Arc_ 10.12 _Joshua

Start from the beginning
                                    

Arc_ 10.12 _Joshua

သူ့အဖွဲ့သားတွေအကုန်လုံးထုပ်ပိုးပြီးသွားချိန်မှာ ဂျိုရှုဝါက သူ့ရဲ့ရထားလုံးပေါ်မှာထိုင်ပြီး ဘိုဝင်တို့ အဖွဲ့ကို လှည့်တောင် မကြည့်ပဲ  ပြောလိုက်တယ်။

" အန္တရာယ်ကင်းပြီးဖြစ်လို့ ခင်ဗျားတို့လည်း လိုရာကို သွားလို့ရပါပြီ။ ပြီ"

နတ်သူငယ်တွေနဲ့ သားရဲလူသားတွေက ဂျိုရှုဝါရဲ့ဘေးကို ပြေးသွားပြီး မျက်ရည်ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီး တောင်းပန်ကြတယ်။

" ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို သနားပါ"

" ခင်ဗျားတို့ ထွက်သွားကြတော့ "

ဂျိုရှုဝါက သူ့အဖွဲ့သားတွေကို စတင်ထွက်ခွာဖို့ အချက်ပြလိုက်တယ်။ နတ်သူငယ်တချို့က ပြေးလိုက်ပြီးတောင်းပန်ဖို့ ပြင်ပေမယ့် ဘိုဝင်က တားလိုက်တယ်။

" ခဏစောင့်ကြဦး။ အလင်းဘုန်းကြီး ဂျိုရှုဝါ ဝတ်ပြုချိန်ကို စောင့်ကြစို့ သူတို့နဲ့အတူ နောက်ကနေ လျှို့ဝှက်လိုက်သွားကြရအောင်။"

" မိတ်ဆွေပုပ်ရဟန်းမင်းကြီး ခင်ဗျားဖာသာပဲ ဗဟိုဘုရားကျောင်းကို ပြနလိုက်ပါတော့။ ကျွန်တော်တို့ လိုက်ပို့ပေးနိုင်တော့မှာ မဟုတ်ဘူး " ထို့နောက်သူသည်ပုပ်ရဟန်းမင်းကြီးထံလှည့ ်ပြောလိုက်တယ်။

"ဘာလို့လဲ။ မင်း ငါ့ရဲ့လက်ရှိအခြေအနေကို သိတယ်မဟုတ်လား။ ငါ့မှာ နတ်သူငယ်တောအုပ်ကနေ စိတ်ချလက်ချ ထွက်သွားနိုင်တဲ့ လူအင်အားလည်း မရှိဘူး။ "

ပုပ်ရဟန်းမင်းကြီးအော်ပြောလိုက်တယ်။ သူ့မှာ အလင်းဘုန်းကြီးတစ် ဦး နှင့် ရဲမတ်နှစ် ဦး သာရှိသည်။ သူတိုက အပြင်းထန် ဒဏ်ရာရရှိခဲ့သေးတယ်။ သူကိုယ်တိုင်မှာ ကိုယ်တိုင်ကာကွယ်နိုင်ဖို့ အလင်းစွမ်းအင်လည်း မရှိသလို သူများကိုလည်း မကာကွယ်ပေးနိုင်ဘူး။

" ငါတို့မှာ အရေးတကြီးလိုအပ်တဲ့အရာတစ်ခုရှိတယ်။ မိတ်ဆွေကြီး မင်းရဲ့ရွေးချယ်မှုအတွက် ပြန်ပေးဆပ်ရတော့မယ်။ ခမည်းတော်က ငါတို့ကို ကောင်းကင်ကနေ ငုံ့ကြည့်နေတယ်၊ "

ဒီစကားအဆုံး ဘိုဝင်က သူ့လူများနှင့်အတူတောတွင်းထဲ ကို လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားပြီးဒေါသထွက်နေတဲ့ ပုပ်ရဟန်းမင်းကို ချန်ထားရစ်တော့တယ်။
 
ပုပ်ရဟန်းမင်းကြီးက မတ်တပ်ရပ်ပြီး အချိန်အတော်ကြာ ကြွေးကြော်ခဲ့ပေမယ့် ဘိုဝင်နဲ့ အခြားသူတွေ ပြန်လှည့်မလာခဲ့လို့ နောက်ဆုံး သူအရှုံးပေးလိုက်တယ်။ သူက ဘာမှမပြောပေမယ့် သူ့မျက်ဝန်းတွေက မကောင်းတဲ့အရိပ်တွေနဲ့ပြည့်လို့နေတယ်။ သူ့ရဲ့

သစ္စာရှိတပည့် သုံး ဦးက ပြင်းထန်စွာဒဏ်ရာရရှိပြီးမြေပြင်ပေါ်မှာ အနားယူနေတယ်။ သူက သားကောင်ကို ချောင်းနေတဲ့ မြွေလို သူ့တပည့်တွေကို စိုက်ကြည့်နေတယ်။ သူတို့က မကောင်းတဲ့ နိမိတ်လက္ခဏာကိုသတိပြုမိလုတဲ့အခါ ပုပ်ရဟန်းမင်းက လျင်မြန်စွာ ချည်းကပ်သွားပြီး သူတို့လည်ပင်းကို ထက်တဲ့ ဓားမြှောင်နဲ့ လှီးလိုက်တယ်။

မြေတပြင်လုံး တာက်ပတဲ့ သွေးနီနီတွေနဲ့ ပက်ဖြန်းလိုက်ပြီး မကြာမီနတ်ဆိုးသားရဲများနှင့်နတ်ဆိုးသစ်ပင်တွေက သွေးနံ့ကို ခံပြီး သူရှိရာကို ချည်းကပ်လာတယ်။ ဒါပေမယ့်သူက စိတ်မပူခဲ့ဘူး၊ သွေးတွေနဲ့မြေပြင်ပေါ်မှာ မှော်နက် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်တယ်။ မကြာခင် ဒီစက်ဝိုင်းထဲမှာ အနက်ရောင် အခိုးငွေ့တွေထွက်လာပြီး လူရိပ်တစ်ခုပေါ်လာတယ်။ ဒီမီးခိုးက လူပုံစံဖြစ်လာပြီး ချောမောလှပတဲ့ ယောကျ်ားတစ်ယောက်ပုံပေါ်လာတယ်။ ဒီလူက ဘိုးလ်ကို ကယ်တင်ပြီး နတ်သူငယ်ဒေသကို လိုက်လာတဲ့ နယ်စားမင်း ဟူးဘတ်ပဲဖြစ်တယ်။

" အံ့သြစရာကောင်းတာက ဗဟိုဘုရားရှိခိုးကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်က ငါ့ကို ဆင့်ခေါ်တဲ့သူဖြစ်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး!"
ပုပ်ရဟန်းမင်းကြီးဟာ ဒီလို အကြည့်ခံရပေမယ့်  ဒါက ရှက်စရာကောင်းတယ်လို့မခံစားရဘူး၊ သူ့စွမ်းအားပြန်ရဖို့အတွက် သူဟာဘယ်လောက်ပေးဆပ်ရမယ်ဆိုတာကို မသိခဲ့ဘူး။ သူက ဒီလူကို ဦး ညွှတ်ပြီးတာင်းပန်ခဲ့တယ်။
" အမှောင်ဘုရင်ကို နူတ်ဆက်ပါတယ်။ ကျွန်ုပ်ရဲ့ ဆုတောင်းစကားကို နားဆင်တော်မူပြီး  ဖြည့်ဆည်းပေးတော်မူပါ. "
 
