တော့ အလားတူ လျှောက်တင်တာကို ကြားလိုက်ရတော့ သူ အဆိပ်မိတယ်ဆိုတာ သေချာသွားပြီဖြစ်တယ်။

သူမ ဖခင်စစ်သူကြီး ချန်ထုံးက သူမကို ကလေးမွေးစက်လို သဘောထားတယ်။ တော်ဝင်မင်းသားနဲ့ ပေးစားပြီး ကလေးမွေးစေချင်တယ်။ ပြီးတော့ သူ့အတွက် အခြား လုပ်ပိုင်ခွင့် အာဏာတွေကို ရယူစေချင်တယ်။ သူမ အမေရင်းကတော့ အခက်ခဲကြုံချိန်မှာ သူမကို စွန့်ပစ်ဖို့ ဝန်မလေးဘူး။ သူမရဲ့ အကိုရင်းနှစ်ယောက်က သူတို့ငွေလိုချိန်မှ သူမကို သတိရပြီး လာရှာတယ်။ သူမ ဘဝမှာ မိသားစုနွေးထွေးမှုဆိုတာ တခါမှ မကြုံဖူးဘူး။ ဒါကြောင့် တော်ဝင်မင်းသားနဲ့ လက်ထပ်ပြီး ခုနောက်ပိုင်း မင်းသားက သူမအပေါ်ကို နွေးထွေးကြင်နာလာတဲ့အချိန် နွေးထွေးတဲ့ မိသားစု ဘဝကို ဖန်တီးချင်လာမိတယ်။ တယောက်ကိုတယောက် ချစ်ခင်တဲ့ တယောက်အတွက် တယောက် အဆင်သင့်ရှိပေးမယ့် မိသားစု ဘဝတစ်ခုကို သူမ တကယ်ကို လိုချင်ပြီး တည်ဆောက်ချင်ခဲ့မိတယ်။

ဒါကြောင့် အိမ်ထောင်မကျခင်ကတည်းက သူမက ကလေးတွေ မွေးနိုင်ပါ့မလားဆိုတာ သိဖို့ သမားတော်တွေနဲ့ စစ်ဆေးကြည့်ခဲ့ပြီးသားဖြစ်တယ်။ သူမရဲ့ကိုယ်နဲ့သားအိမ်က ကလေးကောင်းကောင်းမွေးနိုင်တယ်ဆိုတာ သမားတော်တွေက ပြောပြီးသားဖြစ်လို့ အိမ်တော်အပြင်မှာ သူမ အဆိပ်မိတာ မဖြစ်နိုင်ဘူး။
လက်မထပ်ခင် သူမက ကျန်းမာတဲ့ အမွေခံသားတွေကို မွေးဖွားချင်လို့ သမားတော်ခေါ်ပြီး အမြဲစစ်နေတာ ဘယ်လိုလုပ် အဆိပ်မိနိုင်မှာလဲ။ စစ်သူကြီးအိမ်တော်မှာ အဆိပ်မိတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါဆို မင်းသားအိမ်တော်ကို ရောက်မှ အဆိပ်မိတာလား။ သူ့ကို အဆိပ်ခတ်ရအောင် မနာလိုဖြစ်နေတဲ့ အခြားကိုယ်လုပ်တော်နဲ့ မယားငယ်တွေမှ မရှိတာ ဘယ်သူက သူ့ကို အဆိပ်ခတ်နိုင်မှာလဲ။

