Arc_8.15 Romeo

Depuis le début
                                    

ပြီးနောက် Emily ကို စင်ပေါ်ခေါ်လိုက်သည်။ သူမက နောက်ကျောကို မတ်မတ်ထားပြီး မျက်နှာကို ခပ်မော့မော့ဖြင့် ယုံကြည်မှုအပြည့်ဖြင့် စင်ပေါ်ရပ်နေသည်။ အထူးသဖြင့် သူနှင့် Mr.Acheson ရဲ့ နှစ်ယောက်တွဲ တန်ဂိုကနေတဲ့ပုံက Screen ပေါ်မှာ ပေါ်လာတော့ သူက မျက်ခုံးများပင် ပင့်မသွားမိသည်။

ဒါပေမယ့် ဒိုင်များ၏အမြင်က သူမစိတ်ကူးယဉ်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

"ဟန်နီ.. မင်း ဒီလိုဖောက်ထွင်းမြင်ရတဲ့ ပါးလွှာတဲ့အကဝတ်စုံကို ဝတ်မယ့်အစား ရေကူးဝတ်စံဘီကီနီကို ဝတ်တာ ပိုလိုက်ဖက်တယ်.. မင်းမှာ အရမ်းမိုက်တဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံရှိပြီး အဲ့ဒီလိုဝတ်ရင် မင်းရဲ့အလှကို ပိုဖော်ပြနိုင်မှာဖြစ်တယ်.. အခုလိုဝတ်စားထားပုံနဲ့ဆိုရင် မင်းရဲ့ကောက်ကြောင်းနဲ့ အလှကို သိပ်မပေါ်စေလို့ ထိပ်ဆုံးထိရောက်နိုင်မှာမဟုတ်ဘူး.."

"တကယ့် အဆင့်မြင့်ဖက်ရှင်ပွဲကြီးတွေမှာဆိုရင် အဝတ်အစားနဲ့ ကိုယ်ခန္ဓာ ကွက်တိကျစေဖို့ တစ်ခါတစ်လေ မော်ဒယ်တွေကို အတွင်းကအဝတ်တွေတောင် ဝတ်ခွင့်မပြုကြဘူး.. မင်းရဲ့ခုန်နေတဲ့ပုံစံက ပရိသတ်ကိုဆွဲဆောင်ဖမ်းစားထားပြီး အဆင့်မြင့်ဖက်ရှင်ပွဲပုံရိပ်ကနေ ညစ်ညမ်းတဲ့အတွေးကို ပေါ်စေတယ်.. အထူးသဖြင့် ဒီပုံမှာ မင်းရဲ့ကိုယ်ဟန်အနေအထားက လိုတာထက် ပိုသရုပ်ပြထားပုံပေါက်နေတယ်.. ဟေး.. မတရားပြောခံရတဲ့ပုံ မလုပ်နဲ့လေ.. ဒီမှာ Mr.Archeson ရဲ့အမူအယာကို ကြည့်လိုက်.. သူ့အမူအယာက အရမ်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်.. သူက မင်းရဲ့ခါးကိုဖက်ထားပေမယ့် ကိုယ့်စိတ်ထဲမှာ သူက မင်းကို ခပ်ဝေးဝေးကို တွန်းထုတ်ချင်နေတယ်လို့ ခံစားနေရတယ်..."

Jeffery က Acheson ရဲ့ ခန့်ညားတဲ့မျက်နှာပုံကို တစ်ချက်ကြည့်လိုက်ပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

Eureka က ထူးထူးခြားခြား မှတ်ချက်မပေးပေမယ့် ၆ မှတ်ပဲပေးလိုက်တယ်။

"၆ မှတ်.."

Bonnie နဲ့ Jeffery က မတိုင်ပင်ဘဲ တစ်ပြိုင်တည်းပြောလိုက်မိကြတယ်။

Emily က သူမစော်ကားခံလိုက်ရတယ်လို့ ခံစားလိုက်ရသည်။ ဒီဒိုင်တွေက သူမက Mr.Acheson ရဲ့နောက်ကွယ်မှာ သူမကို ယဉ်ယဉ်ကျေးကျေးနဲ့ မြှူဆွယ်တဲ့ခွေးမလို့ ပြောလိုက်သလိုပဲ။ ကံကောင်းထောက်မပြီး အင်တာနက်ပရိသတ်တွေက သူမရဲ့လိင်စိတ်နှိုးဆွပေးတဲ့ ကိုယ်ဟန်အနေအထားကို သဘောကျပြီး အမှတ်တွေပေးကြလို့ သူမကို စိတ်သက်ရာရသွားစေသည်။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Où les histoires vivent. Découvrez maintenant