" အမ်....မင်းရဲ့ ဆုတောင်းစကားကို သဘောကျလို့ ဖြည့်ဆည်းပေးမယ်ဆိုရင် မင်းက ငါ့ကို ဘာပြန်ပေးမှာလဲ...  "

နတ်ဆိုးဘုရင်က စိတ်ဝင်စားစွာစိုက်ကြည့်ပြီးမေးလိုက်တယ်။

 " ကျွန်ုပ်က အရှင့်ရဲ့ အစေခံအဖြစ် ထမ်းဆောင်ပါ့မယ်။ ကျွန်ုပ်ရဲ့ စိတ်ဝိဉာဉ်ကို ပေးအပ်ပြီး အမှောင်စစ်ပွဲကို အနိုင်ရအောင် တိုက်ခိုက်ပေးပါ့မယ်... "

" အိုး...မင်းရဲ့ကမ်းလှမ်းချက်က အတော့်ကို သွေးဆောင်နိုင်တာပဲ။ ဒါပေမယ့် နတ်ဘုရားနှစ်ပါးကြားက ဖြစ်တဲ့ အမှောင်စစ်ပွဲကို အနိုင်ရအောင် လုပ်ပေးနိုင်ဖို့ စွမ်းရည် မင်းမှာရှီတယ်လို့များ ယုံကြည်နေတာလား။  "

ဒီလူက ခပ်တိုးတိုးရယ်မောလိုက်တယ်။ တကယ်တော့ ရှည်လျားတဲ့ သက်တမ်းကို ပျင်းရိလွန်းလို့ သူတို့က အပျင်းပြေ တိုက်ခိုက်နေကြတဲ့ နေရာမှာ နတ်ဘုရားနှစ်ပါးက ကစားရုံသက်သက် တိုက်နေတယ်ဆိုတာ သူတို့ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။

ပုပ်ရဟန်းမင်းကြီးက ဒီအစီစဉ် အလုပ်မဖြစ်တော့ သူ့ရဲ့သီးသန့်အစီစဉ်ကို တင်ပြလိုက်တယ်။ ဒီအစီစဉ်ကို ကြားတော့ နတ်ဆိုးဘုရင်ကြီးတောင် ပုပ်ရဟန်းမင်းကြီးကို အထင်တကြီး ကြည့်လိုက်မိတယ်။ သူကနတ်ဆိုးဘုရင်ဆီက လေးစားမှုကို ခံလိုက်ရတယ်လို့ ခံစားလိုက်ရတယ်။

သူ့အစီစဉ်ကတော့ သူက ဂျိုရှုဝါရဲ့ကိုယ်ထဲ ဝိဉာဉ်လှဲလှယ်လိုက်မယ်။ ပြီးတော့ ဒီတိုက်ကြီးမှာ အင်အားအကြီးဆုံ းပုပ်ရဟန်းမင်းကြီးရာထူးကို  ဆက်ခံမယ်။ ပြီးတော့ အလင်းနတ်ဘုရားက သူ့ကို ကောင်းကင်ဘုံကို ခေါ်သွားတဲ့အခါ အသာလေး လိုက်သွားပြီး သူ့ဖာသာ လွတ်လပ်စွာ သွားလာခွင့်ရချိန်မှာ အလင်းနတ်ဘုရားကို လုပ်ကြံသတ်ဖြတ်လိုက်မယ်။

နတ်ဆိုးဘုရင်ကြီးက လက်ခုတ်လက်ဝါးတီးပြီး ကျေနပ်စွာ ချီးကျူးပြောဆိုလိုက်တယ်။

" အိုး...ခင်ဗျားက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ အလင်းနတ်ဘုရားက အရင်တုန်းက ခင်ဗျားကို တန်ဖိုးထားဆက်ဆံခဲ့တာ အလကား မဟုတ်ဘူးပဲ။ ခင်ဗျားက နတ်ဆိုးကျောင်းတော်မှာ နတ်ဆိုးဘုန်းကြီး မဖြစ်တာ နှမျောစရာပဲ...  "

" ကျွန်တော် တကယ်ကို နတ်ဆိုးဘုန်းကြီးဖြစ်ချင်ပါတယ်... "

" မင်းရဲ့ဝိဉာဉ် ငါ့ကို ပေးပါ။ မင်းကို ဂျိုရှုဝါရဲ့ကိုယ်ထဲ ထည့်ပေးလိုက်မယ်။ "
 နတ်ဆိုးဘုရင်ကြီးက လက်ဆန့်တန်းပြီး ပြောလိုက်တယ်။ ပုပ်ရဟန်းမင်းကြီးက ဒူးထောက်လိုက်ပြီး သူ့ခေါင်းကို ကာကွယ်ခြင်းမရှိပဲ ထိကိုင်ခွင့်ပေးလိုက်တယ်။  ပုပ်ရဟန်းမင်းရဲ့စိတ်ဝိဉာဉ်က အနက်ရောင်ဖြစ်ပြီး ညစ်ညမ်းတဲ့  မကောင်းတဲ့ အကြံအစည်တွေနဲ့ပြည့်နေပြီး  ရည်မှန်းချက်ကြီးသောဆန္ဒများက အပြည့်နေရာယူထားတယ်။ သူ့ရဲ့ကိုယ်ကျင့်တရား ပျက်ပြားမှုနဲ့ အကျင့်ပျက်ခြစားခြင်းက နတ်ဆိုးဘုရင်နဲ့တောင် နှိုင်းယှဉ်လို့ရလောက်တယ်။ နတ်ဆိုးဘုရင်က ဒီအရာကို အံ့သြတကြီးကြည့်ပြီး ပုတီးစေ့အဖြစ်ကို ပြောင်းလိုက်တယ်။ နတ်ဆိုးဘုရင်က သူ့ဝိဉာဉ်ကို စုပ်ယူပြီး ဝိဉာဉ်ပုတီးစေ့ထဲ ထည့်လိုက်တယ်။

ပုပ်ရဟန်းမင်းထင်တာက သူက ဒီပုတီးစေ့ထဲ ခဏပဲနေရပြီး မကြာခင် သန်မာတဲ့ ဂျိုရှုဝါရဲ့ကိုယ်ထဲရောက်မယ်ပေါ့။ တကယ်တော့ ဒီပုတီးစေ့ထဲရောက်တာနဲ့ သူ့ဝိဉာဉ်က ပြင်းထန်တဲ့ ငရဲမီးနဲ့လောင်ကျွမ်းခံရတော့တယ်။ သူက သေပါရစေလို့အော်ဟစ်ငိုကြွေးရတဲ့ အထိဝေဒနာခံစားနေရတယ်။


"ကျွန်ုပ်ကို ထွက်ခွင့်ပြုပါ။ အမှောင်နတ်ဘုရား ခင်ဗျားက ကိုယ်ပြောတဲ့စကားကို သစ္စာဖောက်ခဲ့တယ်။ ကျွန်ုပ်ကိုကူညီတာဟာ ခင်ဗျားကို ကူညီတာနဲ့အတူတူပဲ။ ဒါတောင် ဒီလိုလုပ်တာ ခင်ဗျားရဲ့ ဦး နှောက်ပျက်သွားပြီလား?"