ချင်ကြင်ယာတော်က လုပ်ရည်ကိုင်ရည်ရှိပြီး စေ့စပ်သေချာသူဖြစ်လို့ သူမရဲ့ အရိပ်သက်တော်စောင့်တွေနဲ့ အိမ်တော်ထဲမှာ စတင်ပြီး အဆိပ်မိစေတဲ့ အကြောင်းရင်းကို စတင်ရှာဖွေတော့တယ်။ ဒီအိမ်တော်က သူမ ငယ်ကတည်းက နေခဲ့တဲ့အိမ်တော်မဟုတ်ပေမယ့် စေ့စပ်တဲ့ သူမလုပ်ရပ်အောက်မှာ အဖြစ်မှန်ကို ရှာတွေ့လာခဲ့တယ်။ အရိပ်သက်တော်စောင့်တွေပေးတဲ့ သက်သေအထောက်ထားတွေကို ကြည့်ပြီ းချင်ကြင်ယာတော်ရဲ့ နှလုံးသားက မယုံနိင်စရာကြောင့် နာကျင်ကြေကွဲရတော့တယ်။ ထိတ်လန့်ခြင်းမှစိတ်ဓာတ်ကျခြင်းကို ခံစားလိုက်ရတယ်။


သူမဘဝတစ်သက်တာမှာ နာကျင်စရာကို နှစ်ကြိမ်တိတိ ခံစားလိုက်ရမယ်လို့ သူမ လုံးဝ ထင်မထားမိဘူး။ တကြိမ်က ဖခင်ဖြစ်သူက သူ့စစ်သားတွေ ငတ်သေမှာစိုးလို့ သူမကို သတ်ပြီး ဟင်းအဖြစ် ချက်ကျွေးစေတဲ့အချိန်မှာ ချစ်ခင် အထင်ကြီးတဲ့ ဖခင်ရဲ့ စွန့်ပယ်မှုကို ခံလိုက်ရတဲ့ နာကြင်မှုက တသက်မမေ့နိုင်စ ရာဖြစ်စေ ခဲ့တယ်။ အခု သူမက ချီကျင်းယွိကိုသာ မချစ်ခဲ့ဘူးဆိုရင် သူမကို ကလေးမရအောင် အဆိပ်ခတ်တဲ့လုပ်ရပ်ကို သူမ နာကျင်မိမှာမဟုတ်ဘူး။ အခုတော့ ချီကျင်းယွိကို ချစ်မိပြီး မိသားစုဘဝကို တည်ဆောက်ပေးဖို့ ကြိုးစားကာမှ သူမဝမ်းကြာတိုက်မှာ သူ့ကလေးကို မကပ်ငြိအောင် အဆိပ်တိုက်ထားရက်တဲ့ ချစ်မိတဲ့ ယောကျာ်းရဲ့ နှလုံးသားကို ချင်ကြင်ယာတော် တကယ်ကို အံ့သြမိတယ်။

သူမ ဖခင် ချန်ထုံးက ရက်စက်လှပြီလို့ ထင်ထားခဲ့ပေမယ့်သူမ ယောကျာ်း ချီကျင်းယွိရဲ့လုပ်ရပ်က ပိုမရက်စက်ဘူးလား။ ဗြောင်ကျကျ ရက်စက်တာထက် ချစ်စကားတွေဆို ချစ်ရည်လူးရင်း နောက်ကျောကနေ ဓါးနဲ့ထိုး၊ အဆိပ်ရည်ကို နေ့တိုင်းတိုက်နေတဲ့ သူ့ယောကျာ်းလုပ်ရပ်က လူလို့တောင် ပြောလို့ရသေးရဲ့ လား။

ချင်ကြင်ယာတော်က ဝမ်းဗိုက်ပြားချပ်ချပ်ကို လက်နဲ့အသာပိုက်ပြီး ပြုံးရင်းကြုံးဝါးလိုက်တယ်။

ချီကျင်းယွိ ရှင်ကြည့်နေပါ။ ရှင်လုပ်သမျှ ပြန်ပေးဆပ်စေရမယ်.....

