Chapter 11 : လုပ်ငန်းရှင်ပါတီ

Start from the beginning
                                    

ညနေ ၅နာရီမှာတော့ SuLe ဖုန်းမြည်လာခဲ့တယ်
WeiChu ဆီက .....  သူရောက်နေပြီဖြစ်ပြီး သူမကို အောက်ထပ်မှာ စောင့်နေပြီတဲ့..

အရာအားလုံးအဆင်ပြေတယ်ဆိုတာကို ဒုတိယအကြိမ် ဆန်းစစ်ဖို့ မှန်ထပ်မံကြည့်ပြီးနောက်
ဒေါက်မြင့်ဖိနပ်တွေစီးကာ SuLe တိုက်ခန်းထဲမှ ထွက်လာခဲ့တော့တယ်....

ကားထဲမှာထိုင်နေတဲ့ WeiChu ဟာ ခမ်းခမ်းနားနားဝတ်စားထားတဲ့ SuLe အဆောက်အဦးထဲကထွက်လာတာကိုမြင်တော့ အံ့အားသင့်သွားတယ်....ကားထဲမှ ကြော့မော့စွာထွက်ရင်း လူကြီးလူကောင်းပီသစွာ SuLe အတွက် ကားတံခါးကို ဖွင့်ပေးလိုက်တယ်
SuLe ကားထဲရောက်တော့ WeiChu ပြောလိုက်တယ်
"ဒီည ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် ''

"တစ်နှပ်စာအလကားစားရဖို့အတွက်ပဲလို့ မှတ်ယူလိုက်ပါ့မယ် ''
သဘာဝကျကျ ပြောလိုက်ပေမယ့်လည်း အဲ့လိုပါတီမျိုးတွေမှာ စားသောက်ဖို့ အခွင့်အရေးက သိပ်ရှိတာမဟုတ်တဲ့အတွက်ကြောင့် SuLe သုန်မှုန်စွာ ပြန်ဖြေလိုက်တယ်
"ညီမတို့က ကျောင်းနေဖက်တွေပဲ
တောင်းပန်စရာမလိုပါဘူး ''

SuLe ပါတီတက်ချင်စိတ်မရှိတာကို သတိထားမိပုံမရပဲ WeiChu ဟာ ကားကိုအရှိန်မြှင့်လိုက်ပြီး ဟိုတယ်ဆီဦးတည်လိုက်တယ်

ဒီပါတီဟာ လုပ်ငန်းရှင်လောကမှာ အောင်မြင်ပြီး သြဇာရှိတဲ့ Liang Lao Ye က အိမ်ရှင်အဖြစ် ကျင်းပတာဖြစ်တာကြောင့် ဖိတ်ကြားခံရတဲ့ အဓိကလူတွေဟာ Mr. Liang ကို မျက်နှာသာပေးဖို့အတွက်နဲ့ပဲ ဒီပါတီကို တက်ရောက်ကြလိမ့်မယ်

ဟိုတယ်ကို WeiChu နဲ့ SuLe ရောက်တော့ လူအများကြီးရောက်နှင့်ပြီးသားဖြစ်နေလေပြီ
WeiChu ဟာသူ့ဘေးမှာရပ်နေတဲ့ SuLe အားတစ်ချက်ကြည့်လိုက်တယ်
သူမရဲ့ပုံပန်းသွင်ပြင်ဟာ ပုံမှန်ဖြစ်နေတာကို တွေ့ပြီးမှသာ ပါတီပွဲထဲကို အတူတကွဝင်သွားကြတော့တယ်......

"ဥက္ကဋ္ဌ Wei ''
အစပိုင်း ဧည့်သည်တွေကို ဝတ္တရားအရ သာ နှုတ်ဆက်နေတဲ့ Liang မိသားစုရဲ့သားဟာ  ထိုသူတို့ကိုတောင်းပန်သည့်အနေဖြင့် ပြုံးပြလိုက်ပြီး WeiChu ဆီကိုလျှောက်လာလေတယ်
"ဒီပါတီကို ဥက္ကဋ္ဌ Wei တက်တာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ
ကျေးဇူးပြုပြီး ဒီည များများသောက်ပါဦး''

''Hello wife'' ** Myanmar Translation **Where stories live. Discover now