"စိတ်မကောင်းပါဘူး, နတ်ဆိုးတွေက သမာဓိကဲ့သို့သောအရာ မရှိပါဘူး "

ထိုလူက သူ့ရဲ့ ဦး ခေါင်းကိုကုတ်လိုက်ပြီး အကူအညီကင်းမဲ့စွာ ဖွင့်ပြောလိုက်သည်။

 "ငါ မင်းကိုပြောပြဖို့ မေ့သွားမိတယ်။ ငါကအမှောင်နတ်ဘုရားဖြစ်ပေမယ့်လည်း ငါ့ရဲ့အထက်မှာ ဖျက်ဆီးခြင်းနတ်ဘုရားရှိတယ်။ ငါ့ သခင်ကို ငါပြန်ပြောရအုံးမယ်။ သူက ငါ့ထက် အင်အားကြီးတယ်၊ ငါသူ့ကို ကျော်လွန်လို့မရဘူး "

ထိုလူက အနက်ရောင်အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားပြီး အလောင်း ၄ လောင်းကိုသာ တောအုပ်ထဲမှာ ချန်ထားခဲ့တယ်။
ဘိုဝင်က ဂျိုရှုဝါရဲ့ ယာဉ်တန်းနောက်ကို တောက်လျှောက်လိုက်သွားပြီး၊ ယာဉ်တန်းက နတ်ဆိုးသားရဲ သို့မဟုတ် နတ်ဆိုးအပင်နှင့်တွေ့တဲ့အခါ သူတို့က ချက်ချင်း ရှေ့ထွက်လာပြီး ကူညီတြတယ်။ ဆာဂါစစ်သည်တော်တွေက  ဂျိုရှုဝါရဲ့ လုံခြုံရေးကိုပဲ လုံ့လဝီရိယရှိစွာ စောင့်ရှောက်ဖို့ လုပ်ပေးကြတယ်။ ဒီလို တိုက်ခိုက်နေစဉ်အတွင်း ဂျိုရှုဝါရဲ့ မျက်ဝန်းတွေက သူတို့ဘက်ကို မကြာမကြာကြည့်ခဲ့ပေမယ့် ဘာမှ ခံစားချက်မပါပဲ အရာဝတ္ထုတွေကိုကြည့်နေသလိုခံစားခဲ့ရတယ်။ ဘိုဝင်က သူ့ကိုကြည့်တိုင်း စိုးရိမ်စိတ်ကို ပိုလာစေတယ်။ ဒါပေမယ့် သူ့ဖာသာ ပြန်ပြီးနှစ်သိမ့်နေတယ်။ နောက်ဆုံးတော့ ဂျိုရှုဝါက ခမည်းတော်ရဲ့ရုပ်ထုတော်ကို ထုတ်ပြီး လက်မှာဆုပ်ကိုင်လို့ ဆုတောင်းခြင်းကို ပြုလုပ်တော့တယ်။

ဘိုဝင်က သစ်ပင်ထိပ်ဖျားမှာရပ်ပြီး ဂျိုရှုဝါ ဝတ်ပြုမည့်အချိန်ကို စောင့်နေတယ်။ နောက်ဆုံးမှာ ဂျိုရှုဝါရဲ့ မျက်လုံးတွေကို ပိတ်ထားပြီး သူ့မျက်နှာက ချက်ချင်း အေးဆေးငြိမ်သက်ပြီး အေးစက်သော စိတ်ထားနေရာ မှာနူးညံ့သိမ်မွေ့ သောစိတ်ဖြင့်အစားထိုးလိုက်တယ်။ ဘိုဝင်က ချက်ချင်း သစ်ပင်ပေါ်ကနေ ခုန်ဆင်းပြီး  ရထားဘေးမှာ ရပ်စာင့်နေခဲ့တယ်။  အစောင့်တွေက ဂျိုရှုဝါရဲ့ဆုတောင်းမှုကို နှောက်ယှက်မှာစိုးလို့ ဘိုဝင်ကို မျက်ခြေမပြတ် စိုက်ကြည့်နေပေမယ့် သူ့ကိုတော့ တားဆီးတာ မလုပ်ကြဘူး။

ကျိုးယွင်ရှန့်က ဆုတောင်းမှုပြီးလို့ သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်ချိန်မှာ သူ့ရှေ့မှာ ရပ်စောင့်နေတဲ့ ဘိုဝင်ကို တွေ့လိုက်ရတယ်။ သူ့မျက်နှာက နူးညံ့နေပြီး အကြင်နာတရားနဲ့ပြည့်နေတယ်။ ဂျိုရှုဝါက ပြုံးလိုက်ပြီး နူတ်ဆက်လိုက်တယ်။

 "အိုး။ မင်း ပြန်လာပြီလား?"

နူးညံ့သိမ်မွေ့စွာဖော်ပြမှုနှင့် နူးညံ့တဲ့ လေသံက ဘိုဝင်ကို စိတ်သက်သာရာ ရသွားစေတယ်။ သူက ဂျိုရှုဝါကို တောင်းပန်လိုက်တယ်။

"မင်းကို နတ်သူငယ်နဲ့သားရဲလူသား ရွာကို ဧည့်သည်အဖြစ် ငါဖိတ်ခေါ်ချင်တယ်။ ဘိုးလ်ကို ကယ်တင်လာခဲ့တဲ့ နယ်စားဟူးဘတ်ကို ကူညီပြီး အကဲခတ်ပေးစေချင်လို့ပါ။ သူက လူသားမဟုတ်ဘူးလို့ ငါတို့ထင်တယ်။   "

"  ဘိုးလ်က မင်းတို့ မျိုးနွယ်စုပိုင်နက်ထဲမှာ ရှိနေတာလား။ ကျွန်တော်က ခမည်းတော် ငြင်းပယ်ထားတဲ့ လူတွေနဲ့ မပတ်သတ်ချင်ဘူး။ ပြီးတော့ ခင်ဗျားလည်း သူတော်စင်အဆင့်ရှိတဲ့ အလင်းဘုန်းကြီးတစ်ပါးပဲ။ ဘယ်လိုလုပ်ပြီး နတ်ဆိုးတစ်ကောင်ကိုတောင် မခွဲခြားနိုင်ရတာလဲ။ ဒီဟာကို ခွဲဖို့ အလင်းစွမ်းအင် နည်းနည်းပဲ လိုတဲ့ဟာ..."

" တကယ်လို့ အဲ့ဒီလူက နတ်ဆိုးဘုရင် အဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အဆင့်ဖြစ်ရင် သူတော်စင်အဆင့် အလင်းဘုန်းကြီးဆယ်ပါး ရှိရင်တောင် မဖြေရှင်းနိုင်တော့ဘူး။ မင်းက ငါတို့နဲ့မတူဘူး။ မင်းက ဘယ်အလင်းစွမ်းအင်နဲ့ အမှောင်စွမ်းအင်ကို မဆို အာရုံခံနိုင် မြင်နိုင်တယ်။ ဘယ်အဆင့်ရှိတဲ့ နတ်ဆိုးမဆို မင်းရဲ့ အမြင်အာရုံကနေ မလွတ်မြောက်နိုင်ဘူး။  "

ဘိုဝင်က အသည်းအသန်ပြုံးရင်း ပြောလိုက်တယ်။ သူတို့နတ်သူငယ်တောရဲ့ အတော်များများကို နတ်ဆိုးမြူဖုံးနေပြီ။ မကြာခင် တောပြုန်းသွားနိုင်တယ်။ ဒါကြောင့် သူတို့နယ်မြေထဲရောက် နေတဲ့သူက ဘာကောင်လဲဆိုတာ သိဖို့လိုတယ်။ ဒီကောင်က ပုံမှန်နတ်ဆိုးဘုရင်တောင် ဟုတ်ချင်မှဟုတ်မယ်။