အချိန်တလလောက် အေးဆေးငြိမ်သက်နေပြီးနောက် 9 လပိုင်း သက်တော်ရှည် ပွဲတော်ကို ကျင်းပတဲ့အချိန်ရောက်လာခဲ့တယ်။ မင်းကြီးက နန်းတော်ထဲမှာ စားသောက်ပွဲကျင်းပပြီး အရာရှိတွေနဲ့ မိသားစုတွေကို ဖိတ်ခေါ်တက်ရောက်စေခဲ့တယ်။ တော်ဝင်မင်းသားနဲ့ ကြင်ယာတော်က စာရင်းထိပ်ဆုံးမှာပါဝင်ခဲ့တယ်။

ချီကျင်းယွိက ကမ္ဘာ့သားတော်ပီသတယ်။ သူက စိတ်ဓါတ်ကျနေပေမယ့် မကြာခင် စိတ်ဓါတ်ပြန်တက်လာတယ်။ သူက ရုပ်ရည်ကြောင့် စိတ်ညစ်ပြီးလူတွေ့မခံရင် နောင်အခါ လွှတ်တော်နဲ့ညီလာခံကို ဘယ်လို ဝင်ရောက်တော့မလဲ။ အခြားအရာရှိတွေနဲ့ အဆက်သွယ်ပြတ်တောက် သွားရင် သူ့အတွက် အခွင့်ရေး ပိုနည်းသွားနိုင်တယ်။ ဒါကြောင့် သူက သက်သာလာတာနဲ့ လူတောထဲ ပြန်ဝင်ပြီး မျက်နှာပြတော့မယ်။ ချင်ကြင်ယာတော်ရဲ့အားပေးစကားတွေကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံမှုကို ပြန်လုပ်ပြုလုပ်တော့မယ်။ နန်းတွင်းပွဲတော်က အရာရှိတွေကို ရင်းနှီးအောင်လုပ်ဖို့ အကောင်းဆုံး အခွင့်ရေးဖြစ်တယ်။ ဒါကို သူ ဘယ်လို လက်လွှတ်ခံနိုင်ပါ့မလဲ။

ချင်ကြင်ယာတော်က သူမ အခန်းထဲကို ဝင်သွားပြီးကတည်းက ပြန်ထွက်မလာပဲ ကြာနေလို့ တော်ဝင်မင်းသားက မလွဲသာပဲ သူမ အိပ်ခန်းထဲကို လိုက်ခေါ်လိုက်တယ်။ အခန်းထဲကို ဝင်လိုက်တာနဲ့ ပြင်းထန်တဲ့ ရနံ့တစ်ခုကို ရလိုက်ပြီး သူ ချက်ချင်း လဲကျသွားတော့တယ်။


"သူ့ကို အိပ်ရာပေါ်က တိုင်မှာချည်ထားကြစမ်း"

ချင်ကြင်ယာတော်က အေးစက်စက် အမိန့်ပေးလိုက်တယ်။ အစေခံမလေးနှစ်ယောက်က ကြိုးတွေနဲ့ မင်းသားကို ခုတင်တိုင်တွေမှာ ခြေလက်တွေကို မလှုပ်နိုင်အောင် တုပ်လိုက်တယ်။ ပြီးတော့ ချင်ကြင်ယာတော်က သူ့ကိုယ်ပေါ်က အဝတ်တွေကို ချွတ်ခိုင်းလိုက်ပြီး အဝတ်ဗလာဖြစ်သွားတော့မှ ခုတင်ပေါ်တက်လိုက်တယ်။ သူမက သူ့ဖွားဖက်တော်ကို ကိုင်လိုက်ပြီး တခါတည်းဖြတ်တောက်လိုက်တယ်။ ပြီးတော့ အဲ့ဒီအရာကို သစ်သားသေတ္တာထဲထည့်လိုက်တယ်။ ချင်ကြင်ယာတော်က အထောက်အထားအားလုံးကိုထုပ်ပိုးပြီး အခြွေရံနှစ်ယောက်နဲ့ထွက်လာခဲ့တယ်။

အိမ်တော်ထိန်းက မင်းသားက ကြင်ယာတော် အခန်းထဲ ဝင်သွားတာကို တွေ့လိုက်ပြီး ကြင်ယာတေ်ာနဲ့ အခြွေရံနှစ်ယောက် ပဲပြန်ထွက်လာ တာ တွေ့လိုက်လို့ မေးလိုက်တယ်။ မိန်းကလေးနှစ်ယောက် အနက် တစ်ယောက်က သေတ္တာတစ်လုံးကိုင်ထားပြီးေ နာက်တစ်ေ.ယာက် ကအထုပ်ကိုထမ်းထွက်လာတယ်။
 
