Chapter (7) - မှုခင်းကျောင်းသားများနှင့် တစ္ဆေသတို့သမီး

Начните с самого начала
                                    


К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.


"ဖယောင်းတိုင် အနီနဲ့ အဖြူတွေကို အတူယှဉ်တွဲ ထွန်းညှိပြီး မိန်းကလေးက လူသေတစ်ယောက်နဲ့ မင်္ဂလာပွဲ ကျင်းပခဲ့တယ်။ ပြီးတော့ မိန်းကလေးကို အခေါင်းသွင်းပြီး အရှင်လတ်လတ်မြေမြှုပ် လိုက် ကတည်းက Ping အိမ်တော်မှာ ထူးဆန်းတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်လာတော့တယ်။

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

"ဖယောင်းတိုင် အနီနဲ့ အဖြူတွေကို အတူယှဉ်တွဲ ထွန်းညှိပြီး မိန်းကလေးက လူသေတစ်ယောက်နဲ့ မင်္ဂလာပွဲ ကျင်းပခဲ့တယ်။ ပြီးတော့ မိန်းကလေးကို အခေါင်းသွင်းပြီး အရှင်လတ်လတ်မြေမြှုပ် လိုက် ကတည်းက Ping အိမ်တော်မှာ ထူးဆန်းတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်လာတော့တယ်။


"ကြေးနဲ့  လုပ်ထားတဲ့ ကြက်ရုပ်ထုတွေကနေ သွေးတွေထွက်ကျ လာတယ်။ သေသူအတွက်ရည်စူးပြီးလုပ်ထားတဲ့ စက္ကူရုပ်တွေက မျက်တောင်ခတ်လာကြတယ်။ ညသန်းခေါင်ရောက်တိုင်း မိန်းမတစ်ယောက်က အခန်းတွေကို လှည့်ပတ်သွားနေတော့တယ်။

"ခင်ဗျားတို့ အခု ဝင်မဲ့ ပြခန်းကတော့ 'တစ္ဆေသတို့သမီး' လို့ ခေါ်တယ်။ အခန်းတစ်ခုလုံးကို ဖွင့်ပေးထားတဲ့အတွက် ခင်ဗျားတို့ ဝင်ကြည့်ချင်တဲ့ ဘယ်နေရာကိုမဆို လွတ်လွတ်လပ်လပ် ဝင်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့ မိနစ်ငါးဆယ်အတွင်းမှာ မှန်ကန်တဲ့ ထွက်ပေါက် ကို တော့ ရှာရပါ့မယ်။ တကယ်လို့ ခင်ဗျားတို့ လက်လျှော့လိုက်ပြီ ဆိုရင် ထပ်ထားတဲ့ ဘယ်ကင်မရာအောက်ကိုမဆို လာပြောလို့ရပါတယ်။ ဒါဆို   ကျွန်တော်လာခေါ်ပေးပါ့မယ်။"

 Chen Ge က ဒုတိယထပ်  အဝင်ဝတွင်ရပ်ကာ ဦးညွှတ်ပြီး ပြောလိုက်သည်။

"ပျော်ရွင်ဖွယ်ပါစေ။"

"ပြောသွားတာတော့ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ ဒီလောက်နဲ့ ကျွန်တော်ကြောက်သွားမယ်ထင်ရင်တော့ ခင်ဗျား လုံးဝအထင်မှားသွားမယ်"

 He Sanက သူ့စီနီယာနောက်မှာ ပုန်းကွယ်ရင်း အရှက်မရှိပြောလိုက်သည်။ သို့သော် သူ့နူတ်ခမ်းတွေက ဖြူယော်ပြီး သူ့ခြေထောက်များက   နည်းနည်းမှ မရွေ့ပေ။ သူနှင့်ယှဉ်လိုက်လျှင် Gao Ru Xueကမှ တည်ငြိမ်သေးသည်။ သူမက စကားတစ်ခွန်းမှမဆိုဘဲ ပြခန်းထဲသို့ ဝင်သွားတော့သည်။

"စီနီယာ ကျွန်တော့်ကို စောင့်ပါဦး"

ဧည့်သည်နှစ်ယောက် အထဲဝင်သွားတာနဲ့ Chen Geက အရှေ့တံခါးကို သော့ပိတ်ပြီး Xu Wanကို ခေါ်လိုက်သည်။

 "Xiao Wan ဧည့်သည်တွေ ဝင်လာပြီ။ အသင့်ပြင်ထားလိုက်တော့။ နားကြပ်တွေတပ်ထားဖို့ မမေ့နဲ့"

လိုအပ်သည့် ညွှန်ကြားချက်များပေးပြီးတာနဲ့ Chen Ge ပင်မ ထိန်းချုပ်ခန်း ထဲကို ပြန်လာခဲ့သည်။ ထိုအခန်းငယ်ထဲတွင် ကင်မရာ မျိုးစုံနှင့် ချိတ်ထားပြီး သူလိုချင်သော အပြင်အဆင် အားလုံးကို ထိန်းချူပ်နိုင်သည်။

"ဒီသီချင်းကို ဒီလောက်အစောကြီး သုံးရလိမ့်မယ်လို့ ငါတကယ် မထင် ထားဘူး။ ဒါပေမဲ့ သူတို့က သာမန်ဧည့်သည်တွေ မဟုတ်တော့  ရွေးစရာမရှိတော့ဘူး "

Chen Ge အသံစနစ်များ audio system ကို ဖွင့်လိုက်ပြီး Black Friday သီချင်းကို repeat လုပ်ကာ ထပ်တလဲလဲဖွင့်ထားလိုက်သည်။  အားလုံးကို စနစ်တကျပြင်ဆင်ပြီးနောက် monitorရှေ့တွင်ထိုင်ကာ He San နှင့် Gao Ru Xue တို့ကို သေသေချာချာစောင့် ကြည့်နေလိုက်တော့သည်။ ဒါမှ တစ်ခုခု ထူးခြားလာရင်  ချက်ချင်းသွားရောက် ကယ်တင်နိုင်မည်ဖြစ်သည်။

==============

သရဲအိမ်ထဲမှ ဖူးစာရှင်Место, где живут истории. Откройте их для себя