 မာန်နတ်နဲ့ အဆင့်တူတဲ့ နတ်ဆိုးဘုရင်လား။ ဒါမှမဟုတ် ဒီထက် ပိုအဆင့်မြင့်တဲ့ နတ်ဆိုးနတ်ဘုရားလား။ ဘိုးလ်ရဲ့ ချစ်သူတွေထဲက တစ်ယောက်က နတ်ဆိုးနတ်ဘုရားဖြစ်တယ်။ အခု ဘိုးလ်ကို ကယ်လာတာ အခြားတိုင်းပြည်က နယ်စားဆိုပဲ။ ဒါက အယောင်ဆောင်ထားတယ်ဆိုတာ ထင်ရှားနေတာပဲ။


" မင်း သွားလို့မဖြစ်ဘူး။ ဘိုးလ်နဲ့သူ့ချစ်သူတွေကနေ ဝေးဝေးနေမှဖြစ်မယ်။ "

ကျိုးယွင်ရှန့်က အသည်းသန် အချစ်ရှုးရှန့်ကို တားလိုက်တယ်။ အချစ်ရှုးရှန့်ကလည်း လက်ခံတယ်။ သူ မလိုက်နိုင်ဘူးလို့ ငြင်းတော့မယ် ဆဲဆဲ ဘိုဝင်ကပြောလိုက်တယ်။

" ငါတို့ နတ်သူငယ်တောအုပ်ထဲမှာ အလင်းဘုရားကျောင်းတစ်ဆောင်ကို ဆောက်ထားတာ မကြာသေးဘူး။ မင်း ငါတို့ ဘုရားကျောင်းကို လိုက်ပြီး ခမည်းတော်ကို ဝတ်ပြုဆုတောင်းပါလား။ အလင်းဘုန်းကြီး ဂျိုရှုဝါက ဘုရားကျောင်းမှာ ဝတ်မပြုရတာ ကြာပြီမဟုတ်လား။  "

ဆုတောင်းတာ ဘယ်မှာမဆို တောင်းလို့ရပေမယ့် အခု ဂျိုရှုဝါ က ခရီးထွက်တဲ့တလျှောက် ရထားလုံးထဲကနေပဲ ဆုတောင်းနေရတယ်။ သူက ဘုရားကျောင်းတော်ထဲက ခမည်းတော်ရဲ့ရုပ်ထုတော်ကို ကြည့်ပြီး  ဆုတောင်းလိုက်ရင် ခမည်းတော်က သူ့စကားကို ပိုကြားရမှာပဲလို့ တွေးလိုက်မိပြီး ချက်ချင်းပဲ လက်ခံလိုက်တော့တယ်။

ခမည်းတော်က ဘုရားကျောင်းထဲမှာ ရှိနေတယ်လို့တွေ့လိုက်မိတာနဲ့ သူက ဘာတွေပဲ တားဆီးနေပါစေ မီးတောင်ကို ကျော်ပြီး ဓါးပင်လယ်ကို ဖြတ်ရလည်း သွားမှာပဲ

ကျိုးယွင်ရှန့်တားဆီးတဲ့ကြားက ဂျိုရှုဝါက ဒီခရီးကို လက်ခံလိုက်တယ်။ နတ်သူငယ်အုပ်စုက ချက်ချင်းလာပူးပေါင်းပြီး သူတို့ရွာဆီကို အမြန်လမ်းပြခေါ်သွားတော့တယ်။



အဆိုပါ နတ်သူငယ်နဲ့ သားရဲလူသားမျိုးနွယ်စုတွေရဲ့ရွာကို ထူထပ်တဲ့ အလင်းစက်ဝိုင်းက ဖုံးလွှမ်းထားတယ်။ တစ်ချိန်က လှပတဲ့အိပ်မက်နဲ့ တူတဲ့ ရှုခင်းနေရာမှာ ိုစိတ်ဓာတ်ကျခြင်းဖြင့် အစားထိုးခဲ့ပြီး အပင်တွေလည်း အာဟာရအလုံအလောက်မရနိုင်လိူ့  ညှိုးနွမ်းသွားတယ်။ သူတို့ရဲ့အရွက်တွေက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဝါရောင်ဖြစ်ပြီး သူတို့က သီးလာတဲ့ အသီးတွေက မချိုတော့ဘူး။ ဒါက သက်သတ်လွတ် စားတဲ့ နတ်သူငယ်တွေအတွက် အလွန်ဒုက္ခရောက်တဲ့ အခြေအနေဖြစ်စေခဲ့တယ်။

နတ်ဆိုးမြူမကူးစက်နိုင်တဲ့ တာရိုင်းတိရိစ္ဆာန်တွေလည်း ပိုမိုရှားပါးလာလို့ အသားစားသားရဲလူသားတွေလည်း အစာရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရတယ်။ သူတို့က အသက်အန္တရာယ်မရှိပေမယ့် သူတို့ရဲ့စိတ်တွေက ညှိုးခြုံးပြီး စိတ်ဓါတ်ကျနေကြတယ်။

" အလင်းဘုန်းကြီး ပြန်လာပြီ။ သူက ဘယ်သူလဲ...."

လေးကို ကိုင်ဆောင်ထားတဲ့ နတ်သူငယ် မိန်းကလေးက လာကြိုရင်း မေးလိုက်တယ်။

"သူက အလင်းဘုန်းကြီး ဂျိုရှုဝါပါ...  "

ဘိုဝင်က လေးစားစွာနဲ့ ပြောပြလိုက်တယ်။ နတ်သူငယ်မိန်းကလေးက ချက်ချင်း မျက်ဝန်းတွေ ခက်ထန်လာပြီး လေးနဲ့ ချိန်ပြီး ပြောလိုက်တယ်။

 
" ဆာဂါပြည်က ဂျိုရှုဝါလား။ သူက နတ်သူငယ်နဲ့ သားရဲလူသားမျိုးနွယ်တွေရဲ့ ရန်သူ မဟုတ်လား။ ရှင်က ဘာကြောင့် သူ့ကို ခေါ်လာတာလဲ... "

ဘိုဝင်အပါအဝင် နတ်သူငယ်တွေနဲ့ သားရဲလူသားတွေက ဂျိုရှုဝါရဲ့ကိုယ်ကို မထိခိုက်အောင် ဝိုင်းပတ်ကာကွယ်ထားကြပြီး ကောင်မလေးကို အော်ဟစ်လိုက်တယ်။ ဘိုဝင်က အလင်းအကာကွယ်ဖန်တီးပြီး ကောင်မလေးကို စိတ်ရှည်လက်ရှည် အဖြူမည်းသည်းကွဲအောင် ရှင်းပြလိုက်တယ်။ သူတို့နတ်သူငယ်တွေက အချင်းချင်း ဘယ်တော့မှ လျှို့ဝှက်ချက်ထားလေ့မရှိဘူး။ အခုချိန် သူက ဂျိုရှုဝါရဲ့ မူလဇစ်မြစ်ကို မဖော်ပြချင်ပေမယ့် နူတ်က လွှတ်ခနဲထွက်ပြောလိုက်မိတာဖြစ်တယ်။ သူ့စိတ်ထဲမှာ ဂျိုရှုဝါကို ဒီမျိုးနွယ်စု နှစ်ခုက ရန်သူအဖြစ်သတ်မှတ်ထားတာကို မေ့သွားတယ်။

နတ်သူငယ်တွေအတွက် မိခင်သစ်ပင်ကို ကယ်တင်ပေးတဲ့ ဘိုးလ်ရဲ့ကျေးဇူးက အရမ်းကို ကြီးမားတယ်။ ဒါကြောင့် ဘိုးလ်အတွက် ကလဲ့စားချေတာဖြစ်ဖြစ် တက်ကြွစွာလုပ်ပေးချင်ကြတယ်။

ကျိုးယွင်ရှန့်က ဒီကိုယ်ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်။ ဒီကိုလာတဲ့ လမ်းမှာ သူစဉ်းစားနေမိတယ်။ တကယ်လို့ အလင်းဘုရားကျောင်းမှာ အလင်းနတ်ဘုရားနဲ့တွေ့ရမယ်ဆိုရင် သူ ထပ်ပျောက်သွားဖို့စဉ်းစားနေတယ်။

"  အရှင် ဂျိုရှုဝါ အနောက်မှာ နေပေးပါ..."