" မင်းသမီး၊ မင်းသားဘယ်မှာလဲ။ "

"သူ ရုတ်တရက်သူ့စိတ်ပြောင်းသွားတယ်။ သူ လာမှာမဟုတ်ဘူး။ မင်းသိပါတယ်၊ သူ့မျက်နှာ ... ... "

 ချင်ကြင်ယာတော်က ဆက်ပြောလိုက်တယ်။

" ငါ သူ့ကိုဖျောင်းဖျလို့ရအောင်ကြိုးစားခဲ့တယ်၊ ဒါပေမယ့်ပ မင်းသား.....သူကိုယ်တိုင်က ဂွမ်းစောင်နဲ့ကိုယ်ကို ပတ်ပြီး အိပ်နေတော့ ဘယ်လိုမှ ခေါ်မရဘူး။ အခု သူက လူတွေနဲ့ မတွေ့ချင်ဘူးလို့ ပြောနေတယ်။ သူ အရမ်းကို စိတ်ညစ်နေတယ်။ မင်းသားက စိတ်လည်း မကြည်ဘူးဖြစ်နေတယ်။ ဒါကြောင့် ဘယ်သူမှ သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး၊ စိတ်ကျရောဂါရောဂါက အခြေနေ ဆိုးလာတော့...... "

မင်းသားက တော်တော်စိတ်ဓာတ်ကျခဲ့တယ်။ မကြာသေးခင်က သူ့စိတ်အခြေအနေတိုးတက်လာပေမယ့် ဒီနေ့ နန်းတော်ထဲက စားသောက်ပွဲကြီးဖြစ်ပြီး မြို့တော်ရဲ့ အထက်တန်းလွှာအားလုံး တက်ရောက်ကြမှာဖြစ်တယ်။ မင်းသားက ရုတ်တရက် ရှက်ကြောက်နေတာဟာ သဘာဝပါပဲ။ အိမ်တော်ထိန်းက ကသံသယမဝင်လိုက်ဘူး။ ဒါကြောင့်  သေတ္တာကိုကိုင်ထားတဲ့ အိမ်ဖော်က လက်ထဲကနေ သွေးစက် မြေပြင်ပေါ် ကျသွားတာ သတိမထားမိပဲ မင်းသားကို ဘယ်သူမ ှမနှောက်ယှက်စေရဘူးလို့ ကတိပေးလိုက်တယ်။

ထိုက်ဟော် နန်းဆောင်ကို သူမ ရောက်သွားတော့ မင်းကြီးနဲ့ မယ်တော်ကြီး မရောက်လာကြသေးဘူး။ သူမက တော်ဝင်မင်းသားအတွက်ပြင်ထားတဲ့ ခုံမှာ ဝင်ထိုင်လိုက်ပြီး ဝိုင်တစ်ခွက်သောက်လို့  စိတ်ခံစားချက်ကို ငြိမ်အောင် လုပ်နေလိုက်တယ်။ လူတစ်ယောက်က ဒီကမ္ဘာပေါ်မှာ အသက်ရှင်လျက်ရှိတုန်းက သူတို့ပျော်ရွှင်စွာနေထိုင်ပြီး သူရဲကောင်းဆန်ဆန်သေဆုံးသွားသင့်တယ်။တော်ဝင်မင်းသား၊ တော်ဝင်ကိုယ်လုပ်တော်၊ မယ်တော်ကြီး... သူတို့က ဘာကောင်တွေဖြစ်ဖြစ် သူမကို လှောင်ပြောင်ခဲ့လို့ သူတို့ကို သူမနဲ့ အတူ ငရဲသို့ဆွဲခေါ်သွားလိမ့်မယ်လို့ ချင်ကြင်ယာတော်က စိတ်ထဲကနေ ကြိမ်းဝါးလိုက်တယ်။

