အမှန်​တရားရဲ့ ဘက်​တော်​သား (၄)

4.5K 809 13
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၄)
~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းသားကောင်​လေး ထွက်​သွားတာနဲ့ သူ ဘယ်​သူများလဲလို့ မင်​ရှု စစဉ်းစားမိတော့တယ်​။

သူ့ကြည့်​ရတာ မူလလုမုန်းကို သိနေပုံပဲ။

ဒါပေမဲ့ လုမုန်းကတော့ သူ့ကို သိမနေဘူး။

Host က လိမ္မာရေးခြားရှိတဲ့ ကျောင်းသူလေးဖြစ်​နေချိန်​မှာ အဲ့ဒီကောင်​လေးက ဂျစ်​ကန်​ကန်​ ခပ်​ဆိုးဆိုးရယ်၊ သူ ပေါင်းတဲ့ လူတွေကလည်း မူလလုမုန်းနဲ့ တူတာမဟုတ်​ဘူး။ ဒီတော့ကာ တစ်​ကျောင်းတည်းသာ တက်​နေတာ သူတို့အချင်းချင်း တွေ့ကြ ဆုံဖြစ်​ကြတာမျိုး မရှိခဲ့ဘူး။

'အိမ်း... ထားလိုက်​ပါတော့၊ အစာ အရင်​ရှာရမယ်​'

အဖျားရှိနေတာကြောင့်​မို့ မင်​ရှု ရက်​ပိုင်းလောက်​ အနားယူနေခဲ့ရတယ်​။ အဲ့အချိန်​အတောတွင်းမှာကို မင်​ရှု ရှန်းကွမ်းဖုန်းကို ရိုက်​ခဲ့တဲ့ကိစ္စက တစ်​ကျောင်းလုံး ဟိုးဟိုးကျော်​နေခဲ့ပြီ။

သုံးပွင့်​ဆိုင်​အချစ်​ဆိုပဲ။

တစ်​ယောက်​က သူများချစ်​သူကို လုတယ်​ဆိုပဲ။

အတင်းပြောတတ်​တဲ့ ကျောင်းသားကျောင်းသူတွေဆို စာလုံးရေ သန်းတစ်​ရာလောက်​ရှိတဲ့ စိတ်​ကူးယဉ်​ဇာတ်​လမ်းတွေ ဘာတွေတောင်​ ရေးပြီးနေပြီလား မသိဘူး။

ယောက်ျားတွေ အများကြီးကို ပြိုင်​တူထည်​လဲတွဲနေတာတောင်​ နာမည်​ပျက်​မထွက်​တဲ့ ကျင့်​ယွီချီကိုတော့ မင်​ရှုလည်း လေးစားအံ့သြမိတယ်​။

တကယ့်​ဆရာမကြီးပဲ။

မင်​ရှု နာလန်​ပြန်​ထတော့မှ ကျောင်းပြန်​တက်​တယ်​။ ဒါပေမဲ့ သူ ကျောင်းစာသင်​ခန်းထဲ ဝင်​လိုက်​တယ်​ဆိုတာနဲ့ သူများတွေ ရှုတ်​ချတာကို ခံရတော့တာပဲ။ ကျောင်းသားအချို့ဆို ရိသဲ့သဲ့နဲ့ လေချွန်​ပြတာတွေရှိတယ်​။

"ဒီလို အသက်​ငယ်​ငယ်​လေးနဲ့ ယောက်ျားလေးတစ်​ယောက်​ကို မြူဆွယ်​ရဲတာ၊ နည်းတဲ့ အရှက်​နဲ့လားလို့... ရှန်းကွမ်းက သူ့အကြောင်းသိလို့ တော်​သေးတယ်​၊ မဟုတ်​ရင်​ သူ အောင်​မြင်​သွားဦးမယ်​..."

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now