ဘိုဝင်က အလင်းစက်ဝိုင်းအကာကို ဖန်တီးပြီး တိုက်ခိုက်ဖို့ပြင်နေတဲ့ နတ်သူငယ်နဲ့ သားရဲလူသားတွေရန်ကနေ ကာကွယ်ဖို့ပြင်ဆင်နေတယ်။

ပလက်တီနမ်ရောင်ဆံပင် မျက်ဝန်းပြာပြာနဲ့ ဆာဂါပြည်က ဂျိုရှုဝါဆိုတာ သေချာရော သားရဲမင်းသား တစ်ယောက်က ဂျိုရှုဝါကို မုန်းတီးတဲ့ မျက်ဝန်းနဲ့စိုက်ကြည့်ပြီး ဟိန်းဟောက်ပြီး ခုန်အုပ်လိုက်တယ်။

သူက တောင်ပံပါတဲ့ ကျားကြီးအဖြစ်ကို ပြောင်းသွားပြီး ပါးစပ်နီနီကိုဖြဲလို့ ကိုက်ဖြဲဖို့ ခုန်အုပ်လိုက်တယ်။ သူက သားရဲမင်းသားဖြစ်ပြီး ဘိုးလ်ရဲ့ကယ်တင်ခြင်းကို ခံခဲ့ရတဲ့အပြင် ဘိုးလ်ရဲ့ချစ်သူလည်း ဖြစ်တယ်။ သူက ဘိုးလ်ကို ကျေးဇူးဆပ်ဖို့ ဂျိုရှုဝါကို သတ်ဖို့မပြောနဲ့ သူ့အသက်ကိုတောင် ပေးအပ်ထားတာဖြစ်တယ်။

ဆာဂါပြည်နဲ့ ဒိုရဒိုးစ်ပြည်က စစ်သည်တော်တွေက လက်နက်တွေ ကိုင်ဆွဲပြီး ပြန်တိုက်ဖို့ လုပ်လိုက်ကြတယ်။ သွေးထွက် သံယိုမှုဖြစ်လာတော့မယ့် အချိန်မှာ ကြီးမားတဲ့ အလင်းပိုက်ကွန်ကြီးက ကောင်းကင်ပေါ်ကနေ ဖြာကျလာပြီး စစ်ပွဲခေါ်သံကို ဖုံးလွှမ်းသွားတော့တယ်။

ကျိုးယွင်ရှန့်က ဂျိုရှုဝါနဲ့မတူဘူး။ သူ့စိတ်ကို လူတိုင်းထက် ပိုအေးစက်ပြီး ခက်ထန်တယ်။ သူက လက်ညှိုးကို ယမ်းလိုက်တော့ ပိုက်ကွန်မှာ ဆူးချွန်တွေထွက်လာပြီး နတ်သူငယ်တွေနဲ့ သားရဲလူသားတွေကို ရစ်ပတ်လို့ အသားထဲ ဆူးချွန်တွေ ဖောက်ဝင်သွားကြတယ်။ ဒီဆူးဒဏ်ကို ခံနိုင်ရည်မြင့်တဲ့ သားရဲစစ်သည်တော်တွေတောင် တောင့်မခံနိုင်ပဲ အပြာရောင် အနက်ရောင်သွေးတွေ စီးကျပြီး မြင်ကွင်းက စိတ်ဆင်းရဲစရာကောင်းနေတော့တယ်။

ကျိုးယွင်ရှန့်က မကျေနပ်သေးပဲ လက်ညိုးကို ယမ်းလိုက်တော့ ပိုက်ကွန်ပေါ်မှာမီးတောက်ထွက်ပေါ်လာတယ်။

" မလုပ်ပါနဲ့ ကျေးဇူးပြုပြီး သူတို့ကို မသတ်ပါနဲ့ "

ဘိုဝင်က အလောတကြီး တောင်းပန်လိုက်တယ်။ ဒီမီးတွေက ဘုရားသခင်ရဲ့မီးတွေဖြစ်ပြီး ဘယ်အရာကိုမဆို ပြာဖြစ်အောင် လောင်ကျွမ်းနိုင်တယ်ဆိုတာ သိတယ်။

"ဘယ်သူက ငါတို့နယ်မြေကိုလာပြီး သတ်ဖြတ်နေတာလဲ....  "

ပုံမှန်မဟုတ်တဲ့ချောမောတဲ့လူတစ်ယောက်ပြေးထွက်လာခဲ့တယ်။ သူက အပြာရောင်ဖျော့အင်္ကျီတစ်ထည်၊ ပန်းပွင့်များဖြင့်ပြုလုပ်ထားတဲ့ ပန်းသရဖူကို ဝတ်ဆင်ထားပြီး ဂုဏ်သိက္ခာပြည့်ဝသော စိမ်းလန်းသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားတယ်။ သူက တချက်ဝေ့ကြည့်လိုက်ပြီး အင်အားကြီးတဲ့ မီးလုံးကို လက်နဲ့ဖမ်းဆီးလိုက်တယ်။ ဒါပေမယ့် သူ့လက်က နာကျင်သွားပြီး လက်ကို ချက်ချင်း ရုပ်လိုက်တယ်။

ရွှေမီးလျှံဘောလုံးက သူ့လက်ဖဝါးကို ထိုးဖောက်ပြီး အလင်းတန်းတွေက ပိုက်ကွန်ထဲက နတ်သူငယ်နဲ့ သားရဲလူသားတွေကိုယ်ပေါ် ကျဆင်းသွားတယ်။ နတ်သူငယ်ဘုရင်ရဲ့ ငိုကြွေး အော်ဟစ်သံကြောင့် သစ်ပင်တွေပေါ်က ဌက်တွေတောင် လန့်ပြီး ထပြေးကုန်တယ်။ ပိုက်ကွန်ထဲ မိထားတဲ့ သူတွေအားလုံး မီးလောင်တိုက်သွင်းခံရပြီး သနားစရာဖြစ်နေကြတယ်။

"ဒါ ... ... ဘုရားသခင်ရဲ့မီးပဲ!"