ကျောက်ရွှမ်က ချန်ကြင်ယာတော် ကလဲ့စားချေလိုက်တယ်ဆိုတဲ့ သတင်းကို လျှို့ဝှက်အထောက်တော်တွေဆီက ရလိုက်တာနဲ့ တည်ငြိမ်စွာနဲ့ ဝိုင်သောက်နေတဲ့ ကြင်ယာတော်ကို မှောင်မိုက်စွာ စိတ်ပျက်လက်ပျက် ကြည့်လိုက်တယ်။ တကယ်လို့ သူသာ ယောကျာ်းလေးအဖြစ် မွေးလာမယ်ဆိုရင် သူ့အနောက်မြောက်တပ်အတွက် ချက်ချင်း သိမ်းသွင်းလိုက်မှာ သေချာတယ်။ သိပ်ကို ပြတ်သားပြီး စိတ်ထက်လွန်းလှတဲ့ ကြင်ယာတော်က သူ ဘာမှ မလုပ်လိုက်ရသေးချင် ချင်ကျင်းယွိကို လက်တုန့်ပြန်လိုက်ပြီ။ ကျောက်ရွှမ် စဉ်းစားခန်းဖွင့်နေတုန်း မင်းကြီးနဲ့မယ်တော်ကြီးရောက်လာ လို့ အားလုံး ဒူးထောက်အရိုသေပေးလိုက်ကြတယ်။

မယ်တော်ကြီးက သူ့သားနေရာက ဘာကြောင့် လွတ်နေသလဲဆိုတာ ခန့်မှန်းမိလိုက်ပြီး ဘာမှမမေးလိုက်ဘူး။ ချန်ကြင်ယာတော်ကို ဦးတစ်ချက်ငြိမ့်ပြပြီး နေရာမှာ တန်းထိုင်လိုက်တယ်။ ဖွင့်ပွဲကို ကျိုးယွင်ရှန့်က စကားနည်းနည်းပြောလိုက်ပြီး အရာရှိတွေ အဆင်ပြေသလို စားသောက်ပျော်ပါးဖို့ခွင့်ပြုလိုက်တယ်။

ကျိုးယွင်ရှန့်ရဲ့ဘေးမှာ ဟွိုက်ရီတော်ဝင်ကိုယ်လုပ်တော်ထိုင်နေတယ်။ ကျောက်ပိယွမ်က သူမကို အခန်းထဲ သော့ခတ်ထားရာကနေ မင်းကြီးက လူလွှွတ်ပြီး ဒီအခန်းနားကို တက်ရောက်ဖို့ အခေါ်လွှတ်မယ် ထင်မထားခဲ့မိဘူး။ ဒါကြောင့် မင်းကြီးဘေးမှာ ထိုင်နေရချိန်မှာ သူမက အိပ်မက်မက်နေသလို ခံစားနေရတယ်။

ခမ်းနားထည်ဝါလှတဲ့ အမြင်ံ့နေရာက မင်းကြီးဘေးမှာ ထိုင်နေရပြီး အထက်တန်းလွှွာအမျိုးသမီးအားလုံး မနာလိုစွာ၊ အားကျစွာကြည့်တာကို ခံနေရတာဖြစ်လို့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ခက်ခဲလှတယ်။
ချန်ကြင်ယာတော်က ကျောက်ပိယွမ်ကို အကြာကြီးစိုက်ကြည့် နေပြီးတော့မှ ဝိုင်ကို ဆက်သောက်နေခဲ့တယ်။

" အရှင်မင်းကြီး သေရည်ချည်းပဲ သောက်ရင် အစာအိမ်ကို ထိပြီး ဗိုက်နာလိမ့်မယ်။  အစားလည်း စားပါဦး"

ကျောက်ပိယွမ်က ချန်ကြင်ယာတော် သူမကို ရန်လိုနေတာကို သတိမထားမိပဲ မင်းကြီးကို ပြုစုဖို့ အလုပ်များနေခဲ့တယ်။ ကျိုးယွမ်ရှန့်က သူမနဲ့ ပြောဆိုရမှာ ပျင်းရိနေလို့ လက်ယမ်းပြပြီး ယွီကော်နယ်စားကြီးကို လှမ်းခေါ်ရင်းပြောလိုက်တယ်။

