Part 28

2.6K 211 19
                                    

Unicode

"မဟုတ်ဘူး..... ကျွန်တော် ရှင်းပြတာ နားထောင်ပါဦး"

ဖြောင်း!

"အား..."

"ငါကဘာကို ထပ်နားထောင်ပေးရဦးမှာလဲ... မင်းလိမ်တတ်နေပြီ ဟုတ်လား"

"မဟုတ်ဘူး... ကျွန်တော် မလိမ်ပါဘူး"

"အခု မင်းငါ့ကို လိမ်တာကို ငါကိုယ်တိုင်မိထားတာလေ.... ဒီလောက် လက်ပူးလက်ကြပ်တောင် မင်းက ထပ်လိမ်ချင်သေးတာလား...ဟမ်!"

Saint အတွက် ပထမဦးဆုံး မုသားပြောဖူးခြင်းပင် ဖြစ်သည်။ တကယ်တော့ လိမ်ဖို့လည်း မရည်ရွယ်ခဲ့ပါ မတတ်နိုင်တဲ့အခြေအနေကြောင့် မဟုတ်မမှန်တဲ့စကားကို ပြောခဲ့ရပေမယ့် Saint ကိုယ့်ကိုကိုယ်လည်း လိပ်ပြာမသန့်ဖြစ်ခဲ့ရပါတယ်။

"ကျွန်တော်... ကျွန်တော်... တောင်းပန်ပါတယ်"

Perth Saintကို မေးရိုးကနေဆွဲကိုင်ပြီး ပါးနှစ်ဖက်ကို ညှစ်လိုက်သည်။

"ပြောတော့ ကိုယ်ပိုင် ဝင်ငွေရချင်လို့ အလုပ်လုပ်တာဆို အခု နှစ်လလောက်ပဲရှိသေးတယ် အလုပ်ရှင်ကို မြှူစွယ်ပြီးနေပြီ! အဲ့မျက်နှာက အရှက်မရှိချင်ဦး!"

ဖြောင်း!

"အ"

Saintပါးပေါ်ကို လက်ပြန်နဲ့ချည်း ရိုက်ချလိုက်တာမို့ ပါးနှစ်ဖက်လုံးက ရဲတက်လာပြီး နာလွန်းသဖြင့် မျက်ရည်တွေပါ ကျလာသည်။

Saintသိလိုက်ပါပြီ ဒီလက်ပတ်ကို P'Deeဆီက ပြန်ရခဲ့တယ်ဆိုတာ။ သို့ပေမယ့် ဘာကြောင့် မြှူစွယ်တယ်ဆိုတဲ့စကားကို လက်လွတ်စပယ်ပြောရတာလဲဆိုတာတော့ Saint နားမလည်ချေ။

အရာရာသည်းခံနိုင်ပေမယ့် ကိုယ့်ကျင့်သိက္ခာကိုထိခိုက်တဲ့ စကားတွေကိုတော့ Saint လက်ခံချင်။ အလုပ်ရှင်ဟူသော တိုက်ရိုက်မကျတဲ့နာမ်စားကိုအသုံးပြုတာကြောင့် သူ့ကို P'Deeနဲ့ Perthအထင်လွဲနေပြီဆိုတာ Saintရိပ်မိလိုက်ပြီ။

Saintတစ်ယောက်တည်းဆိုရင်တောင် ကြိတ်မှိတ်ခံဦးမယ်။ ဘာမှမဆိုင်တဲ့ P'Deeကို Perthအထင်မလွဲစေရန်တော့ Saint ရှင်းပြရဦးမည်။

"ကျွန်တော် ဘယ်သူ့ကိုမှ မမြှူဆွယ်ခဲ့ဘူး... ဘယ်သူမှလည်း ကျွန်တော့်ကို မကြိုက်ဘူး... အကြောင်းပြချက်မဲ့ မစွပ်စွဲပါနဲ့... တော်ပါတော့!"

Love (completed)Where stories live. Discover now