နတ်သူငယ်ဘုရင်က မီးလုံးဖောက်သွားတဲ့ အတွက် နာကျင်မှုကို အံကြိတ်ခံလိုက်ပြီး ကြည့်နေတယ်။ ခမည်းတော်က သူပိုင်ဆိုင်တဲ့ တန်ခိုးစွမ်း့ရည်ကို ဘာကြောင့်  ဂျိုရှုဝါကိုပေး့ရတာလဲ။  ဂျိုရှုဝါနဲ့ ခမည်းတော်ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။


သို့သော် သူနက်နက်ရှိုင်းရှိုင်းစဉ်း စားလို့ မရခင် ရွှေမီးလျှံကြောင့် မီးလောင်နေတဲ့ နတ်သူငယ်တွေနဲ့ သားရဲလူသာတွေက မြေပြင်ပေါ်မှာ မလှုပ်ရှားဘဲ အသက်ရှူမှုနှင့်နှလုံးခုန်မှုရပ်တန့်သွားကြတယ်။

"မင်းမှာ ဘုရားသခင်မီး ရှိရင်တောင် ငါ့လူတွေကို သတ်တဲ့အတွက် ပြန်ပေးဆပ်ရလိမ့်မယ်"

နတ်သူငယ် ဘုရင်က သူ့ရာဇလှံတံကိုမြှောက်လိုက်တယ်။ သူက ဂါထာကို ရွတ်လိုက်ပြီး အစွမ်းအထက်ဆုံး လေစွမ်းအင်ကို ဆင့်ခေါ်လိုက်တယ်။ လေပွေတွေ တိုက်ခတ်လာပြီး သူ့ကိုဖုံးသွားလို့ အလယ်က ရပ်နေတဲ့ သူ့ကို ဘယ်သူမှမမြင်နိုင်တော့ဘူး။ နတ်သူငယ်ဘုရင်က သူနဲ့ရင်ဆိုင်ရတဲ့သူက အသက် 18 နှစ်ပဲ ရှိသေးပေမယ့် ပေါ့ပေါ့တန်တန်သဘောမထားရဲပဲ သူ့ရဲ့အစွမ်းအထက်ဆုံး ဂါထာနဲ့တိုက်ဖို့လုပ်လိုက်တာဖြစ်တယ်။

ကျိုးယွင်ရှန့်ရဲ့ ပလက်တီနမ်ဆံပင်တွေ လေထဲ ယိမ်းနွဲ့နေပြီး မကြာခင် လေဝဲစုပ်ယူတာ ခံရတော့မယ် ထင်နေရပေမယ့် သူက နည်းနည်းလေးမှ စိတ်မပူဘူး။သူက လက်ညှိုးကို ညွန်ပြပြီး ပြောလိုက်တယ်။

" သေချာကြည့်စမ်းပါဦး။ အဲ့ဒါ မင်းရဲ့လူတွေလား... "

ပိုက်ကွန်ထဲ မီးလောင်သေဆုံးနေသူတွေက နတ်သူငယ်တွေမဟုတ်ပဲ အဆိပ်ရှိတဲ့ လျှာတွေ တစ်လစ်ထွက်ပြီး သေနေတဲ့ နတ်ဆိုးတွေဖြစ်တယ်။ ဒါကိုမြင်တော့အနီးဆုံးမှာရှိတဲ့ သားရဲတွေက လန့်ဖြန့်ပြီး အော်လိုက်ကြတယ်။ နတ်ဆိုးအလောင်းတွေက တောင်ပံတွေရှိပြီး လက်သည်းတွေက ချွန်မြနေတယ်။ နောက်ကျောဘက်မှာ အမြီးလည်းရှိတယ်။

" အိုဘရိုင်ယန်က ဘယ်လိုလုပ်ပြီးနတ်ဆိုးဖြစ်နိုင်မှာလဲ။ မင်းက သူ့ကို နတ်ဆိုးဂါထာတွေသုံးပြီး ခုလို ဖြစ်အောင် လုပ်လိုက်တာ မဟုတ်လား "

နတ်သူငယ်တွေက အော်ဟစ်လိုက်တယ် အဲ့အချိန်မှာ နတ်ဆိုးအလောင်းက ပျက်စီးသွားပြီး ချက်ချင်းနတ်ဆိုးမြူတွေ ထွက်လာပြီး မြေကြီးထဲ တိုးဝင်သွားတယ်။ မြေကလည်း ချက်ချင်း မည်းနက်ပြီး နတ်ဆိုးမြူကြောင့် ပျက်စီးသွားတယ်။ အလောင်းကို အတုလုပ်လို့ရပေမယ့် နတ်ဆိုးမြုကို အတုလုပ်လို့မရဘူး။

နတ်သူငယ်တွေက အလန့်တကြားနဲ့ ဒီအနက်ရောင်ပြောင်းသွားတဲ့ မြေကြီးနဲ့ဝေးရာကို ထွက်ပြေးဖို့ ကြိုးစားလိုက်ကြတယ်။ သူတို့နဲ့အတူနေနေတာ နတ်ဆိုးဆိုတာ ဘယ်သူမှ မရိပ်မိကြဘူး။

နတ်သူငယ်ဘုရင်က အဖြစ်မှန်ကိုသိသွားတဲ့အတွက် သူ့ရဲ့မှော်ဂါထာကို ပြန်လည်ရုပ်သိမ်းလိုက်တယ်။ ဒါပေမယ့် စွမ်းအင်မတည်ငြိမ်မှုကြောင့် သူ့ရင်ထဲမှာနာကျင်လာပြီး သွေးတစ်လုတ် အန်ထုတ်လိုက်မိတယ်။ တပ်သားတွေစုဆောင်းနေတဲ့ သားရဲဘုရင်က ဒီအခြေအနေကို အပြေးအလွှားလာကြည့်ပြီး သူ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့ အံ့အားသင့်မှုနဲ့ ကြောက်ရွံ့မှုကို စာလုံးနဲ့တောင် မဖော်ပြနိုင်တော့ဘူး။

ကျိုးယွင်ရှန့်က အေးစက်စွာ လှောင်ပြောင်လိုက်တယ်။

"နှလုံးသားထဲက ဖုံးကွယ်ထားတဲ့မကောင်းမှုတွေက မကောင်းဆိုးဝါးရဲ့အစာဖြစ်တယ်.. ပြီးတော့မှ မကောင်းဆိုးဝါးတွေက ပြန့်ပွားလာတယ်.. နှလုံးသားက ညစ်နွမ်းလေ မကောင်းဆိုးဝါးလွှမ်းမိုးမှုကို ခံရလေပဲဖြစ်တယ်.. ဒါကြောင့် လူသားတွေက မကောင်းဆိုးဝါးတွေအကြိုက်ဆုံး အစာပဲဖြစ်တယ်.. နတ်သူငယ်တောအုပ်မှာ မကောင်းဆိုးဝါးမြူ၊ မကောင်းဆိုးဝါးပူးကပ်နေတဲ့ သားရဲနဲ့ သစ်ပင်တွေပဲရှိတယ်လို့ ထင်ခဲ့တာ.. နတ်သူငယ်တွေရဲ့ နှလုံးသားတွေကတောင် ဖြူစင်ခြင်းမရှိ ညစ်နွမ်းလို့နေပြီ.. စိတ်ပျက်စရာပဲ.."