"နယ်စားကြီး...ကိုယ်တော်နဲ့ အတူ တခွက်လောက်လာသောက်ပါလား"

ကျောက်ရွှမ်က သူ့နာမည်ကို မင်းကြီးခေါ်လိုက်သံကိုကြားတော့ ရုတ်တရက် အိပ်မက်မက်နေသလားလို့ ထင်လိုက်မိပြီး အရမ်းကို ကျေနပ်သွားတယ်။ ခါတိုင်းဆိုရင် အိပ်မက်ထဲမှပဲ သူ့ချစ်သူနဲ့သူ ချိုချိုသာသာ ချစ်စကားတွေကို ကြားရတယ်။ ချစ်တဲ့မင်းကြီးရဲ့ ချိုသာလှတဲ့ ညည်းညူသံတွေကို နားထောင်ရတယ်။ အခု သူ့ကို 'တိရိစ္ဆာန်' လို့လည်း မခေါ်ဘူး။ ဒေါသလည်းထွက်မနေဘူး။ သူ အခု အနက်ရောင်ဝတ်စုံဝတ်ထားမှ သူ့ချစ်သူနဲ့ မျက်နှာချင်းဆိုင်ရတာ မဟုတ်ဘူး။ ပင်ကိုယ်မျက်နှာနဲ့ ချစ်တဲ့အမျိုးသားနဲ့ အတူသောက်ခွင့်ရမယ်ဖြစ်လို့ ကျောက်ရွှမ်ရဲ့ တကိုယ်လုံးမြောက်တက်နေသလို ခံစားနေရတယ်။

 ကျောက်ရွှမ်က အတွင်းအားနဲ့ သူ့ကိုယ်ထဲက တက်ကြွလာတဲ့ စိတ်ကို ဖိနှိပ်ပြီး မင်းကြီးရဲ့စားပွဲရှိရာကို လျှောက်လာခဲ့တယ်။

 " အရှင်မင်းကြီး ဗိုက်ထဲ အစာမရှိပဲ သောက်တာ တကယ်ကို မကောင်းတာပါ။ ဒါကြောင့် အရှင်မင်းကြီး အရင် တခုခုစားလိုက်တာ ပိုကောင်းပါတယ်.... "

အဲ့ဒီနောက်   ကျောက်ရွှမ်က တူကိုကောက်ကိုင်လိုက်ပြီး မင်းကြီးရဲ့ ရှေ့က ပန်းကန်လုံးထဲကို မင်းကြီးကြိုက်တဲ့ ဟင်းတွေကို ထည့်ပေးလိုက်တယ်။ ကျိုးယွင်ရှန့်က  ကျောက်ရွှမ်ကို ပြုံးကြည့်နေလိုက်တယ်။ ပြီးတော့မှ ပြောလိုက်တယ်။

" အတူတူစားကြတာပေါ့... "

ကျောက်ပိယွမ်က ကနေ့အနေထားက ပုံမှန်မဟုတ်တာကို သတိပြုမိလိုက်ပေမယ့် သူမ အကိုကြီးအတွက် ပန်းကန်နဲ့တူတစ်စုံကို အမြန်ယူဆောင်လာဖို့ အမိန့်ပေးလိုက်တယ်။ သူမ အကိုကြီးကို စကားစမြည်ပြောဖို့ စိတ်ရှိပေမယ့် သူတို့လုပ်ထားတဲ့ လုပ်ရပ်တွေအတွက် ဘယ်ကနေ စပြောရမှန်းမသိဖြစ်နေတယ်။ မင်းကြီးရဲ့မျက်နှာသာပေးမှု ဆုံးရှုံးသွားတာ ဘယ်လောက်တောင် အသုံးမကျတဲ့ မိန်းမတစ်ယောက်ဖြစ်သွားစေတယ်ဆိုတာ အစက သူမ မသိခဲ့ဘူး။ လုံးလုံးအသုံးမကျတဲ့ မိန်းမဖြစ်သွားမယ်မှန်းသိရင် အဆက်အသွယ်တွေကို ပြတ်တောက်အောင် သူမ လုပ်ခဲ့မှာ မဟုတ်ဘူး။

