Arc_15.5_ Qi Yi Ning

Start from the beginning
                                    

ကျောက်ရွှမ်က ရုတ်တရက် ဒီအမျိုးသားလေးရဲ့ အချစ်ရဆုံးမိန်းမရဲ့ တကယ့်စိတ်ရင်းမှန်ကို သူတွေ့လိုက်ရင် ဘယ်လိုမျက်နှာ ဖြစ်သွားမလဲဆိုတာ သိချင်လာခဲ့တယ်။

ကျိုးယွင်ရှန့်က တော်ဝင်မင်းသား လက်ထပ်ဖို့ကိစ္စကို အမြန်ထုတ်ပြန်ပြီး အတည်ပြုပေးလိုက်တယ်။ မယ်တော်ကြီးက နောက်နှစ်နွေဦးရာသီဖြစ်တဲ့ မတ်လမှာ လက်ထပ်ပွဲလုပ်ဖို့စီစဉ်ပြီး နန်းတော်ထဲကို လော့လန်ကို မကြာခဏခေါ်ပြီး ပွဲထုတ်ပေးတယ်။ တော်ဝင်မင်းသားကိုလည်း နောင်တချိန် ဇနီးခင်ပွန်းဖြစ်လာမယ့် နှစ်ယောက်ကြားဆက်ဆံရေးနဲ့ ခံစားချက်တိုးအောင် လုပ်ပေးနေတယ်။

တော်ဝင်မင်းသားက ရုပ်ရည်ခန့်ညားပြီး တော်ဝင်ဆန်တဲ့အရိပ်ငွေ့တွေရှိလို့ လော့လန်က အရမ်းကို ၀မ်းသာပျော်ရွှင်နေတယ်။ လော့လန်နဲ့ ချီကျင်းယွိတို့ တော်ဝင်ဥယျာဉ်ထဲ အတူလမ်းလျှောက်ရင်း စကားစမြည်ပြောနေကြတယ်။ လော့လန်ရဲ့မျက်ဝန်းတွေက ရှည်သွယ်တဲ့အရပ်နဲ့ ခန့်ညားတဲ့မင်းသားကို ဂန္ဓမာပန်းခင်းနောက်ခံထားပြီး တွေ့မြင်ရတာ ကြည့်မ၀နိုင်အောင်ကို ခံစားနေရတယ်။

ကျောက်ပိယွမ်က ကိုယ့်ဘာသာ နာကျင်ခံစားအောင် လုပ်ချင်ပုံရတယ်။ သူမက လော့လန်နဲ့ချီကျင်းယွိတို့ တစ်နေရာစီမှာရှိနေရင် ဆုံနိုင်အောင် တမင်လုပ်ပေးတယ်။ သူတို့နှစ်ယောက်ဆုံလို့ တစ်ယောက်နဲ့တစ်ယောက် ပရောပရီနဲ့ ရင်းရင်းနှီးနှီး ပြောဆိုနေတာကိုတွေ့ရင် မျက်လုံးက ငိုချင်စိတ်ကြောင့် နီရဲလာပြီး ရုတ်တရက် နေမကောင်းဘူးလို့ အကြောင်းပြပြီး သူမနန်းဆောင်ကို ပြန်လာတတ်တယ်။

ဥယျာဉ်ထဲ သူများအတွဲ လမ်းလျှောက်ကြည်နူးနေတာကို ကြည့်ဖို့ မယ်တော်ကြီးဆီကနေ ဒုတိယမင်းသားငယ်လေးကိုခေါ်ပြီး ဥယျာဉ်ထဲသွားတာကို သိကတည်းက ကျောက်ပိယွမ်က ကျိုးကြောင်းဆင်ခြင်မှုမရှိတဲ့ မိန်းမဆိုတာ ကျိုးယွင်ရှန့် သေချာသိသွားတယ်။ ဒီလိုအေးစက်တဲ့လေထုကြား ကလေးကိုခေါ်သွားတော့ ဒုတိယမင်းသားလေးက ရက်အတော်ကြာ ဖျားနာသွားတော့တယ်။

မယ်တော်ကြီးက ဒီသတင်းကိုကြားတော့ အသည်းဆတ်ဆတ်ခါနာပြီး ကျောက်ပိယွမ်ကို သေလုအောင် ရိုက်ပစ်ချင်စိတ် ပေါက်လာတယ်။ တော်ဝင်မင်းသားချီကျင်းယွိကတော့ ဘယ်လိုမှမခံစားရဘဲ ကျောက်ပိယွမ်နဲ့တွေ့တိုင်း အပြစ်မကင်းသလို ခံစားနေရကြောင်းပဲ ပြသနေတယ်။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now