ကျိုးယွင်ရှန့်က နတ်သူငယ်တွေနဲ့ သားရဲလူသားတွေကို လှောင်ပြောင်သရော်ပြီးနောက် စိတ်နည်းနည်းပိုပျော်လာတယ်။ ဒါကြောင့် သူ့လက်ညှိုးထိပ်ကနေ ပိုပြီးတောက်ပတဲ့ အလင်းစွမ်းအင်တွေ ဖြာထွက်လာတော့တယ်။ ဒီအလင်းရောင်က နတ်ဆိုးပူးကပ်နေတဲ့သူတွေကို ခွဲခြားနိုင်တဲ့အရာဖြစ်ပြီး ပုံမှန်ဆိုရင် တစ်ယောက်စီကိုပဲ ခွဲခြားနိုင်တယ်။ ဒါပေမယ့် ဒီအလင်းရောင်က ကြီးမားကျယ်ပြန့်တဲ့ နယ်ပယ်တစ်ခုလုံးကို နေဝန်းငယ်တစ်ခုလို ဖြန့်ကျက်လင်းထိန်လို့နေတယ်။ ဒီအလင်းရောင်က ဒီနေရာတဝိုက်က နတ်ဆိုးပူးကပ်နိုင်သူကို ခွဲခြားပေးနိုင်တယ်။ ဒီလိုအင်အားကြီးမားတဲ့ စွမ်းအားက အလင်းနတ်ဘုရားသာလျှင် ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားတွေပဲမဟုတ်လား။

ဒါပေမယ့် ဒီကောင်လေးက အလွယ်တကူ ဒီအလင်းကိုဖန်ဆင်းလိုက်နိုင်တယ်။ သူ့လက်ကိုမြှောက်လိုက်ပြီး အလင်းလုံးက ကောင်းကင်ပေါ် တဖြည်းဖြည်းတက်သွားပြီး နေလုံးလေးလို အားလုံးအပေါ် ဖြာကျလို့နေတယ်။ ဒီအလင်းရောင်အောက်မှာ ကိုယ်ခန္ဓာထဲငြိတွယ်နေတဲ့ ဘယ်လိုမကောင်းဆိုးဝါးမျိုးမှ ကွယ်ဝှက်နေလို့မရဘူး။ ကောင်လေးက ဒီလူစုရဲ့ရှေ့မှာ အလင်းစွမ်းအင်နဲ့ မှော်မှန်တစ်ခုကို ဖန်ဆင်းလိုက်တယ်။ ဒီမှန်ထဲမှာ သူတို့က အခြားလူကိုကြည့်လို့မရပေမယ့် သူတို့ကိုယ်ထဲ တိတ်တဆိတ်တွယ်ငြိနေတဲ့ နတ်ဆိုးမြူကို ထင်ထင်ရှားရှား မြင်နိုင်ကြတယ်။

ဒီအုပ်စုထဲမှာ နတ်ဆိုးဝါးမြိုခံရတာ နောက်ထပ်နှစ်ဦးကိုတွေ့လိုက်ရပြီး ဒီနတ်ဆိုးပူးခံရသူတွေက သူတို့ပေါ်သွားပြီဆိုတာသိလို့ ထွက်ပြေးဖို့ကြိုးစားပေမယ့် ကောင်းကင်ပေါ်ကအလင်းလုံးက သူတို့နှစ်ဦးပေါ် ဖြာကျလာခဲ့တယ်။ နတ်သူငယ်နဲ့ သားရဲလူသားအတော်များများက သူတို့မျက်ခုံးနှစ်ခုကြားမှာ နတ်ဆိုးအငွေ့အရိပ်ကို တွေ့လိုက်ရပြီး သူတို့စိတ်ထဲမှာ မကောင်းဆိုးဝါးမြူတွေ တိတ်တဆိတ်ခိုအောင်းနေတယ်ဆိုတာ သိလိုက်ရတယ်။ ဒီမကောင်းဆိုးဝါးမြူတွေက သူတို့စိတ်ဝိညာဉ်ကိုတိုက်စားလို့ လုံလောက်သွားရင် သူတို့ကိုယ်ကို အပိုင်စီးလိုက်ကြတော့မှာ သေချာတယ်။

နတ်သူငယ်ဘုရင်နဲ့ သားရဲဘုရင်နှစ်ပါးရဲ့ မျက်ခုံးကြားထဲ နတ်ဆိုးမြူရိပ်ကိုတွေ့လိုက်ရချိန်မှာ ဘိုဝင်က အရမ်းကို တုန်လှုပ်ခြောက်ခြားသွားတယ်။ ဒါ သူ့ဘဝမှာ အထိတ်လန့်ရဆုံး အခိုက်အတန့်ပဲ။ သူတို့နှစ်ယောက်ရဲ့စိတ်က မခိုင်မာဘဲ တစ်ချက်ယိမ်းယိုင်သွားမိတာနဲ့ ဒီဟာက ချက်ချင်းပဲ နတ်ဆိုးမြူရဲ့ဝါးမြိုခြင်းခံရပြီး နတ်ဆိုးဖြစ်သွားတော့မယ်။ ဒါဆိုရင် သူတို့နတ်သူငယ်မျိုးနွယ်နဲ့ သားရဲလူသားမျိုးနွယ်က မကြုံစဖူးတဲ့အန္တရာယ်ကို ရင်ဆိုင်ရတော့မှာသေချာတယ်။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။

နတ်ဆိုးမြူစွဲကပ်ခံရသူတိုင်းက ဘိုးလ်နဲ့ တရင်းတနှီးရှိသူတွေဖြစ်လို့ ဘိုးလ်က နတ်ဆိုးပူးကပ်သူ ဒါမှမဟုတ် သူ့ကိုကယ်တင်လာခဲ့တဲ့ နယ်စားဟူးဘတ်က နတ်ဆိုးဘုရင် ဒါမှမဟုတ် အမှောင်နတ်ဘုရားကိုယ်တိုင် ဖြစ်နိုင်လောက်တယ်။ ဘိုးလ်က မိခင်သစ်ပင်ကို ကယ်တင်ပေးတဲ့ကျေးဇူးရှိပေမယ့် သူတို့မျိုးနွယ်စုနှစ်ခုကို ကပ်ဘေးတွေသယ်ဆောင်လာသူဖြစ်လို့ အရင်ကျေးဇူးတရားနဲ့တောင် ဖာထေးပေးလို့မရနိုင်ဘူး။ ဒါကြောင့် သူတို့က ဟူးဘတ်နဲ့ဘိုးလ်ကိုရှာပြီး သတ်ပစ်သင့်တယ်။ ဘိုဝင်က ဒီလိုတွေးပြီး အံကို တင်းတင်းကြိတ်လိုက်မိတယ်။

ကျိုးယွင်ရှန့်က ဒီအုပ်စုက အမှန်တရားကိုသိပြီးသွားပြီဆိုတော့ ကောင်းကင်ပေါ်က အလင်းလုံးနဲ့မှော်မှန်ကို ရုပ်သိမ်းလိုက်ပြီး သူ့အစောင့်တွေကိုခေါ်လို့ ဒီနေရာကထွက်ခွာဖို့ အမိန့်ပေးလိုက်တယ်။ သူက ဒီမျိုးနွယ်စုအရေးကိစ္စကို စိတ်မဝင်စားသလို ဝင်ပါဖို့လည်း စိတ်မကူးထားဘူး။

"မဟုတ်သေးဘူး.. ငါ ခမည်းတော်နဲ့တွေ့ဖို့ အလင်းဘုရားကျောင်းကို သွားဦးမယ်.."