ကျောက်ပိယွမ်ကို ချန်ကြင်ယာတော်က အောက်ဘက်ကနေ စူးစိုက်ကြည့်လို့နေတယ်။ တော်ဝင်ကြင်ယာတော် ဝတ်စုံက သူမကိုယ်ပေါ်မှာ လျော့လျဲနေလောက်အောင် သူမက ပိန်ကျသွားတာကို တွေ့လိုက်ရတယ်။

ဝိုင်ချိုတွေကို အတော်သောက်ပြီးချိန်မှာ မင်းကြီးက သူတို့ပြင်ဆင်ထားတဲ့ လက်ဆောင်တွေကို ဆက်သခွင့်ပြုလိုက်တယ်။ ဒီလက်ဆောင်တွေထဲမှာ ချန်ကြင်ယာတော်ပေးမယ့် လက်ဆောင်က အဓိကဖြစ်လို့ လူတွေအားလုံးရဲ့လက်ဆောင်ကို သာမန်လောက်ကြည့်ပြီးနောက် စတိုခန်းကို သယ်သွားစေလိုက်တယ်။ ပြီးတော့မှ ချန်ကြင်ယာတော်ကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။

ချန်ကြင်ယာတော်က ချက်ချင်းသူမလက်ဆောင်ကို ဆက်သဖို့ ပြင် လိုက်တယ်။ ချန်ကြင်ယာတော်က လှပတဲ့ မင်းကြီးကို စာနာသနားတဲ့ မျက်ဝန်းနဲ့ စိုက်ကြည့်တယ်။ ကျောက်ပိယွမ်က ချီကျင်းယွိနဲ့ ဘာကြောင့် ဖောက်ပြန်ရတယ်ဆိုတာ သူမ လုံးဝနားမလည်နိုင်တော့ဘူး။ ဒီ ဘုရင်က သူ့ကြင်ယာတော်ကို ဘယ်လောက်တောင် ချစ်သလဲဆိုတာ မင်းမျိုးမင်းနွယ်ထဲ မဆိုနဲ့ သာမန်ပြည်သူတွေကြားတောင် လူတိုင်းသိလောက်အောင် ချစ်တတ်တဲ့သူဖြစ်တယ်။ တကယ်လို့ သူမသာ ဒီလိုမျိုးအချစ်ခံရမယ်ဆိုရင် အိပ်နေရင်းတောင် ပြုံးနေမိမှာသေချာတယ်။

အေးစက်စက်အပြုံးနဲ့ ချန်ကြင်ယာတော်က သူမလက်ဆောင်ကို လင်းအန်းလက်ထဲကို ပေးအပ်လိုက်တယ်။ လင်းအန်းက ဒီလက်ဆောင်က ဘာလဲဆိုတော ကြေငြာပေးဖို့ ပြောလိုက်တယ်။ ဒါမှ ဝန်ကြီးအဖွဲ့ကို ဘာဆိုတာ ပြောပြနိုင်မှာဖြစ်တယ်။ ချန်ကြင်ယာတော်က အေးစက်စက်နဲ့ပဲပြောလိုက်တယ်။
"မင်းကြီးကိုယ်တိုင်ကြည့်လိုက်ရင်  ဒီဟာ ဘာလဲဆိုတာ မင်းကြီးသိပါလိမ့်မယ်"

ကျိုးယွင်ရှန့်က အထဲမှာ ဘာပါတယ်ဆိုတာ သိနေလို့ဖွင့်ဖို့လက်လှမ်းလိုက်တာနဲ့ ကျောက်ရွှမ်က ဦးအောင် လှမ်းယူပြီး ဖွင့်ကြည့်လိုက်တယ်။ ဒီထဲမှာပါတဲ့ ညစ်ညမ်းတဲ့အရာကို သူချစ်တဲ့ အမျိုးသားတွေ့သွားမှာ မလိုလားဘူး။ ဒါ့အပြင် ဒီအရာကို ထည့်ထားတဲ့ဟာကိုတောင် မထိစေချင်ဘူး။

သေတ္တာကိုအမြန်ဖွင့်လိုက်တော့ သူကဒေါသထွက်ပြီး မြေပြင်ပေါ်ကို ပစ်လိုက်ပြီးမေးလိုက်တယ်။

 "တော်ဝင်ကြင်ယာတော် ဒီဟာ ဘာလဲ"

ရှေ့အတန်းများတွင်ထိုင်နေတဲ့ တရားရုံးတော်က အထက်တန်းမှုးမတ်အားလုံးက ကျောက်ရွှမ်ပစ်ချလိုက်တဲ့ သတ္တာထဲမှ သွေးရဲ့နေတဲ့ ဝက်အူချောင်းပုံစံ အချောင်းတစ်ချောင်းကို တွေ့လိုက်ရတယ်။ အတွေ့ကြုံများတဲ့ အရာရှိတွေတောင် ဒီဟာ ဘာလဲဆိုတာ ချက်ချင်းသိလိုက်ပြီး လန့်မအော်ပဲ မနေနိုင်ကြဘူး။ လူအားလုံးက ယောကျာ်းတစ်ယောက်ရဲ့ လိင်တံကို မယုံကြည်နိုင်စွာစိုက်ကြည့်နေကြတယ်။ ဒီလိုဟာကို မယ်တော်ကြီးရဲ့မွေးနေ့ပွဲကို ယူဆောင်လာရဲတယ်။ ချန်ကြင်ယာတော်က အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်။ ပိုအရေးကြီးတဲ့အချက်က ဒီလိင်တံက ဘယ်သူပိုင်တဲ့လိင်တံလဲ။ ဘယ်သူ့ဟာကို ဖြတ်လာတာလဲ။

ချန်ကြင်ယာတော်က သွေးလိုနီနေတဲ့ မျက်ဝန်းတွေနဲ့ ကျောက်ပိယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

" ဒီအရာက ဘာလဲဆိုတာ ဟွိုက်ရီကိုယ်လုပ်တော်က အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒီအရာက  ဟွိုက်ရီကိုယ်လုပ်တော်ကိုယ်ထဲကို အကြိမ်ပေါင်းမရည်တွက်နိုင်အောင် ဝင်ထွက်နေခဲ့တယ် မဟုတ်လား။ ဒီအရာကြောင့် ဟွိုက်ရီကိုယ်လုပ်တော်က အရမ်းကို ပျော်ရွှင်ကြည်နူးခဲ့ရတယ် မဟုတ်လား။ သခင်မ... ဘာကြောင့် ပုန်းနေရတာလဲ။ လာကြည့်ပါဦး။ ဒီအရာက သခင်မ အရမ်းလွမ်းနေတဲ့ အရာ မဟုတ်ဘူးလား။ "


စကားလုံးများတွေက အောက်တန်းကျသော်လည်း စကားလုံးတွေရဲ့နောက်ကွယ်ရှိ လျှို့ဝှက်အဓိပ္ပာယ်က ပိုလို့ ယုတ်မာနေလို့ လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေတယ်။ လွှတ်တော်ထဲက အထက်တန်းအရာရှိ အားလုံးက သူတို့ ဒီနေရာက ပျောက်ကွယ်သွားဖို့ပဲ ဆန္ဒရှိနေကြပြီး သူတို့ ဒီပွဲကို လာခဲ့မိတဲ့အတွက် အားလုံး နောင်တရခဲ့ကြတယ်။ ဒီအရာကို  နောက်တစ်ခေါက်ပြန်ကြည့်မိတော့ စိတ်ပိုင်းဆိုင်ရာ ပြိုလဲကုန်ကြတယ်။



🍁🍁🍁🍁🍁🍁🍁🍁

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now