အချစ်ရူးရှန့်က ခမည်းတော်ရဲ့ခေါ်သံကို နားထဲမှာကြားလိုက်ရတော့ ကျိုးယွင်ရှန့်ရဲ့စိတ်ကို တွန်းထုတ်လိုက်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်တယ်။ သူ့ရဲ့အေးစက်စက်အမူအယာနေရာမှာ အကြင်နာတရားကြီးမားတဲ့ နူးညံ့တဲ့ပုံ ပြန်ပြောင်းသွားပြီး သူ့ရဲ့သိုလှောင်လက်စွပ်ထဲက ရာဇနှင်တံကိုထုတ်ယူပြီး မွန်မြတ်သန့်စင်တဲ့ဂါထာတစ်ခုကို မန်းမှုတ်လိုက်တယ်။ တောက်ပတဲ့ရွှေရောင်အလင်းတစ်ခုက နတ်သူငယ်ဒေသပေါ် လွှမ်းခြုံကျဆင်းလာပြီး နတ်သူငယ်၊ သားရဲလူသား၊ သစ်ပင်နဲ့ ရေမြေတို့မှာ စွဲကပ်နေတဲ့ နတ်ဆိုးမြူအားလုံးကို တိုက်ဖျက်ပြီး ပကတိ သန့်ရှင်းတဲ့ဒေသတစ်ခု ဖြစ်လာစေတယ်။

ဒီရွှေရောင်အလင်း ပျောက်ကွယ်သွားတော့ နတ်သူငယ်နဲ့ သားရဲလူသားတွေရဲ့ခေါင်းထဲ ခိုဝင်နေတဲ့ နတ်ဆိုးမြူအားလုံး ရှင်းလင်းသွားသလို ဒီမြေက ချက်ချင်း မြက်ခင်းစိမ်းတွေ ပြန်ဖြစ်လာပြီး ညှိုးရော်နေတဲ့အပင်ဝါဝါတွေက ပြန်လည်စိမ်းလန်းလာတယ်။ ပန်းတွေပွင့်ဖူးပြီး လေထုကလည်း လတ်ဆတ်မွှေးပျံ့လို့လာတယ်။ သက်ရှိတွေကို ပြန်လည်ရှင်သန်စေတဲ့စွမ်းအင်က သေချာပေါက် နတ်ဘုရားတွေရဲ့ စွမ်းအင်ပဲဖြစ်တယ်။

"အလင်းနတ်ဘုရားခမည်းတော်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်.. သင့်ရဲ့အကြင်နာတရားအတွက် ကျေးဇူးတင်ပါတယ် အရှင်ဂျိုရှုဝါ.."

စိတ်လှုပ်ရှားမှုများစွာနဲ့ ဘိုဝင်က ငိုကြွေးရင်းပြောလိုက်တယ်။ အစောပိုင်းက လူငယ်လေးကို သတ်ဖြတ်မယ်ပြောတဲ့လူစုက ရှက်သွားကြပြီး ဝိုင်းဝန်းတောင်းပန်ခဲ့ကြတယ်။

ဒီလူငယ်လေးရဲ့စွမ်းအင်က သာမန်အလင်းဘုန်းကြီးတစ်ပါးထက် အစွမ်းထက်လွန်းလှတယ်။ သူသာလိုချင်ရင် တိုင်းပြည်တစ်ခုရဲ့ ဂိုဏ်းချုပ်ရာထူးသာမက ကုန်းမကြီးတစ်ခုလုံးရဲ့ အကြီးဆုံးပုပ်ရဟန်းမင်းရာထူးကို လိုချင်ရင်တောင် ရရှိဖို့ တကယ်ထိုက်တန်ပါပေတယ်။ သူက ဒီရာထူးလေးအတွက် မတရားတိုက်ခိုက်မှုတောင် လုပ်ဖို့မလိုအပ်ဘူး။ သူက ကြင်နာပြီး မေတ္တာတရားကြီးမားတယ်။ ဘိုးလ်ပြောတာနဲ့ လုံးဝကို မတူကွဲပြားတယ်။ နတ်သူငယ်နဲ့ သားရဲလူသားတွေက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်နေတယ်ဆိုပေမယ့် သူတို့က ငတုံးငအ တွေမှ မဟုတ်ဘဲ။ သူတို့တွေးမိတဲ့သဲလွန်စကို စုစည်းပြီး လူအုပ်ကြီးထဲမှာ ဘိုးလ်နဲ့ဟူးဘတ်ကို လိုက်ရှာကြတယ်။

"သူတို့က ဘယ်လီနဲ့ မနက်ကတည်းက အမဲလိုက်ထွက်သွားကြတာ ပြန်မလာသေးဘူး.."

ဒါက ဘာကိုဆိုလိုသလဲဆိုတော့ သူတို့နှလုံးသားထဲမှာ ဖော်ပြလို့မရလောက်တဲ့ မကောင်းတဲ့၊ ညစ်ပတ်တဲ့အတွေးတွေနဲ့ ပြည့်နေလို့ပဲဖြစ်တယ်။ ဒီမကောင်းမှုရဲ့အရင်းခံက ဘယ်သူလဲ။ ဘယ်သူ့ဆီက မြစ်ဖျားခံလာသလဲဆိုတာ သူတို့ကိုယ်တိုင် အသိဆုံးပဲဖြစ်တယ်။

"ဘိုးလ်ဘရစ်တာ.. မင်းက အလင်းနတ်ဘုရားရဲ့ တမန်တော်မဟုတ်ဘူး.. အမှောင်ချောက်ထဲက မကောင်းဆိုးဝါး.. အမှောင်နတ်ဆိုးရဲ့ ကိုယ်စားလှယ်ပဲ.. မင်းက ငါတို့နှစ်ယောက်ကို ဖျက်ဆီးခဲ့တယ်.." လို့ ဘုရင်နှစ်ပါးက ခါးသီးစွာတွေးလိုက်မိတယ်။

ဘိုဝင်က လူငယ်လေးကို ဘုရားကျောင်းတံခါးဝကို လိုက်ပို့ပေးတယ်။ ဒါပေမယ့် လှေကားထစ်ထိပ်ဆုံးမှာ ရွှေရောင်အလင်းတွေ ပိတ်ဆို့ဖြာဆင်းနေလို့ ဘယ်သူကမှ ဒီထဲမှာဘာရှိတယ်ဆိုတာ မမြင်ရအောင် ပိတ်ဆို့ခံလိုက်ရတယ်။ ဘိုဝင်က မြင်အောင်ကြိုးစားကြည့်လိုက်ပေမယ့် သူ့နှလုံးသားကို တောင်ကြီးတစ်လုံးဖိလာသလို လေးလံတဲ့ဖိအားတွေ သက်ရောက်လာပြီး နှလုံးခုန်ရပ်တော့မလို ခံစားလိုက်ရတယ်။ ဘယ်သူက ဒီအလင်းကို ဖန်ဆင်းထားတာလဲ။ ဘာတွေဖြစ်နေသလဲဆိုပြီး သူ အရမ်းအံ့အားသင့်နေမိတယ်။

ဘိုဝင်က လက်ဝါးထဲ စွမ်းအင်စုစည်းပြီး ဒီတားဆီးနေတဲ့အလင်းကို ဖယ်ရှားဖို့ကြိုးစားနေချိန် ဂျိုရှုဝါက အတားအဆီးမရှိ ဘုရားကျောင်းထဲဝင်သွားတာ တွေ့လိုက်ရတယ်။ သူက ဘုရားကျောင်းတံခါးဝမှာ အကြာကြီး ချီတုံချတုံစဉ်းစားနေပေမယ့် နောက်ဆုံး ဒီကနေလှည့်ထွက်လာခဲ့တယ်။


🌷🌷🌷🌷🌷🌷🌷

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now